ဘရာဇီး တိုက်စစ်မှူး ပါတိုကို လက်မှတ်ထိုး ခေါ်ယူတာဟာ လောင်ကစားလုပ်သလို စွန့်စားပြီး ခေါ်ယူတာ မဟုတ်ဘူးလို့ အင်္ဂလန် ပရီးမီးယားလိဂ် ချဲလ်ဆီးနည်းပြ ဂူ့စ်ဟစ်ဒစ်က ပြောဆိုလိုက်ပါတယ်။
ဇန်န၀ါရီ ၂၉ ရက်မှာ အသက် ၂၆ နှစ် အေစီမီလန် တိုက်စစ်မှူးဟောင်း ပါတိုကို ဘရာဇီးကလပ် ကိုရင်သီယန်ကနေ ဒီနှစ်ရာသီမကုန်ခင်အထိ အငှားစာချုပ်နဲ့ ချဲလ်ဆီးက ခေါ်ယူလိုက်ပါတယ်။
ပါတိုကို ခေါ်ရတာဟာ လောင်းကစားလုပ်တာ မဟုတ်ဘဲ ပရီးမီးယားလိဂ်နဲ့ အံဝင်အောင် ကစားနိုင်လိမ့်မယ်လို့ နည်းပြ ဟစ်ဒစ်က ပြောပါတယ်။
ပါတိုဟာ အေစီမီလန်အသင်းမှာ ကစားသမားဘ၀ အောင်မြင်ခဲ့ပေမယ့် နောက်ပိုင်း ခြေစွမ်း မပြနိုင်လို့ ဘရာဇီးကလပ်တွေမှာ အငှားနဲ့ သွားရောက် ကစားခဲ့ရပါတယ်။
သူဟာ ဘရာဇီး လက်ရွေးစင်အသင်းအတွက် ၂၅ ပွဲ ကစားပေးထားပြီး ၁၀ ဂိုး သွင်းယူထားပါတယ်။
ဒါပေမယ့် ပါတိုဟာ ၂၀၁၃ ခုနှစ်ကစပြီး အခုအချိန်အထိ ဘရာဇီး လက်ရွေးစင်အသင်းမှာ ရွေးချယ်ခြင်း မခံရတော့ပါဘူး။