Home
မြန်မာသတင်း
Viber Out အတွက် ငွေသားတိုက်ရိုက်ဖြည့်နိုင်သည့် ကမ္ဘာ့ ပထမဆုံးနိုင်ငံ မြန်မာ ဖြစ်လာ
ပိုင်စိုး
·
January 29, 2016
မြန်မာနိုင်ငံဟာ Viber Out အတွက် ငွေသားတိုက်ရိုက်ဖြည့်နိုင်တဲ့ ကမ္ဘာ့ ပထမဆုံးနိုင်ငံ ဖြစ်လာပါတော့မယ်။ Red Dot ငွေဖြည့်စနစ်ကို အသုံးပြုပြီး Viber Out ကို ငွေဖြည့်နိုင်မှာပါ။ Viber ဆိုတာ မြန်မာနိုင်ငံမှာ လူသုံးများတဲ့ အပလီကေးရှင်းတခုဖြစ်ပြီး အကောင့်ရှိသူ အချင်းချင်း အင်တာနက်သုံးပြီး ဖုန်းခေါ်တာ၊ ဓာတ်ပုံ၊ ဗွီဒီယိုနဲ့ စာပို့တာတွေ လုပ်လို့ရပါတယ်။ Viber Out ဆိုတာကတော့ Viber မသုံးသူတွေရဲ့ ဖုန်းတွေ၊ ကြိုးဖုန်းတွေကို ခေါ်ဆိုနိုင်တာဖြစ်ပြီး ပြည်ပကိုလည်း ဖုန်းခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒါကိုသုံးမယ်ဆိုရင်တော့ Viber Out အတွက် ငွေဖြည့်ရမှာ ဖြစ်ပါတယ်။ “Viber Out အတွက် ငွေသားပေးပြီး ဖြည့်နိုင်တာ ကမ္ဘာမှာ ပထမဆုံးပါ။ Red Dot စတိုးဆိုင်တွေမှာ Viber Out Credit အတွက် ငွေဖြည့်ချင်တယ်လို့ပြောပြီး အလွယ်တကူ ငွေဖြည့်နိုင်ပါတယ်။ အနည်းဆုံး ငွေဖြည့်နိုင်တဲ့ ပမာဏကတော့ ၁၀၀၀ ကျပ်ပါ” လို့ Red Dot ရဲ့ Chief Marketing Officer ဖြစ်တဲ့ အန်ဒီ ၀ှဲလ်လန် (Andy Whelan) က ဒီဗွီဘီကို ဖြေကြားပါတယ်။ တခြားနိုင်ငံတွေမှာတော့ ဘဏ် ဒါမှမဟုတ် ခရက်ဒစ်ကတ်တွေက တဆင့် ဖြည့်သွင်းရတာပါ။ မလေးရှားကို တမိနစ် ၂ ဒသမ ၁ ဆင့်နှုန်း၊ ထိုင်းနိုင်ငံကို တမိနစ် ၂ ဒသမ ၉ ဆင့်နှုန်း၊ စင်ကာပူကို တမိနစ် ၁ ဒသမ ၉ ဆင့်နှုန်း၊ ကိုရီးယားနိုင်ငံကို တမိနစ် ၁ ဒသမ ၉ ဆင့်နှုန်း အစရှိသဖြင့် ခေါ်ဆိုနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024