DVB Logo
Home
မြန်မာသတင်း
အော်ရယ်ဘီ ခံတွင်း​သန့်​ဆေး​ရည် မသုံး​စွဲရန် နှိုး​ဆော်ချက် ထုတ်ပြန်
DVB
·
July 27, 2011
အော်ရယ်ဘီ ခံတွင်း​သန့်​ဆေး​ရည် မသုံး​စွဲရန် နှိုး​ဆော်ချက် ထုတ်ပြန်
1 / 2
Donate to DVB

အော်ရယ်ဘီ (Oral-B) အမျိုး​အစား​ ခံတွင်း​သန့်​ဆေး​ရည်ကို မသုံး​စွဲဖို့​ ကျန်း​မာ​ရေး​ဝန်ကြီး​ဌာနက ဒီ​နေ့​ထုတ် ​ကြေး​မုံသတင်း​စာမှာ အသိ​ပေး​နှိုး​ဆော်ချက် ထုတ်ပြန်လိုက်ပါတယ်။

အော်ရယ်ဘီ ​ဆေး​ရည်ဟာ ကျန်း​မာ​ရေး​နဲ့​မညီညွတ်တဲ့​အပြင် ထုတ်လုပ်တဲ့​ကုမ္ပဏီကလည်း​ အဲဒီ ​ဆေး​ရည်ကို ပြန်သိမ်း​နေတာ​ကြောင့်​ မသုံး​သင့်​ဘူး​လို့​ နှိုး​ဆော်ချက်က ဆို​ပေမယ့်​ ကျန်း​မာ​ရေး​နဲ့​ ဘယ်လိုမညီညွတ်တာလဲဆိုတာကို​တော့​ နှိုး​ဆော်ချက်မှာ မ​ဖော်ပြထား​ပါဘူး​။

အော်ရယ်ဘီ ခံတွင်း​သန့်​ဆေး​ရည်ဟာ ဘယ်နိုင်ငံကထုတ်တာလဲ၊​ ဘာ​ကြောင့်​ကျန်း​မာ​ရေး​နဲ့​ မညီညွတ်တာလဲ၊​ ​အော်ရယ်ဘီ အမျိုး​အစား​ သွား​တိုက်​ဆေး​နဲ့​ သွား​ပွတ်တံ​တွေ​ရော ကျန်း​မာ​ရေး​နဲ့​ ညီညွတ်ရဲ့​လား​ ဆိုတာနဲ့​ပတ်သက်ပြီး​ အိန္ဒိယနိုင်ငံမှာ ယမုံနာ​ဆေး​ခန်း​ဖွင့်​ထား​ပြီး​ မြန်မာဒုက္ခသည်​တွေကို အခမဲ့​ဆေး​ကုသ​ပေး​နေတဲ့​ ​ဒေါက်တာတင့်​ဆွေကို ​မေး​မြန်း​ထား​ပါတယ်။

အော်ရယ်ဘီ ခံတွင်း​သန့်​ဆေး​ရည်နဲ့​ပတ်သက်ပြီး​ ကမ္ဘာမှာ သတင်း​စထွက်လာတဲ့​အ​ကြောင်း​ ​ဒေါက်တာတင့်​ဆွေက အခုလို ​ပြောပါတယ်။

[caption id="attachment_13292" align="alignright" width="310" caption="​ဒေါက်တာ တင့်ဆွေ (ဓာတ်ပုံ - ဒီဗွီဘီ)"][/caption]

“ဒီသတင်း​ ကမ္ဘာမှာ စ​ပေါ်လာတာ ဇူလိုင် ၁၅ ကတည်း​က စပြီး​ ​ပေါ်လာတယ်ခင်ဗျ။ ဒီ အ​မေရိကန်နိုင်ငံမှာ ရှိတဲ့​ နိုင်ငံ​ပေါင်း​စုံ​ကော်ပို​ရေး​ရှင်း​ကြီး​ ဖြစ်တဲ့​ တီအန်ဂျီလို့​ ​ခေါ်ပါတယ်။ အဲဒီ ကုမ္ပဏီက​နေ ပြီး​တော့​ ပါး​စပ်နဲ့​ခံတွင်း​သန့်​ရှင်း​ရေး​ ပါး​စပ်​ဆေး​တဲ့​ ​ဆေး​ကို ပြန်​ခေါ်တယ်လို့​ ​ခေါ်တာ​ပေါ့​လေ။ ဝယ်သုံး​ပြီး​သား​လူ​တွေကို ပြန်ပို့​ပါ ဆိုပြီး​တော့​ သူတို့​ ​ကြေညာချက် ထုတ်တယ်ခင်ဗျ။ ဘာ​ကြောင့်​လဲဆို​တော့​ သူက အကုန်လုံး​ပို့​ပါလို့​ အတင်း​ခိုင်း​တာ​တော့​ မဟုတ်ဘဲနဲ့​ ပိုချင်တဲ့​လူ ပို့​ပါဆိုတဲ့​ သ​ဘောမျိုး​ ဖြစ်ပါတယ်။ အ​ကြောင်း​ပြချက်က​တော့​ ပါး​စပ်နဲ့​ ခံတွင်း​ဆေး​ရည်ထဲမှာ မလိုလား​အပ်တဲ့​ ဗက်တီး​ရီး​ယား​တွေရဲ့​ အ​ရေအတွက်ဟာ ပိုပြီး​တော့​ ပါ​နေတယ်​ပေါ့​လေ။ အဲဒါ​ကြောင့်​ အန္တရာယ် ရှိနိုင်စရာ ရှိတယ်ဆိုတဲ့​ ထင်မြင်ယူဆချက်အရ ဒီ ထုတ်ကုန်​တွေကို ပြန်ပြီး​တော့​ ပို့​ခိုင်း​ သွင်း​ခိုင်း​တာပဲခင်ဗျ။”

မလိုလား​အပ်တဲ့​ ဗက်တီး​ရီး​ယား​ဆိုတာ ခံတွင်း​ကင်ဆာ ဖြစ်​စေတာတို့​ ဘာတို့​လား​။

“အဲဒီလို​တော့​ မဟုတ်ဘူး​ခင်ဗျ။ ဗက်တီး​ရီး​ယား​ဆို​တော့​ infection ​ခေါ်တဲ့​ ​ရောဂါပိုး​ဝင်တာ ဖြစ်နိုင်တယ်။ ဒါ​ပေမယ့်​ ဖြစ်နိုင်တာကလည်း​ ပုံမှန် ကျန်း​မာ​ရေး​ ​ကောင်း​နေတဲ့​ လူ​တွေအတွက်​တော့​ မ​ထောင်း​သာဘူး​ပေါ့​လေ။ ကျန်း​မာ​ရေး​ အား​နည်း​နေတဲ့​အချိန် ကိုယ်ခံအား​နည်း​နေတဲ့​ လူ​တွေမှာ​တော့​ ဗက်တီး​ရီး​ယား​ပိုး​ဝင် တာ​တွေ ဖြစ်​စေနိုင်တယ်လို့​ သူတို့​ ယူဆတဲ့​အတွက် ဒီ အ​မေရိကန် အက်ဖ်ဒီ​အေ က​နေပြီး​တော့​ ​ကြောညာချက် ထုတ်တာ ဖြစ်ပါတယ် ခင်ဗျ။ အဲဒီ​တော့​ ဒီကုမ္ပဏီကလည်း​ ကုမ္ပဏီခွဲ​တွေရှိတယ်။ ဖိလစ်ပိုင်မှာလည်း​ ရှိတယ်၊​ ထိုင်း​မှာလည်း​ ရှိတယ်​ပေါ့​။ တကမ္ဘာလုံး​ အကျုံး​ဝင်တာ​ပေါ့​။”

