A d v e r t i s e m e n t With Us

ကြား​ဖြတ်​ရွေး​ကောက်ပွဲ လွတ်လပ်ပြီး​ တရား​မျှတရမည်ဟုဆို

လာမယ့်​ကြား​ဖြတ်​ရွေး​ကောက်ပွဲကို လွတ်လပ်ပြီး​ တရား​မျှတတဲ့​ ​ရွေး​ကောက်ပွဲဖြစ်​အောင် လုပ်​ပေး​မယ်လို့​ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ​ကော်မရှင် ဥက္ကဋ္ဌ ဦး​တင်​အေး​က နိုင်ငံ​ရေး​ပါတီ​တွေကို ကတိပြုလိုက်ပါတယ်။ နေပြည်​တော်မှာ ​ရွေး​ကောက်ပွဲ ​ကော်မရှင်နဲ့​ရွေး​ကောက်ပွဲဝင် နိုင်ငံ​ရေး​ပါတီ ၃၆ ခုက ​ခေါင်း​ဆောင်​တွေ ဒီက​နေ့​ ​တွေ့​ဆုံပွဲမှာ အခုလို ​ပြောကြား​လိုက်တာလို့​ ​တွေ့​ဆုံပွဲတက်ခဲ့​တဲ့​ ချင်း​အမျိုး​သား​တိုး​တက်​ရေး​ပါတီဥက္ကဋ္ဌ ဦး​ဇိုဇမ်က ခုလို ​ပြောပါတယ်။ “လာမယ့်​ရွေး​ကောက်ပွဲ​တွေမှာ လွတ်လပ်ပြီး​မျှတတဲ့​ရွေး​ကောက်ပွဲ ဖြစ်ဖို့​ သူ ကြိုး​စား​ပေး​ပါ့​မယ် ဆိုပြီး​တော့​ ကျ​နော် နား​နဲ့​ ​လေး​ခါတိတိ သူ ကျ​နော့်​ကို ကတိ​ပေး​ပါတယ်။ အဲဒါ သတင်း​ကောင်း​ပါပဲ။” ဒီ​တွေ့​ဆုံတဲ့​အ​ကြောင်း​ရင်း​က ​ကော်မရှင် ဥက္ကဋ္ဌက ပါတီ​ခေါင်း​ဆောင်​တွေနဲ့​ မိတ်ဆက်တာ တ​ကြောင်း​၊​ ပါတီ​တွေက တင်ပြလိုတဲ့​အချက်​တွေကိုတင်ပြ​စေတာ တကြောင်း​ ပါတယ်လို့​ သူက ​ပြောပါတယ်။ တွေ့​ဆုံပွဲမှာ ​ကော်မရှင်ဥက္ကဋ္ဌက ​ရွေး​ကောက်ပွဲ​ကော်မရှင်က ထုတ်ပြန်ထား​တဲ့​ဥပ​ဒေ၊​ နည်း​ဥပ​ဒေ ​တွေကို ပထမဆုံး​ ရှင်း​လင်း​တင်ပြခဲ့​ပြီး​၊​ တက်​ရောက်လာတဲ့​ ပါတီ​ခေါင်း​ဆောင်​တွေဘက်က တဦး​ကို ၂ မိနစ် တင်ပြခွင့်​ ပြုခဲ့​ပါတယ်။ ရတဲ့​ ၂ မိနစ်တာကာလမှာ ချင်း​ပါတီဥက္ကဋ္ဌ ဦး​ဇိုဇမ်က​တော့​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ အတွက် သူတို့​တိုင်း​ရင်း​သား​ညီ​နောင်ပါတီငါး​ခုက ​ဆောင်ရွက်​ပေး​လို​ကြောင်း​ တင်ပြခဲ့​တယ်လို့​ ခုလို ​ပြောပြပါတယ်။ “ငြိမ်း​ချမ်း​ရေး​ကိစ္စ​ပေါ့​ဗျာ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ကိစ္စမှာ ဒီအချိန်မှာ အဓိက အစ်ရှုး​ဖြစ်​နေပါတယ်။ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ကိစ္စမှာ ကျ​နော်တို့​ တိုင်း​ရင်း​သား​ ညီ​နောင် ၅ ပါတီ အ​နေနဲ့​ ကျ​နော်တို့​ လုပ်​ပေး​နိုင်မယ့်​ အ​ခြေအ​နေ​တွေ ရှိလိမ့်​မယ်လို့​ ကျ​နော် ယုံကြည့်​ပါတယ်လို့​၊​ အဲဒါ​ကြောင့်​ ညီ​နောင် ၅ ပါတီအ​နေနဲ့​ တက်တက်ကြွကြွနဲ့​ ကျ​နော်က ပါဝင်​ပေး​ချင်ပါတယ်။ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​အတွက် ကျ​နော်တို့​ ညီ​နောင် တိုင်း​ရင်း​သား​ ၅ ပါတီအ​နေနဲ့​ အလုပ် လုပ်​ပေး​ချင်ပါတယ်လို့​ ကျ​နော် ​ပြောပါတယ်။” ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦး​သု​ဝေက​တော့​ အချက်သုံး​ချက် တင်ပြခဲ့​တဲ့​ အ​ကြောင်း​ ​ပြောပါတယ်။ အဲဒီအချက်​တွေထဲမှာ ပြီး​ခဲ့​တဲ့​ရွေး​ကောက်ပွဲမှာ အသုံး​ပြုခဲ့​တဲ့​ မဲပုံး​တွေဟာ လုံခြုံမှုမရှိတဲ့​အတွက် အလွယ် တကူဖွင့်​ဖောက်နိုင်ခဲ့​တယ်။ ဒါ​ကြောင့်​ ​နောင်​ရွေး​ကောက်ပွဲမှာ လုံခြုံစိတ်ချရတဲ့​ မဲပုံး​တွေအသုံး​ပြုဖို့​ တင်ပြခဲ့​တယ်လို့​ ​ပြောပါတယ်။ ရွေး​ကောက်ပွဲ​ကော်မရှင်ဥက္ကဋ္ဌရဲ့​ လွတ်လပ်ပြီး​ တရား​မျှတတဲ့​ ​ရွေး​ကောက်ပွဲ ဖြစ်​အောင်လုပ်​ပေး​မယ်လို့​ ကတိပြု ​ပြောဆိုလိုက်တဲ့​အ​ပေါ် ရခိုင်တိုင်း​ရင်း​သား​များ​ တိုး​တက်​ရေး​ပါတီက အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​လှ​စောက ခုလို သုံး​သပ် ​ပြောကြား​ လိုက်ပါတယ်။ “တရား​မျှတတဲ့​ရွေး​ကောက်ပွဲ ဖြစ်​အောင် လုပ်​ပေး​မယ်လို့​ ကတိ​ပေး​ရင်​တော့​ ​ကောင်း​တာ​ပေါ့​ဗျာ။ အဲဒီ​တော့​ တဖက်ကလည်း​ သူတို့​အ​နေနဲ့​ အရင် ပြီး​ခဲ့​တဲ့​ ​ရွေး​ကောက်ပွဲမှာ လွတ်လပ်ပြီး​ တရား​မျှတတဲ့​ ​ရွေး​ကောက်ပွဲ မဖြစ်ခဲ့​တဲ့​ အပိုင်း​တွေကိုလည်း​ ဝန်ခံရင်​တော့​ ပို​ကောင်း​တာ​ပေါ့​။ ​ပေး​တဲ့​ကတိကို​တော့​ ကျ​နော်တို့​ ကတိဆိုတာ​တော့​ လက်ခံ​ကောင်း​ပါတယ်​နော်။ ဒါ​ပေမယ့်​ အဲဒီ ကတိအတိုင်း​ ဖြစ်လာမယ်၊​ မဖြစ်လာဘူး​ဆိုတာ​တော့​ ဒါ မ​ပြောတတ်ဘူး​လေ။ ပြီး​ခဲ့​တာ​တွေကို ပြန်လည် သုံး​သပ်ပြီး​တော့​ မှား​ခဲ့​တဲ့​ အတိုင်း​အတာ ရှိတယ်ဆိုရင်လည်း​ ပွင့်​ပွင့်​လင်း​လင်း​ ဝန်ခံတာ ​ကောင်း​ပါတယ်။” အောက်တိုဘာလ​လောက်မှာပြုလုပ်ဖို့​ရှိတဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ကိုယ်စား​လှယ်​နေရာ ​လေး​ဆယ်​ကျော်အတွက် ဝင်​ရောက်ယှဉ်ပြိုင်ဖို့​ ​ရွေး​ကောက်ပွဲဝင်နိုင်ငံ​ရေး​ပါတီတချို့​ ပြင်ဆင်​နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up