DVB Logo
Home
မြန်မာသတင်း
မြစ်ကြီး​နား​-လိုင်ဇာလမ်း​ပေါ် တိုက်ပွဲဖြစ်၊​ စစ်​ပြေး​ဒုက္ခသည်များ​ ​သောင်တင်
DVB
·
July 27, 2011
မြစ်ကြီး​နား​-လိုင်ဇာလမ်း​ပေါ် တိုက်ပွဲဖြစ်၊​ စစ်​ပြေး​ဒုက္ခသည်များ​ ​သောင်တင်
Donate to DVB

ဝိုင်း​မော်မြို့​နယ်အတွင်း​ မြစ်ကြီး​နား​-လိုင်ဇာလမ်း​ပေါ်ရှိ ဒဘတ်​ချောင်း​တံတား​နှင့်​ ​ရွှေ​ညောင်ပင်​ကျေး​ရွာအနီး​တို့​မှာ ကချင်ပြည်လွတ်လပ်​ရေး​တပ်မ​တော် (​ကေအိုင်​အေ) နဲ့​ အစိုး​ရတပ်​တွေအကြား​ ဒီ​နေ့​ မနက်ပိုင်း​က တိုက်ပွဲဖြစ်ပွား​ခဲ့​ပါတယ်။

ကဇူး​နဲ့​ ဒဘတ်​ကျေး​ရွာကို ဆက်သွယ်ထား​ပြီး​ ​ပေ ၁ဝဝ ​ကျော်ရှည်လျား​တဲ့​ ဒဘတ်​ချောင်း​ကူး​တံတား​မှာရှိတဲ့​ မြန်မာစစ်တပ်ကို ​ကေအိုင်​အေတပ်ဖွဲ့​က သွား​ရောက်ပစ်ခတ်ခဲ့​ရာက​နေ နှစ်ဖက် အပြန်အလှန်ပစ်ခတ်​နေကြတာလို့​ ​ကေအိုင်​အေတပ်ဖွဲ့​နဲ့​ နီး​စပ်တဲ့​ ​ဒေသခံတဦး​က ​ပြောပါတယ်။

“တံတား​အရှည်ကြီး​ကို ​စောင့်​နေကြတာ​လေ။ ဟိုဘက်ကမ်း​မှာက တနိုင်း​ဘက်က တပ်ခွဲလို့​ ​ပြောတယ်။ ဒီဘက်ကမ်း​မှာက ၅၈ ကတပ်ရင်း​လို့​ ​ပြောတယ်။ အဲဒီကင်း​တဲ​တွေကို ​ကေအိုင်​အေဘက်က မနက် ၅ နာရီ​လောက် အချိန်မှာ စနိုက်ဘာနဲ့​ လာပစ်သွား​တာ။ ၃၊​ ၄ ​ယောက်ထိ ကျတယ်​ပြောတယ်။ မနက် ၈ နာရီ​လောက်ထိ စနိုက်ဘာနဲ့​ တ​တောင့်​ချင်း​ပစ်တာ။ ဟိုဘက်က လန့်​လို့​ အတွဲ လိုက်ပစ်လို့​၊​ အစိုး​ရတပ်ဘက်က ပစ်မှတ်ရှာမရလို့​ ဟိုဘက်ပစ်၊​ ဒီဘက်ပစ်​ပေါ့​။ ​ရွှေ​ညောင်ပင်မှာလည်း​ ဒီမနက်က တိုက်ပွဲဖြစ်​သေး​တယ်။ ​ကေအိုင်​အေက လာပစ်တာ ရှိတယ်တဲ့​။ နှစ်​နေရာ​ပေါ့​နော်။

အဲဒီလို တိုက်ပွဲဖြစ်ခဲ့​တာ​ကြောင့်​ မြစ်ကြီး​နား​၊​ ဝိုင်း​မော်မြို့​တွေဘက်ကို ထွက်ခွာ​နေကြတဲ့​ စစ်​ပြေး​ဒုက္ခသည်​တွေကို ဒဘတ်​ချောင်း​တံတား​ထိပ်မှာ စစ်တပ်က ခရီး​ထွက်ခွင့်​ တား​ထား​သလို မြစ်ကြီး​နား​ဘက်က တက်လာတဲ့​ ခရီး​သည်​တွေကိုလည်း​ ​ရွှေ​ညောင်ပင် စစ်တပ်က တား​ထား​တယ်လို့​ အဆိုပါ​ဒေသခံက ​ပြောပါတယ်။

“နန်ဆန်ယန်၊​ ကန်​တော်ယန်၊​ ဂျာဘူဘက်က ပြန်လာတဲ့​ သူ​တွေကိုလည်း​ ​ချောင်း​တံတား​ထိပ်မှာ အဲဒီမှာ ​ဖောင်နဲ့​ ကူး​တာ​လေ။ အဲဒါ ကူး​ခွင့်​ပိတ် ထား​တယ်၊​ ဒီမနက် ၈ နာရီကတည်း​က၊​ တိုက်ပွဲပြီး​ချိန်ကတည်း​က။ ဒုက္ခသည်​တွေက မြစ်ကြီး​နား​ ​ပြေး​ချင်တဲ့​သူက အဲဒီမှာ ​သောင်တင်တာ​ပေါ့​။ ဒဘတ်​ချောင်း​တံတား​ထိပ်မှာ။ လူဦး​ရေ (၂ဝဝ)​လောက် ​သောင်တင်​နေတာ။ အဲဒီမှာ မြစ်ကြီး​နား​ဘက်က လာတဲ့​သူ​တွေကို​ကော ​ရွှေ​ညောင်ပင်မှာ တား​ထား​တယ်။

ကေအိုင်​အေနဲ့​ မြန်မာအစိုး​ရစစ်တပ်အကြား​ အပစ်ရပ်စဲ​ရေး​ပြုလုပ်ဖို့​ အပြန်အလှန် စာ​ရေး​တာ​တွေရှိ​နေချိန်မှာ နှစ်ဖက်အကြား​ တိုက်ပွဲဆက်ဖြစ်​နေတာလည်း​ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013