ခံတွင်း​ဆေး​ရည်က​တော့​ သိပ်ပြဿနာ မရှိ​လောက်ဘူး​ ကျ​နော်တို့​ တိုင်း​ပြည်မှာ။ ​တော်​တော်တတ်နိုင်တဲ့​ လူမှ သုံး​တာကိုး​။ ခံတွင်း​နဲ့​ ပတ်သက်လို့​ သွား​ပွတ်တံတို့​၊​ သွား​တိုက်​ဆေး​တို့​....။

“အခုထိ​တော့​ အဲဒါ​တွေ မထွက်​သေး​ဘူး​ခင်ဗျ။ ​ဆေး​ရည်ကိုပဲ​ပေါ့​လေ။ သွား​တိုက်​ဆေး​တွေ၊​ သွား​တိုက်တံ​တွေကို​တော့​ မဟုတ်ဘူး​။ ​ဆေး​ရည်ထဲ ​ဖျော်စပ်တဲ့​အထဲမှာ သူတို့​ တခုခု ချို့​ယွင်း​သွား​ပုံ ရတယ်ခင်ဗျ။ လိုတာထက် ပိုတဲ့​ ဗက်တီး​ရီး​ယား​အ​ရေအတွက်ပါတယ်ဆို​တော့​ အခုထိက​တော့​ ဒီခံတွင်း​ဆေး​ရည် ကိုပဲ ထုတ်ပါ​သေး​တယ်ခင်ဗျ။ ကျန်တာ​တွေ​တော့​ အခုထိ​တော့​ မထုတ်​သေး​ပါဘူး​။”

အဲဒီ​တော့​ ဆရာ မသုံး​ရင် အ​ကောင်း​ဆုံး​ပေါ့​နော်။

“မသုံး​သင့်​ဘူး​ခင်ဗျ။ သူတို့​က​တော့​ ပို့​ချင် ပို့​ကြပါလို့​ ​ပြော​တော့​ ကျ​နော်တို့​ ကျန်း​မာ​ရေး​ရှု​ထောင်က ကြည့်​ရင်​တော့​ မသုံး​တာ အ​ကောင်း​ဆုံး​ပဲလို့​ ဆရာဝန်တ​ယောက်အ​နေနဲ့​ ညွှန်ချင်တယ်ခင်ဗျ။”

ဒီကိစ္စနဲ့​ ပတ်သက်လို့​ တခြား​ ဘာများ​ပြောချင်ပါ​သေး​လဲ။

“ဒီဟာကို တကယ်လို့​ ကျ​နော်တို့​ ဗမာနိုင်ငံမှာလည်း​ အဲဒီလို တား​ဆီး​မှု သို့​မဟုတ် သတိ​ပေး​ကြေညာမှု​တွေ ရှိရင်​တော့​ ​ကောင်း​တယ်ခင်ဗျ။ အဲဒီလို လုပ်ရင်​တော့​ ကျ​နော်တို့​နိုင်ငံရဲ့​ ကျန်း​မာ​ရေး​ဌာနကို ချီး​ကျူး​ရမှာပါ။ ဒီသတင်း​ ထွက်လာတာက အခုဆို ၁၂ ရက်​တောင် မရှိ​သေး​ဘူး​ပေါ့​လေ။ ကမ္ဘာနဲ့​အမီ လူထုရဲ့​ ကျန်း​မာ​ရေး​ကို သတိ​ပေး​နိုင်စွမ်း​ရှိရင်​တော့​ ဒါ ​ကောင်း​တယ်၊​ အဲဒီလိုလည်း​ လုပ်သင့်​တယ်လို့​ ယူဆတယ်။ ​နောင်လည်း​ပဲ အဲဒီလို လူထုကျန်း​မာ​ရေး​ ထိခိုက်မယ့်​ ဟာ​တွေကို သတိဝီရိယနဲ့​ ​နေ့​ညမပြတ် ကြည့်​ပြီး​တော့​ ပြည်သူလူထုကို ကျယ်ကျယ်ပြန့်​ပြန့်​ အသိ​ပေး​သင့်​တယ်လို့​ ယူဆပါတယ်ခင်ဗျ။”

 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013