နိုင်ငံ​ရေး​အကျဉ်း​သား​နှစ်ဦး​ ​ဆေး​ရုံတက်ရ

နိုင်ငံ​ရေး​အကျဉ်း​သား​နှစ်ဦး​ဖြစ်တဲ့​ အရှင် ဦး​စန္ဒာဝရနဲ့​ ကိုသန်း​တင်တို့​ ကျန်မာ​ရေး​မ​ကောင်း​လို့​ ​ထောင်​ဆေး​ရုံ​တွေမှာ တက်​ရောက် ကုသ​နေရပါတယ်။ မန္တ​လေး​တိုင်း​ မိတ္ထီလာ​ထောင်မှာ နိုင်ငံ​ရေး​အမှုနဲ့​ အကျဉ်း​ကျ​နေတဲ့​ အရှင် ဦး​စန္ဒာဝရဟာလည်း​ ပြီး​ခဲ့​တဲ့​ ၁၅ ရက်​နေ့​ကစပြီး​ မိတ္ထီလာပြည်သူ့​ဆေး​ရုံမှာ တက်​ရောက်ကုသခဲ့​ရပါတယ်။ ၂၃ ရက်​နေ့​မှာ ​ဆေး​ရုံက​နေ ပြန်ဆင်း​သွား​ပေမယ့်​ ဘာ​ရောဂါ​ကြောင့်​ ​ဆေး​ရုံတက်ရလဲဆိုတာကို မ​ပြောဘူး​လို့​ မ​နေ့​က ​ထောင်ဝင်စာ​တွေ့​ခဲ့​တဲ့​ အရှင် ဦး​စန္ဒာဝရရဲ့​ ညီမ မသွယ်သွယ်ဝင်း​က ​ပြောပါတယ်။ “ဘာ​ရောဂါနဲ့​ တက်တာလဲဆို​တော့​လည်း​ သူမ​ပြောဘူး​။ အခု ​လော​လောလတ်လတ်တဲ့​ သူက ​လေချဉ်​တွေတက်တိုင်း​တက်တိုင်း​ အချဉ်​တွေချည်း​ပဲ ဖြစ်​နေတယ်တဲ့​။ ဗိုက်ထဲကလည်း​ မ​ကောင်း​ဘူး​တဲ့​ အဲဒီလိုပဲ ​ပြောတယ်။ သူ့​ကြည့်​ရတာ ဖြူဖတ်ဖြူ​ရော်နဲ့​ ​နေလို့​ ​တော်​တော်မ​ကောင်း​ဘူး​။ အာဏာပိုင်​တွေကလည်း​ သူ့​ကို ဘာ​တွေ ကြပ်ထား​လဲ​တော့​ မသိဘူး​ပေါ့​နော်။ သူ့​ကျန်း​မာ​ရေး​ အ​ခြေအ​နေ​တွေ ​တော်​တော်ဆိုး​ဝါး​နေတဲ့​ ပုံမျိုး​ပေါ့​ သူ​ပြောတာ။ ​နောက် သူ့​ပြောတဲ့​ စကား​တလုံး​က သူ့​ကိုယ်သူ​တောင် စိတ်မချ​တော့​ဘူး​နဲ့​ တူပါတယ်။ အဲဒါကို ကျမ စိတ်မ​ကောင်း​တာပါ။ ​နောက်ပြီး​ အပြင်က သူ့​အ​ပေါင်း​အသင်း​တွေ ​တွေ့​ရင် ​ပြောလိုက်ပါ​ပေါ့​နော်။ ခရီး​ရှည်ကြီး​ သွား​ရမယ့်​ လမ်း​ခရီး​မှာ သူ အဆုံး​အထိ မလိုက်နိုင်လို့​ရှိရင် သူ့​အတွက် စိတ်မ​ကောင်း​ မဖြစ်ပါနဲ့​တဲ့​။ အဲဒီလို ​ပြော​တော့​ ကျမ စဉ်း​စား​ကြည့်​တော့​ သူ ​ရေရှည်​တောင် ​နေရပါ့​မလား​လို့​ မြင်တယ်။” အရှင် ဦး​စန္ဒာဝရဟာ ၂၀၀၇ စက်တင်ဘာ သံဃာ့​လှုပ်ရှား​မှုမှာ ပါဝင်လှုပ်ရှား​ခဲ့​တဲ့​အတွက် အာဏာပိုင်​တွေက သူ့​ကို ဖမ်း​ဆီး​ကာ အမှု ၅ ခုနဲ့​ တရား​စွဲဆိုပြီး​ ​ထောင်ဒဏ် ၈ နှစ်ခွဲချမှတ်ခဲ့​ပါတယ်။ စစ်​တွေ​ထောင်မှာ အကျဉ်း​ကျ​နေတဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင် ကိုသန်း​တင်ဟာ ပြီး​ခဲ့​တဲ့​အပတ်ကစပြီး​ အစာအိမ် ​သွေး​ကြော ​ပေါက်တဲ့​အတွက် ​ထောင်​ဆေး​ရုံမှာ တက်​ရောက်ကုသခဲ့​ရပြီး​ အခု​တော့​ အ​ခြေအ​နေ ​ကောင်း​သွား​ပြီလို့​ ကိုသန်း​တင်ရဲ့​ တူက ​ပြောပါတယ်။ “ကျန်း​မာ​ရေး​ကောင်း​သွား​ပြီလို့​တော့​ ​ပြောတယ်။ ​သွေး​က​တော့​ ၇ ပုလင်း​နဲ့​ ဂလူး​ကို့​စ် ၃၂ လုံး​ သွင်း​လိုက်ရတယ်။ သူက​တော့​ မဆင်း​သေး​ဘူး​ ၂ ရက် ၃ ရက် ​လောက်​တော့​ ​နေရဦး​မယ်။ ရက် ၃ ရက် ​လောက်​နေပြီး​မှ ပြန်ဆင်း​မယ် ​ပြောတယ်။ အခု ​ကောင်း​သွား​ပြီ။ ​သွေး​တွေဘာ​တွေလည်း​ မသွင်း​ရ​တော့​ဘူး​။ ပိုက်​တွေ ဘာ​တွေ အကုန်ဖြုတ်လိုက်ပြီ။” ရှစ်ဆယ့်​ရှစ်မျိုး​ဆက်​ကျောင်း​သား​ ကိုသန်း​တင်ဟာ ထင်ရှား​တဲ့​ကျောင်း​သား​ ​ခေါင်း​ဆောင် မင်း​ကိုနိုင်တို့​နဲ့​အတူ ၂၀၀၇ ​လောင်စာဆီ​ဈေး​ကျဆင်း​ရေး​မှာ လမ်း​လျှောက်ဆန္ဒပြမှု​ကြောင့်​ ဖမ်း​ဆီး​ခံရပြီး​ ​ထောင်ဒဏ် ၆၅ နှစ်ချမှတ်ခံခဲ့​ရပါတယ်။

//
More News
Up