ဖွဲ့စည်းပုံပြင်ရေး အစိုးရသစ်နှင့် လက်တွဲလုပ်မည်ဟု ကေအန်ယူပြော

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် နောင်တက်လာမယ့် အစိုးရအဖွဲ့နဲ့အတူ လက်တွဲလုပ်ဆောင်မယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး က ပြောကြားလိုက်ပါတယ်။ ကေအန်ယူ/ကေအန်အယ်လ်အေ ထိန်းချု တပ်မဟာ ၇ နယ်မြေမှာ ဒီကနေ့ ကျင်းပတဲ့ ၆၇ ကြိမ်ြေ့မာက် ကရင်အမျိုးသားတော်လှန်ရေးနေ့မှာ ပြောကြားလိုက်တာဖြစ်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) စတင်ဖွဲ့စည်းတည်ထောင်တဲ့နေ့ကို  သတ်မှတ်ကျင်းပတဲ့ ကရင်အမျိုးသားတော်လှန်ရေးနေ့မှာ ကရင်တိုင်းရင်းသား အဖွဲ့အစည်းတွေအပါအ၀င် သောင်းနဲ့ချီတဲ့ ကရင်လူထုတွေ ပါဝင် တက်ရောက်ခဲ့ကြပါတယ်။ ဓာတ်ပုံ - ကေအန်ယူ  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up