ဂျာမန်ဆယ်ကျော်သက်တဦး အီဂျစ်ဂီဇာပိရမစ်ပေါ် ၈ မိနစ်အတွင်း တက်ပြ (ရုပ်သံ)

အသက်၁၈ နှစ်အရွယ် ဂျာမန်ဆယ်ကျော်သက်တဦးဟာ အီဂျစ်နိုင်ငံရဲ့ နာမည် ကျော် ဂီဇာပိရမစ်ကို ကြာမြင့်ချိန် ၈ မိနစ်အတွင်းမှာ တက်ပြနိုင်ခဲ့တယ်လို့ ယူပီအိုင်သ တင်းမှာ ဇန်န၀ါရီလ ၂၉ ရက်နေ့မှာဖော်ပြပါတယ်။ ဂျာမန်နိုင်ငံသား အန်းဒရေ့ဂ်ျချယ်လ်ဆီးယိုစကီးဟာ ရဲတွေက အော်ဟစ်တား မြစ်နေတဲ့ကြားက ပိရမစ်ထိပ်ပိုင်းထိရောက်အောင်တက်နိုင်ခဲ့တဲ့ ရုပ်သံဟိုက်လိုက်တွေ ကို ယူကျုအင်တာနက်စာမျက်နှာပေါ်တင်ခဲ့တာပါ။ “ရဲတွေဟာ အာရဗီဘာသာစကားနဲ့ အော်ပြီး ကျနော့်ကို ဆင်းလာခဲ့ဖို့ ပြောတယ် လို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့် ကျနော်ကသီချင်းနားထောင်ပြီးတက်နိုင်ခဲ့ပါတယ်” လို့ သူက ဘပ်ဇ်ဖိဒ်သတင်းကို ပြောပါတယ်။ “ကျနော် ရဲစခန်းကို ၁ နာရီသာသာလောက်သွားပြီး စစ်ဆေးမှုခံခဲ့ရပါတယ်။ သူတို့က ကျနော်ကို ဘာကြောင့် ခုလိုတက်ခဲ့ရတာလဲဆိုတဲ့ မေးခွန်းတွေ အများကြီးမေးခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကျနော့်ကို လွှတ်ပေးခဲ့ပါတယ်။” အန်းဒရေ့ဂ်ျချယ်လ်ဆီးယိုစကီးဟာ ပိရမစ်ထိပ်မှာ ရောက်ရှိခဲ့ပုံကို သူ့ရဲ့ ဖေ့စ် ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာ https://www.facebook.com/andrej.ciesielski/posts/1069098423121703 မှာလည်း ဓာတ်ပုံတွေတင်ထားခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up