မော်လမြိုင်မြို့တွင် လူနေအိမ် ၅ လုံး မီးလောင်ကျွမ်း
DVB
·
February 1, 2016
မွန်ပြည်နယ် မြို့တော် မော်လမြိုင်က ကျောက်တန်းရပ်ကွက်မှာ လူနေအိမ် ၅ လုံး ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃၁ ရက်နေ့က မီးလောင်ကျွမ်းခဲ့ပါတယ်။
ကျောက်တန်းရပ်ကွက်၊ နှင်းဆီးလမ်းမှာ နေ့လယ် ၁ နာရီဝန်းကျင်ခန့်က မီးလောင်ကျွမ်းခဲ့တာပါ။ မော်လမြိုင်ခရိုင် မီးသတ်စခန်းရဲ့ ထုတ်ပြန်ချက်အရ လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာကနေ နေအိမ်ကို မီးကူးစက်လောင်ကျွမ်းခဲ့ရတာဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုးကတော့ ၃ သိန်းကျော် တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ မီးစတင်လောင်ကျွမ်းခဲ့တဲ့ အိမ်ပိုင်ရှင် အမျိုးသမီးကိုတော့ မော်လမြိုင်မြို့က မုပုရဲစခန်းမှာ ခရိုင်မီးသတ်တပ်ဖွဲ့မှ ပေါ့ဆမီးလောင်ကျွမ်းမှုနဲ့ အမှုဖွင့်အရေးယူထားပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် မီးဘေးဒုက္ခသည်တွေ ကတော့ နီးစပ်ရာဆွေမျိုးအိမ်တွေမှာ သွားရောက်နေထိုင်နေရပါတယ်။
ဓာတ်ပုံ - ကျော်စိုး