DVB Logo
Home
မြန်မာသတင်း
ဗိုလ်ကြီး​ဟောင်း​ ​နေမျိုး​ဇင်၏ အာမခံ ​လျှောက်ထား​ချက် ပယ်ချခံရ
DVB
·
July 27, 2011
ဗိုလ်ကြီး​ဟောင်း​ ​နေမျိုး​ဇင်၏ အာမခံ ​လျှောက်ထား​ချက် ပယ်ချခံရ
Donate to DVB

အစိုး​ရသစ်လက်ထက် ပထမဆုံး​ နိုင်ငံ​ရေး​နဲ့​ ဆက်နွှယ်ဖမ်း​ဆီး​ချုပ်​နှောင်ခံရသူ ကို​နေမျိုး​ဇင်အတွက် အာမခံ​လျှောက်ထား​ချက်ကို အင်း​စိန်​ထောင်တွင်း​ တရား​သူကြီး​က ပယ်ချလိုက်ပါတယ်။

သွေး​အကူ​ပေး​ရေး​ အပါအဝင် လူမှု​ရေး​လုပ်ငန်း​တွေ လုပ်ရင်း​ ဖမ်း​ဆီး​ချုပ်​နှောင်ခံရသူ ကို​နေမျိုး​ဇင်ဟာ လွန်ခဲ့​တဲ့​ သီတင်း​နှစ်ပတ်ခန့်​က ​ချော်လဲပြီး​ ခါး​ဒဏ်ရာနဲ့​ ​ထောင်​ဆေး​ရုံမှာ တက်​နေရပါတယ်။

ကို​နေမျိုး​ဇင်ရဲ့​ရှေ့​နေ ဦး​လှမျိုး​မြင့်​က သူ့​အမှုသည်ကို အာမခံ​ပေး​ဖို့​နဲ့​ ​ထောင်ပြင်မှာ ​ဆေး​ကုခွင့်​ပေး​ဖို့​ တရား​ရုံး​မှာ ​လျှောက်ခဲ့​ပေမယ့်​ အာမခံ ပယ်ချခံရပုံကို ဦး​လှမျိုး​မြင့်​က ခုလို ​ပြောပါတယ်။

“အာမခံမရဘူး​။ အ​ခြေအ​နေ ​တော်​တော်ဆိုး​နေတယ်။ မ​နေ့​ကတုန်း​က ရန်ကုန်​ဆေး​ရုံကြီး​ပေါ့​လေ အဲဒီမှာ ဓာတ်မှန် ဆက်ပြီး​တော့​ ရိုက်တယ်လို့​ ​ပြောတယ်။ ဘယ်လိုမှကို ထလို့​လည်း​ မရဘူး​၊​ ထိုင်လို့​လည်း​ မရဘူး​။ ကျ​နော်တို့​ သွား​တွေ့​ခွင့်​ မရဘူး​ခင်ဗျာ။ အဲဒီမှာမှာ နံပါတ် ၅ ခါး​ရိုး​က ​အောက်ကို ပဲ့​ပြီး​ နိမ့်​ကျ​နေတယ်လို့​ ​ပြောတယ်။ တရား​ဝင် သတင်း​တော့​ မဟုတ်ဘူး​။ ဆရာဝန်ကို ကျ​နော်တို့​က လိုက်စုံစမ်း​ပြီး​တော့​ ​မေး​တဲ့​အခါကျ​တော့​ တရား​ဝင် ကျ​နော်တို့​ကို ​ဆေး​စာထုတ်မ​ပေး​ဘူး​ခင်ဗျ။ ထုတ်မ​ပေး​တော့​ ဒီ​ဆေး​စာရွက်​ပေး​မှ အာမခံက စဉ်း​စာမယ်ဆို​တော့​ ​ဆေး​စာမရှိ​တော့​ ကျ​နော်တို့​ကို အာမခံ ပယ်တယ်ခင်ဗျ။”

ကို​နေမျိုး​ဇင်ကို ရဲက ဖမ်း​ဆီး​စစ်​ဆေး​ပြီး​ အီလက်ထ​ရောနစ်ပုဒ်မနဲ့​ စွဲဆိုထား​ပြီး​ အင်း​စိန်​ထောင်မှာ ချုပ်​နှောင်ထား​တာပါ။

