မန်ယူကွင်းလယ်လူ ရှဝိန်းစတိုင်ဂါ ၁ လခန့် အနားယူရဦးမည်

မန်ချက်စတာယူနိုက်တက် ကွင်းလယ်သမား ရှဝိန်းစတိုင်ဂါ ဟာ ရထားတဲ့ ဒူးခေါင်းဒဏ်ရာကနေ သက်သာ ပျောက်ကင်းလာခြင်း မရှိသေးတဲ့အတွက် နောက်ထပ် ၁ လလောက် အနားယူရဦးမယ်လို့ မန်ယူကအသင်းက ထုတ်ပြန်ထားပါတယ်။ ဒီဒဏ်ရာကြောင့် ရှဝိန်းစတိုင်ဂါဟာ အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်၊ ချယ်လ်ဆီးတို့နဲ့ လာမယ့် လထဲမှာ  ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေကို လွဲချော်တော့မှာဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် ဂျာမန်ကွင်းလယ်သမားဟာ ဇန်န၀ါရီလ အစောပိုင်းက  ရှက်ဖီးအသင်း နဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်မှာ ဒူးဒဏ်ရာရှိခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်သမားဟာ ဒီနှစ်ရာသီထဲမှာ မန်ယူအတွက် ၁၇ ပွဲ ကစားပေးထားပြီး ၁ ဂိုး သွင်းယူထားပါတယ်။ ဘိုင်ယန်မြူးနစ် နည်းပြ ပက်ဂွါဒီယိုလာကတော့ စတိုင်ဂါ မန်ယူကို မပြောင်းခင်မှာ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး မန်ယူနည်းပြကို သတိပေး ပြောကြားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up