Home
မြန်မာသတင်း
ဇီကာဗိုင်းရပ်စ် ကူးစက်မှုမဖြစ်ရေး ကြိုတင်ကာကွယ်ရန် ကျန်းမာရေးဌာန သတိပေး
DVB
·
January 31, 2016
သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်းများတဲ့ မြန်မာနိုင်ငံမှာ ခြင်ကတဆင့် ကူးစက်တတ်တဲ့ ဇီကာဗိုင်းရပ်စ်ကို ပြည်တွင်းမှာ ကူးစက်မှုမဖြစ်စေဖို့ ခြင်နှိမ်နင်းရေး အပါအ၀င် ကြိုတင်ကာကွယ်ရေးတွေ လုပ်ဆောင်ဖို့ ပြည်သူ့ကျန်းမာရေးဌာနမှ သတိပေးထားပါတယ်။ ဇီကာဗိုင်းရပ်စ် (Zika Virus) ဟာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများတဲ့ နိုင်ငံတွေမှာ ကူးစက်ဖြစ်ပွားနိုင်ခြေရှိတာဖြစ်ပြီး၊ သွေးလွန်တုပ်ကွေးဖြစ်တဲ့ခြင်နဲ့ ဇီကာဖြစ်တဲ့ခြင်က အတူတူပဲဖြစ်တဲ့အတွက် သတိထားဖို့လိုကြောင်း အသိပေးထားပါတယ်။ ဇီကာဗိုင်းရပ်စ်ဟာ သွေးလွန်တုပ်ကွေးလောက် မပြင်းဘဲ လူ့အသက်ကို သေစေနိုင်တဲ့အခြေအနေမရှိပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေကတဆင့် မွေးလာတဲ့ ကလေးတွေမှာ ဦးနှောက် ပုံမှန်လောက် မဖွံ့ဖြိုးဘဲနဲ့ မွေးဖွားလာတတ်ကြပါတယ်။ ဒါကြောင့် ဇီကာဗိုင်းရပ်စ် မဖြစ်ချင်ရင် သွေးလွန်တုပ်ကွေးခြင်ကို အဓိက နှိမ်နင်းနိုင်မှသာ ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်း ဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဌာနမှ သတိပေးထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ဒီဇီကာဗိုင်းရပ်စ်ဟာ ကြောက်ခမန်းလိလိ ကူးစက်ပြန့်ပွားနေတယ်လို့ သတိပေးထားပြီး အခုနှစ်အတွင်း ကူးစက်ခံရသူ ၄ သန်း ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လောလောဆယ် နိုင်ငံပေါင်း ၂၀ ကျော်မှာ ကူးစက်နေပြီး ဘရာဇီးနိုင်ငံက အများဆုံးဖြစ်ပြီး ကိုလံဘီယာနိုင်ငံကတော့ ဒုတိယနေရာက လိုက်နေတာပါ။ ဇန်န၀ါရီ ၁ ရက်နဲ့ ၂ ရက် အတွင်း ဂျမေကာနဲ့ ပီရူးနိုင်ငံတို့မှာလည်း ပထမဆုံး ကူးစက်မှုတွေ တွေ့ရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024