ထောင်တွင်း​ရုံး​ထုတ်ကို သီတင်း​ပတ်တိုင်း​ ကြာသပ​တေး​နေ့​မှာ ထုတ်​နေရာက ပြီး​ခဲ့​တဲ့​သတင်း​ပတ်က ကို​နေမျိုး​ဇင်က ​ဆေး​ရုံတက်လို့​ ပျက်ကွက်တာ​ကြောင့်​ မစစ်ဖြစ်ပါဘူး​။ ဒီတပတ်​တော့​ သူမတက်နိုင်လည်း​ စစ်​ဆေး​ဖို့​ အခွင့်​ရထား​တယ်လို့​ ဦး​လှမျိုး​မြင့်​က ​ပြောပါတယ်။

ဒီအမှု ​နောက်ဆုံး​ဖြစ်ထွန်း​မှုအ​ခြေအ​နေနဲ့​ အလား​အလား​ကို ဦး​လှမျိုး​မြင့်​က ခုလို ရှင်း​ပြပါတယ်။

“အဲဒီ​နေ့​ ၂၈ ရက်​နေ့​ အိုင်အိုကို စစ်ပြီး​လို့​ရှိရင် စွဲချက်တင်သင့်​ မတင်သင့်​ ​လျှောက်လဲချက် ​ပေး​ရမယ်။ အဲဒီကမှ သူ့​ကို စစ်​ဆေး​တာ လုပ်ပြီး​လို့​ရှိရင် အစိုး​ရက​နေ ပြီး​တော့​ ပြန်​ခေါ်သက်​သေး​ စစ်ပိုင်ခွင့်​ အခွင့်​အ​ရေး​ရှိတယ်။ အဲဒီလိုမှ ပြန်​ခေါ်သက်​သေ မစစ်ဘူး​ ဆိုလို့​ရှိရင် သူ့​ကို တန်း​ပြီး​တော့​ စစ်လို့​ရတယ်။ ပြီး​တော့​ တရား​ခံဘက်က သက်​သေ​တွေ စစ်မယ်၊​ သူပြတဲ့​ သက်​သေ​တွေ စစ်မယ်။ သူပြတဲ့​ သက်​သေက သူ့​အ​ဖေကို သူပြဖို့​ စီစဉ်ထား​တယ်။”

အာမခံပယ်ချခံရတဲ့​အ​ပေါ် ဘာဆက်လုပ်ရမှန်း​မသိဖြစ်​နေတယ်လို့​ ကို​နေမျိုး​ဇင်ရဲ့​ညီ ကိုခင်​မောင်​ထွေး​က ​ပြောပါတယ်။

“အမှန်အတိုင်း​က အခု ​ရောဂါဖြစ်​နေတာကို အမြန်ဆုံး​ကုသဖို့​ လိုအပ်တဲ့​ အ​ခြေအ​နေမျိုး​ ရှိတယ်လို့​ ကျ​နော်တို့​ဘက်က မြင်တယ်​ပေါ့​နော်။ ဘာလို့​လဲဆို​တော့​ သူ ​ချော်လဲသွား​ပြီး​တော့​ နံပါတ် ၅ အရိုး​က ကျိုး​သွား​တယ်လို့​ အဲဒီလိုမျိုး​ ဓာတ်မှန် စစ်​ဆေး​ချက်အရ​ပေါ့​ အဲဒီလိုမျိုး​လေး​တွေ ​တွေ့​တယ်လို့​တော့​ သူတို့​ ဆရာဝန်က ​ပြောပါတယ်။ အဲဒီ ​ပြောတာကို​တောင်မှ သူတို့​က ဒီအတိုင်း​အ​နေအထား​မျိုး​ ထား​ထား​တယ်ဆို​တော့​ ကျ​နော်တို့​ဘက်က ဘယ်လို လုပ်ရမှန်း​မသိဘူး​ ဖြစ်​နေတယ်။”

ကို​နေမျိုး​ဇင်း​ဟာ ဧပြီလဆန်း​မှာ ဖမ်း​ဆီး​ခံရတာဖြစ်ပါတယ်။ လာမယ့်​ရုံး​ချိန်း​က ဇူလိုင် ၂၈ ရက်ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013