A d v e r t i s e m e n t With Us

တာ့​ခရိုင်အတွင်း​ရှိ မြန်မာအလုပ်သမား​များ​ထံမှ အခွန်​ကောက်မည်ဟု ခရိုင်ဝန်​ပြော

တာ့​ခရိုင်ဝန် စံမလွိုင်ဖား​ (ဓာတ်ပံု - www.manager.co.th)
တာ့​ခရိုင်အတွင်း​မှာ အလုပ်လုပ်ကိုင်​နေတဲ့​ မြန်မာအလုပ်သမား​တွေဆီက အခွန်​ကောက်ခံမယ်လို့​ တာ့ခရိုင်ဝန်က ထိုင်း​မီဒီယာ​တွေကို ​ပြောကြား​ပါတယ်။ တာ့ခရိုင်က မဲ​ဆောက်မြို့​ကို အထူး​စီး​ပွား​ရေး​ဇုန်အဖြစ် တည်​ဆောက်ရာမှာ တခြား​စီမံကိန်း​ ၄ ခုအပြင် မြန်မာအလုပ်သမား​တွေဆီက အခွန်​တွေ ​ကောက်ခံဖို့​ပါရှိ​ကြောင်း​ တာ့ခရိုင်ဝန် မစ္စတာ စံမလွိုင်ဖား​က ဒီက​နေ့​ ပြုလုပ်တဲ့​ ခရိုင်အုပ်ချုပ်​ရေး​ဌာန အာဏာပိုင်များ​ အစည်း​အ​ဝေး​က​နေ မီဒီယာ​တွေကို ​ပြောကြား​လိုက်တာပါ။ [caption id="attachment_13258" align="alignright" width="310" caption="တာ့ခရိုင်ဝန် စံမလွိုင်ဖား​ (ဓာတ်ပုံ - www.manager.co.th)"][/caption] ဒီစီမံကိန်း​ကြီး​ တိုး​တက်​အောင်မြင်ဖို့​အတွက် တာ့ခရိုင်က​နေ မဲ​ဆောက်မြို့​တော်ကြီး​ကို အထူး​အုပ်ချုပ်​ရေး​ စံပြနယ်​မြေ စီး​ပွား​ရေး​ဇုန်အဖြစ် ​ဒေသအုပ်ချုပ်​ရေး​အဖွဲ့​ တည်​ဆောက်​ရေး​စီမံကိန်း​၊​ သဘာဝသစ်​တောနဲ့​မြစ်​ချောင်း​များ​ ထိန်း​သိမ်း​ရေး​စီမံကိန်း​၊​ နိုင်ငံတကာ တက္ကသိုလ်​ကျောင်း​ကြီး​တခု တည်​ဆောက်​ရေး​စီမံကိန်း​နဲ့​မြန်မာအလုပ်သမား​ပြဿနာ ကိုင်တွယ်​ရေး​ စီမံကိန်း​တို့​ကို ချမှတ်လုပ်​ဆောင်သွား​မယ်လို့​ခရိုင်ဝန်က ​ပြောပါတယ်။ ပြီး​ခဲ့​တဲ့​ ၆ နှစ်​လောက်က​နေ ခုချိန်အထိ ထိုင်း​အစိုး​ရရဲ့​ မြန်မာအလုပ်သမား​အ​ရေး​ကိုင်တွယ်မှုဟာ ခရီး​မတွင်ခဲ့​တဲ့​အပြင် ပြဿနာ​တွေဟာ နယ်စပ်မှာသာမက ပြည်တွင်း​အထိပါ တိုး​တက်ပျံ့​နှံ့​ လာ​နေတယ်လို့​ဆိုပါတယ်။ ဒါ​ကြောင့်​ သူတို့​တာ့​ခရိုင်က ချမှတ်လုပ်​ဆောင်မယ့်​ စီမံကိန်း​က တပ်ခရိုင်မှာရှိတဲ့​မြန်မာအလုပ်သမား​တွေဆီက အခွန်အ​ကောက ​တွေရမယ့်​အပြင် မြန်မာအလုပ်သမား​လူဦး​ရေ အမှန်ဘယ်​လောက်ရှိ​နေတယ်ဆိုတာကိုလည်း​ အ​သေအချာ စိစစ်နိုင်မယ်လို့​ စံမလွိုင်ဖား​က ထိုင်း​မီဒီယာ​တွေကို ​ပြောပါတယ်။ ခရိုင်ဝန်ရဲ့​ ​ပြောဆိုချက်​တွေနဲ့​ ပတ်သက်လို့​ ထိုင်း​သတင်း​ထောက်တဦး​က "တာ့ခရိုင်ဝန်ဟာ ထိုင်း​အစိုး​ရအ​ဟောင်း​က​နေ အသစ်ကိုမကူး​ပြောင်း​ခင် လစ်ဟင်း​နေတဲ့​ ကာလစပ်ကြား​မှာ မဲ​ဆောက်မြို့​တော် အထူး​စီး​ပွား​ရေး​ဇုန် စီမံကိန်း​ဖြစ်​မြောက် ​အောင်မြင်​ရေး​အတွက် ကြိုး​စား​လုပ်​ဆောင်​နေတဲ့​သ​ဘောပဲဗျ" လို့​ ​ပြောပါတယ်။ အခုလို အခွန်​ကောက်ခံမယ်ဆိုရင် မြန်မာအလုပ်သမား​တွေအတွက် အခက်အခဲ​တွေ တိုး​လာမယ်လို့​မဲ​ဆောက်မြို့​က မြန်မာအလုပ်သမား​အ​ရေး​ ​ဆောင်ရွက်​နေသူ ကိုမိုး​ကြိုး​က ​ပြောပါတယ်။ “ကျ​နော်တို့​ ဒီတာ့​ခရိုင်မှာ မြန်မာအလုပ်သမား​ရှိတာက မဲ​ဆောက်မှာ ၂ သိန်း​၊​ တာ့ခရိုင်တခုလုံး​မှာ ၄ သိန်း​ ရှိတယ်။ တကယ်တမ်း​ အလုပ်သမား​လက်မှတ် လုပ်ထား​သူက ၃ ​သောင်း​နဲ့​ရ ​ထောင်ပဲရှိတယ်။ ဆိုလိုတဲ့​သ​ဘောက အလုပ်သမား​လက်မှတ် လုပ်ဖို့​တောင် လူ​တွေက အခက်အခဲရှိတယ်၊​ အကျပ်အတည်း​ရှိတယ်။ လုပ်အား​ခနည်း​တဲ့​ကြား​ထဲမှာမှ ထိုင်း​အစိုး​ရက အခွန်​တွေ​ကောက်မယ်ဆိုရင်​တော့​ အလုပ်သမား​တွေအတွက် တပူ​ပေါ်နှစ်ပူဆင့်​ပေါ့​ဗျာ။”    

A d v e r t i s e m e n t With Us

More News
Up