အိုင်ဖုန်း အရောင်းကျဆင်းဟု ကုမ္ပဏီထုတ်ပြန်

Apple နည်းပညာကုမ္ပဏီက ထုတ်လုပ်ခဲ့သမျှ Device တွေထဲမှာ ရေပန်းအစားဆုံး device တခုဖြစ်တဲ့ အိုင်ဖုန်း အရောင်း စထုတ်ခဲ့တဲ့ ၂၀၀၇ နောက်ပိုင်း ပထမဆုံးအရောင်းကျလာတယ်လို့ Apple ကုမ္ဗဏီက ထုတ်ပြန်ပါတယ်။ အခုနှစ်ထဲမှာ အိုင်ဖုန်းအရောင်း ထပ်ကျလာနိုင်သေးတယ်လို့ Apple က ဆိုပါတယ်။ Apple ကုမ္ပဏီဟာ အိုင်ဖုန်းတွေကို ၂၀၁၅ ပထမ ၃ လပတ်အတွင်း အလုံးရေ ၇၄.၅ သန်း ရောင်းချနိုင်ခဲ့ပြီး အခုနှစ် ၃ လပတ်မှာလည်း ၇၄.၈ သန်းရောင်းချနိုင်ခဲ့တဲ့အတွက် ရောင်းချနိုင်ခဲ့တဲ့ အိုင်ဖုန်းအလုံးရေ မကွာတာတွေ့ရပါတယ်။ ဒါပေမယ့် လာမယ့် ဒုတိယ ၃ လပတ်အတွင်း Apple ရဲ့ ၀င်ငွေ ၅၀ ဘီလီယံနဲ့ ၅၃ ဘီလီယံကြားပဲ ခန့်မှန်းထားတဲ့အတွက် ပြီးခဲ့တဲ့နှစ် ဒုတိယ ၃ လပတ်ရရှိခဲ့တဲ့ အမေရိကန်ဒေါ်လာ ၅၈ ဘီလီယံနဲ့ စာရင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံကနေ ၈ ဘီလီယံ လျော့ပြီး ခန့်မှန်းထားပါတယ်။ ဒါဟာ အိုင်ဖုန်းတွေ ပထမဆုံး စတင်ရောင်းချခဲ့တဲ့ ၂၀၀၇ ခုနှစ်နောက်ပိုင်း Apple အတွက် ပထမဆုံးဝင်ငွေ ကျဆင်းမယ့်လက္ခဏာလည်း ဖြစ်ပါတယ်။ အခုနှစ် ပထမ ၃ လပတ်မှာ အိုင်ဖုန်းရောင်းရတဲ့ အလုံးရေ ၇၅ သန်းအောက် ကျဆင်းသွားပေမယ့်လည်း ကုမ္ပဏီအတွက်ကတော့ စံချိန်တင်အရေအတွက်ဖြစ်နေဆဲပဲလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် နောက်ဆုံး ၃ လပတ်က ကုမ္ပဏီရဲ့ ၀င်ငွေဟာ အမေရိကန်ဒေါ်လာ ၇၆ ဘီလီယံ၊ အသားတင်အမြတ်ငွေ ၁၈.၄ ဘီလီယံရရှိခဲ့တာဟာ ၀င်ငွေအရရော၊ အသားတင်အမြတ်ငွေအရပါ ကုမ္ပဏီအတွက် စံချိန်တင်ဖြစ်ခဲ့တာပါ။ အိုင်ဖုန်းအရောင်းက ရတဲ့ဝင်ငွေဟာ Apple ရဲ့ ၀င်ငွေအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းလောက် ရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up