DVB Logo
Home
မြန်မာသတင်း
စစ်မက်ဖြစ်ပွား​ရာ​ဒေသတွင်း​က ​ကျေး​ရွာသား​များ​ကို ​ရွှေ့​ပြောင်း​ခိုင်း
DVB
·
July 27, 2011
စစ်မက်ဖြစ်ပွား​ရာ​ဒေသတွင်း​က ​ကျေး​ရွာသား​များ​ကို ​ရွှေ့​ပြောင်း​ခိုင်း
Donate to DVB

ကချင်ပြည်လွတ်လပ်​ရေး​တပ်မ​တော် (​ကေအိုင်​အေ) နဲ့​ အစိုး​ရစစ်တပ်​တွေအကြား​ တိုက်ပွဲဖြစ်ပွား​ရာ ​ဒေသ​တွေက ​ကျေး​ရွာ​တွေကို အစိုး​ရစစ်တပ်က ​ရွှေ့​ပြောင်း​ခိုင်း​တယ်လို့​ ​ဒေသခံတဦး​က ​ပြောပါတယ်။

[caption id="attachment_13273" align="alignright" width="310" caption="ပြီးခဲ့သည့်လက လိုင်ဇာဌာနချုပ်ကို​ရောက်လာသည့် စစ်ပြေးဒုက္ခသည်များ (ဓာတ်ပုံ - ဒီဗွီဘီ)"][/caption]

ကချင်ပြည်နယ် မိုး​မောက်မြို့​နယ် ​မြောက်ဘက်ပိုင်း​နဲ့​ ဧရာဝတီမြစ်နဲ့​ နန်ဆန်ယန် ​ချောင်း​ဆုံရာ ​ဒေသအတွင်း​က ​ကျေး​ရွာ​တွေ၊​ ဗန်း​မော်-မြစ်ကြီး​နား​ကား​လမ်း​ပေါ်က ​ကျေး​ရွာ​တွေကို မြန်မာစစ်တပ်က ​ရွှေ့​ပြောင်း​ခိုင်း​ထား​တယ်လို့​ ​ရွှေ့​ပြောင်း​လာတဲ့​ ဒုက္ခသည်​တွေကို အကူညီ​ပေး​နေတဲ့​ လိုင်ဇာ​ဒေသခံတဦး​က ​ပြောပါတယ်။

“မြစ်ရိုး​နဲ့​ ​ချောင်း​ဆုံဘက်ကလူ​တွေ၊​ ဆန်င်မိုင်ဘက်ကလူ​တွေ၊​ ကား​လမ်း​တ​လျှောက်မှာရှိတဲ့​လူ​တွေ တ​ယောက်မှ မမြင်ချင်ဘူး​လို့​ ​ပြောတယ်တဲ့​။ နန်ဆန်ယန်လည်း​ ဥက္ကဋ္ဌ လွန်ခဲ့​တဲ့​နှစ်ရက်က ​ပြေး​ပြီ​လေ။ ဥက္ကဋ္ဌက သူ့​ရွာသား​တွေကို ကား​နှစ်စီး​နဲ့​ တင်သွား​တာ။ အခု မြစ်ကြီး​နား​ ​ရောက်​နေပြီ။ အချို့​လည်း​ မြစ်ကြီး​နား​ဘက်ကို ​ပြေး​တယ်။ တကယ်လို့​ နယ်စပ်ဘက် ​ပြေး​ချင်တဲ့​ သူ​တွေကို မဂါး​ယန်ရယ်၊​ လိုင်စင်ရယ် ၂ ​နေရာ၊​ ဒုက္ခသည်​တွေကို ​နေရာချထား​ပေး​တယ်။ ပါ​ဂျောင် ​တောင်​ပေါ်မှာပဲ။ တရုတ်ပြည်နယ်စပ်မှာ​ပေါ့​။ ဒီဘက်ကို ​ရွှေ့​ချင်တဲ့​သူက ဒီဘက်လာ​ပေါ့​။ အစိုး​ရဘက်ကလည်း​ ဝိုင်း​မှော်တို့​၊​ မြစ်ကြီး​နား​ဘက် သွား​ချင်တဲ့​သူ သွား​လို့​ရ​အောင် အခုရက်ပိုင်း​ ဒီသုံး​ရက်အတွင်း​ ​ရွှေ့​ရမယ်​ပြော​နေတယ်။”

ဒီက​နေ့​မနက်ပိုင်း​ကလည်း​ မြစ်ကြီး​နား​နဲ့​ ဝိုင်း​မော်မြို့​ဘက်ကို ​ရွှေ့​ပြောင်း​ဖို့​ ထွက်ခွာသွား​ကြတဲ့​ စစ်​ပြေး​ဒုက္ခသည် ၂ဝဝ ထက်မနည်း​ ဒီမနက် ​ရွှေ​ညောင်ပင်နဲ့​ ဒဘတ်​ချောင်း​ တံတား​မှာဖြစ်ပွား​တဲ့​ တိုက်ပွဲ​တွေ​ကြောင့်​ လမ်း​ခုလပ်မှာ ​သောင်တင်​နေတယ်လို့​ လိုင်ဇာက လာတဲ့​သတင်း​တွေအရ သိရပါတယ်။

ပြီး​ခဲ့​တဲ့​လ နှစ်ဖက်စစ်ပွဲ​တွေ စဖြစ်ကတည်း​ကစလို့​ ​ကေအိုင်​အေ ဌာနချုပ် လိုင်ဇာကို စစ်​ပြေး​ဒုက္ခသည်​တွေ ​ထောင်နဲ့​ချီ ဝင်​ရောက်လာခဲ့​ပြီး​ အဲဒီဒုက္ခသည်​တွေကို ​ကေအိုင်​အေအဖွဲ့​က ​စောင့်​ရှောက်ထား​နေရာ ပြီး​ခဲ့​တဲ့​ လလယ်ပိုင်း​က လိုင်ဇာအနီး​နား​ဒေသ​တွေမှာ တိုက်ပွဲ​တွေ ဖြစ်လာတာ​ကြောင့်​ ဒုက္ခသည်​တွေရဲ့​ လုံခြုံ​ရေး​အတွက် ​နေရာ​ရွှေ့​ပြောင်း​မှု​တွေ လုပ်​နေရပါတယ်။

ဒါ့​အပြင် ဒုက္ခသည်​တွေအတွက် နိုင်ငံတကာက အကူအညီမရရှိတာ​ကြောင့်​ ​ဆေး​ဝါး​၊​ ရိက္ခာ၊​ ​နေရာထိုင်ခင်း​ မလုံ​လောက်မှု​တွေနဲ့​ ရင်ဆိုင်​နေရချိန်မှာ အခုလို အစိုး​ရစစ်တပ်​တွေက ​ကျေး​ရွာသား​တွေကို စစ်​ပြေး​ဒုက္ခသည်အဖြစ် ​ရွှေ့​ပြောင်း​ခိုင်း​နေတာ ဖြစ်ပါတယ်။

အစိုး​ရစစ်တပ်က အခုလို ​ကျေး​ရွာ​တွေကို ​ရွှေ့​ပြောင်း​ခိုင်​နေတာဟာ ​ကေအိုင်​အေအဖွဲ့​အ​ပေါ် ​ဒေသခံလူထုက အကူအညီမ​ပေး​နိုင်​အောင် အဆက်အသွယ်ဖြတ်တဲ့​သ​ဘောလို့​ စစ်​ရေး​အကဲခတ်​တွေက ​ဝေဖန်​နေကြပါတယ်။

 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013