Home
မြန်မာသတင်း
အန်အယ်လ်ဒီ လွှတ်တော် ဦးဆောင်ကော်မတီဖွဲ့
DVB
·
January 27, 2016
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီ လွှတ်တော်ရေးရာ ဦးဆောင်ကော်မတီတရပ်ကို ဒီနေ့ရက်စွဲနဲ့ ဖွဲ့စည်းပေးလိုက်ပါတယ်။ လွှတ်တော်ဆိုင်ရာ လုပ်ငန်းတွေ ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်ဖို့ ဦးဝင်းမြင့် ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၅ ဦးပါ လွှတ်တော်ရေးရာ ဦးဆောင်ကော်မတီတရပ်ကို ဇန်န၀ါရီ ၂၇ ရက် ရက်စွဲနဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီရဲ့ လွှတ်တော်ရေးရာ ဦးဆောင်ကော်မတီဟာ လွှတ်တော်စည်းဝေးပွဲများ ကျင်းပမယ့် အစီအစဉ် ရေးဆွဲခြင်း၊ စည်းဝေးပွဲတက်မယ့် ဧည့်သည်တော်များ ဖိတ်ကြားခြင်း၊ စည်းဝေးပွဲများကို လေ့လာလိုသူတွေကို စိစစ်ခွင့်ပြုခြင်း၊ သတင်းယူကြမယ့် မီဒီယာတွေကို စိစစ်ခွင့်ပြုခြင်းနဲ့ အခြားသော လွှတ်တော်ဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်ခြင်း စတဲ့ အလုပ်တွေကို လွှတ်တော်အကြီးအမှူးတွေ၊ လွှတ်တော်ရုံးအသီးသီးက တာဝန်ရှိသူတွေနဲ့ ပေါင်းစပ် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ လွှတ်တော်ရေးရာ ဦးဆောင်ကော်မတီထဲမှာ အရင်လွှတ်တော်အမတ်တွေဖြစ်တဲ့ ဦးမင်းဦး၊ ဒေါ်ခင်စန်းလှိုင်၊ ဦးအောင်စိုးတို့ ပါဝင်ပြီး ဦးမန်းဝင်းခိုင်သန်း တယောက်ပဲ ကိုယ်စားလှယ်အသစ်အဖြစ် ပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုးပြီး ဖွဲ့ပေးလိုက်တဲ့ လွှတ်တော် ဦးဆောင်ကော်မတီထဲမှာ လွှတ်တော်ဥက္ကဋ္ဌတွေအဖြစ် ရေပန်းစားနေတဲ့ ဦးဝင်းမြင့်နဲ့ ဦးမန်းဝင်းခိုင်သန်းတို့ ၂ ဦးစလုံး ပါဝင်နေပါတယ်။ အန်အယ်လ်ဒီ ဦးဆောင်မယ့် လွှတ်တော်အသစ်တွေကို လာမယ့် ဖေဖော်ဝါရီ ၁ ရက်မှာ စတင်ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024