ဖူးစာဖက်ရှာကုမ္ပဏီမှ ၀န်ထမ်းများကို နှစ်ကုန်ဆုငွေအစား လိင်ဆက်ဆံဖော် အရုပ်များပေး

တရုတ်နိုင်ငံအခြေစိုက် အင်တာနက်ပေါ်မှတဆင့် ဖူးစာဖက်ရှာဖွေရေး ကုမ္ပဏီတခုဟာ သူတို့ရဲ့ ၀န်ထမ်းတွေကို နှစ်ကုန်ဘောနပ်စ် ဆုချီးမြှင့်ငွေပေးရမယ့်အစား လိင်ဆက်ဆံဖော် အရုပ်တွေကို ချီးမြှင့်ခဲ့ပါတယ်။ များသောအားဖြင့်တော့ လုပ်ငန်းတွေအနေနဲ့ သူတို့ရဲ့ဝန်ထမ်းတွေကို သူတို့ရဲ့ တနှစ်တာကာလပတ်လုံး ကြိုးစားမှုတွေအတွက် ဆုကြေးငွေ ထိုက်ထိုက်တန်တန် ချီးမြှင့်လေ့ရှိပေမယ့် အဲဒီကုမ္ပဏီကတော့ တမူထူးခြားပြီး ခုလိုပေးခဲ့တာပါ။ တရုတ်နိုင်ငံ၊ ဂွမ်ကျိုးမြို့အခြေစိုက် လီယန်လီယန်အမည်ရ အဲဒီကုမ္ပဏီဟာ နှစ်ကုန်ပါတီပွဲ ဆင်နွှဲချိန်မှာ တကိုယ်တော် အမျိုးသားဝန်ထမ်းတွေကို လိင်ဆက်ဆံဖော် အရုပ်တွေကို ပေးခဲ့ပါတယ်။ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိ ၀မ်ယူဇူးက သူတို့အနေနဲ့ “မေတ္တာစစ်” လို့ အမည်ရတဲ့ ထုတ်ကုန်အနေနဲ့ ဒီလိင်ဆက်ဆံဖော် အရုပ်တွေကို အသက် ၂၀ ၀န်းကျင် တကိုယ်တော် အမျိုးသားဝန်ထမ်းတွေကို ရည်ရွယ်ချီးမြှင့်ခဲ့တာလို့ ဆိုပါတယ်။ နီရဲရှက်ရွံ့တဲ့ မျက်နှာတွေနဲ့ ၀န်ထမ်းတွေဟာ အဲဒီအရုပ်တွေကို ဘယ်လိုအသုံးပြုရမယ် ဆိုတာတွေကို စတိတ်စင်ပေါ်မှာ လက်တွေ့သရုပ်ပြခဲ့ကြပါတယ်။ တခြားသော လက်ဆောင်တွေထဲမှာတော့ တီရှပ်တွေ၊ ကီလိုချိန်ဝက်သားတွေ၊ ငရုတ်ဆီဘူးတွေ၊ ရထားလက်မှတ်တွေနဲ့ ကာရာအိုကေသီဆိုခွင့် လက်မှတ်တွေ စတဲ့ လက်ဆောင်တွေကိုလည်း ပေးခဲ့တာလို့ ဒေးလီးစတားသတင်းမှာ ဇန်န၀ါရီ ၂၇ ရက်နေ့က ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up