သြစတြေးလျအိုးပန်း တင်းနစ်ဗိုလ်လုပွဲ ဂျိုကိုဗစ် ဗိုလ်စွဲ

သြစတြေးလျနိုင်ငံမှာ ဇန်န၀ါရီ ၃၁ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ သြစတြေးလျအိုးပန်း အမျိုးသားတဦးချင်း ဗိုလ်လုပွဲမှာ နိုဗက် ဂျိုကိုဗစ်က အင်ဒီ မာရေးကို ၃ ပွဲပြတ်နဲ့ အနိုင်ရ ချန်ပီယံ ဖြစ်သွားပါတယ်။ ကမ္ဘာ့အဆင့် ၁ ဆားဘီးယားနိုင်ငံသား ဂျိုကိုဗစ်ဟာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားသူလည်း ဖြစ်ပါတယ်။ ပထမပွဲမှာ ဗြိတိန်သား ကမ္ဘာ့အဆင့် ၂ မာရေး စပေးဘောရပေမယ့် ဂျိုကိုဗစ် လက်စွမ်းပြပြီး အမှတ်ပြတ် ၆ - ၁ နဲ့ အနိုင်ရသွားပါတယ်။ ဒုတိယပွဲမှာ မာရေးက အမှတ်အသာနဲ့ ဦးဆောင်နိုင်ပေမယ့်လည်း နောက်ပိုင်းမှာ ၇ - ၅ နဲ့ အရှုံးပေးလိုက်ရပါတယ်။ တတိယပွဲမှာလည်း လက်ရှိချန်ပီယံ ဂျိုကိုဗစ်က အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး အဆုံးအဖြတ် အမှတ်မှာ ၇ - ၃ နဲ့ အနိုင်ယူပြီး ချန်ပီယံဆုကို ရရှိသွားပါတယ်။ မာရေးကတော့ သြစတြေးလျအိုးပန်း ပြိုင်ပွဲကို ဗိုလ်လုပွဲမှာ ၅ ကြိမ်မြောက် ရှုံးနိမ့်သွားတာပါ။ ဂျိုကိုဗစ်ကတော့ သြစတြေးလျအိုးပန်း ဂရန်းစလန်း ချန်ပီယံဆုကို စံချိန်တင် ၆ ကြိမ်မြောက် ဆွတ်ခူးနိုင်တာပါ။ သြစတြေးလျအိုးပန်း ချန်ပီယံဆုဟာ ဂျိုကိုဗစ်အတွက် ၁၁ ခုမြောက်ရတဲ့ ဂရန်းစလန်း ဆုဖလားလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up