Wednesday, May 31, 2023
HomeLead Storyကျပ်သန်းပေါင်း သန်းချီသည့်ဝင်ငွေ နိုင်ငံတော်ဘဏ္ဍာသို့ မပေးသည့်ဌာနများ ရှိနေ

ကျပ်သန်းပေါင်း သန်းချီသည့်ဝင်ငွေ နိုင်ငံတော်ဘဏ္ဍာသို့ မပေးသည့်ဌာနများ ရှိနေ

နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတချို့ဟာ ကျပ်သန်းပေါင်း သန်းချီတဲ့ဝင်ငွေတွေကို နိုင်ငံတော် ဘဏ္ဍာကို မပေးသွင်းဘဲ သီးသန့်ငွေစာရင်းဖွင့်ထားတယ်လို့ ထုတ်ပြန်ချက်တခုကဆိုပါတယ်။

သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ရာမှာ ပွင့်လင်းမြင်သာမှုရှိဖို့ လုပ်ဆောင်နေတဲ့ Natural Resource Governance Institute (NRGI) ရဲ့ ဇန်န၀ါရီ ၂၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

စွမ်းအင်ဝန်ကြီးဌာနရဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းက ကျပ်သန်းပေါင်း ၁၃၂၀၁၇၅ နဲ့ အများဆုံး ဖြစ်ပါတယ်။ ပြီးတော့ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းက ကျပ်သန်းပေါင်း ၁၉၅၅၁၆ ဖြစ်ပါတယ်။

နောက်ထပ် သတ္တုတွင်းဝန်ကြီးဌာနရဲ့ သတ္တုတွင်းလုပ်ငန်း ၁၊ ၂၊ ၃ တို့လည်း ပါဝင်ပြီး သီးသန့် စာရင်းဖွင့် သုံးစွဲနေတဲ့ ပမာဏက ၂၀၁၃-၁၄ ခုနှစ်မှာ စုစုပေါင်း ကျပ်သန်း ၁၅၄၂၆၅၃ ဖြစ်ပါတယ်။

ဒီလုပ်ငန်းတွေရဲ့ ၀င်ငွေတွေအားလုံးကို နိုင်ငံတော် ဘဏ္ဍာငွေထဲကို မထည့်ပဲ တချို့ကို သီးသန့် ငွေစာရင်းဖွင့်ပြီး သုံးစွဲနေတာဖြစ်ပါတယ်။

ဒီပမာဏဟာ ၂၀၁၃-၁၄ ခုနှစ်က အစိုးရသုံးစွဲခဲ့တဲ့ ကျန်းမာရေးအသုံးစရိတ်တွေ၊ ပညာရေး အသုံးစရိတ်တွေ ထက်ပိုများနေတာပါ။

ဘယ်နေရာမှာ ဘယ်လို သုံးတယ်ဆိုတာကို သိခွင့်မရဘူးလို့ တွင်းထွက်သယံဇာတ တူးဖော်ရေးလုပ်ငန်းတွေ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးမှာပါတဲ့ အရပ်ဘက်ကိုယ်စားလှယ်တွေက ပြောပါတယ်။

ဒါတွေကို အပြည်ပြည်ဆိုင်ရာ တွင်းထွက်သယံဇာတ တူးဖော်ရေးလုပ်ငန်းတွေ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး အဖွဲ့ကို တင်ပြထားတဲ့ မြန်မာ့ EITI အစီရင်ခံစာမှာလည်း ဖော်ပြထားပါတယ်။

 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular