DVB Logo
Home
မြန်မာသတင်း
မဲ​ဆောက်-မြဝတီတံတား​ပြန်ဖွင့်​နိုင်​ရေး​ အတိုက်ခံအဖွဲ့​ကိုနှိမ်နင်း​ရန် ထိုင်း​ကို မြန်မာ ဖိအား​ပေး
DVB
·
July 26, 2011
မဲ​ဆောက်-မြဝတီတံတား​ပြန်ဖွင့်​နိုင်​ရေး​ အတိုက်ခံအဖွဲ့​ကိုနှိမ်နင်း​ရန် ထိုင်း​ကို မြန်မာ ဖိအား​ပေး
Donate to DVB

မဲ​ဆောက်-မြဝတီတံတား​ ပြန်လည်ဖွင့်​ဖို့​အတွက် ထိုင်း​နိုင်ငံ တာ့​ခရိုင်မှာရှိတဲ့​ အတိုက်အခံအဖွဲ့​ အထူး​သဖြင့်​ ​ကေအန်ယူကို နှိမ်နင်း​ပေး​ဖို့​နဲ့​ ဒုက္ခသည်စခန်း​တွေကို ရှင်း​လင်း​ဖို့​ မြန်မာအစိုး​ရက ထိုင်း​ကို​တောင်း​ဆို​ကြောင်း​ တာ့​ခရိုင်ဝန် စံမလွိုင်ဖား​က ​ပြောပါတယ်။

ထိုင်း​-မြန်မာ အဓိက ကုန်သွယ်​ရေး​လမ်း​ကြောင်း​တခုဖြစ်တဲ့​ မဲ​ဆောက်-မြဝတီ ချစ်ကြည်​ရေး​တံတား​ကို မြန်မာဘက်က ပိတ်ထား​တာ တနှစ်​ကျော်ကြာခဲ့​ပါပြီ။

တံတား​ ပြန်လည်ဖွင့်​လှစ်နိုင်ဖို့​ ထိုင်း​အစိုး​ရဘက်က ကြိုး​စား​နေချိန်မှာ မြန်မာအစိုး​ရက ထိုင်း​နိုင်ငံ တာ့​ခရိုင်ထဲက မြန်မာအတိုက်အခံ နိုင်ငံ​ရေး​အဖွဲ့​တွေနဲ့​ ဒုက္ခသည်စခန်း​တွေကို ရှင်း​လင်း​ပေး​ဖို့​ ​တောင်း​ဆိုတာလာတာဖြစ်ပါတယ်။

မြန်မာအစိုး​ရက အချက်သုံး​ချက်​တောင်း​ဆိုတယ်လို့​ တာ့​ခရိုင်ဝန် စံမလွိုင်ဖား​က မ​နေ့​ကပြုလုပ်တဲ့​ တပ်ခရိုင်အုပ်ချုပ်​ရေး​အဖွဲ့​ရဲ့​ အစည်း​အ​ဝေး​အပြီး​ သတင်း​ထောက်​တွေကို ​ပြောကြား​လိုက်တာ ဖြစ်ပါတယ်။

[caption id="attachment_13251" align="alignright" width="310" caption="မဲဆောက်-မြဝတီတံတား (ဓာတ်ပုံ - ဒီဗွီဘီ)"][/caption]

“မြန်မာဘက်က တာ့​ခရိုင်က​နေတဆင့်​ ​တောင်း​ဆိုလာတာက ထိုင်း​အစိုး​ရဖြစ် ဖြစ်​စေ၊​ တာ့​ခရိုင်ဖြစ်​စေ အချက်သုံး​ချက်ကို ရှင်း​လင်း​အောင်လုပ်​ပေး​ဖို့​တောင်း​ဆိုပါတယ်။ ပထမအချက်က ဒုက္ခသည်စခန်း​ကိစ္စပါ။ မြန်မာအစိုး​ရမြင်တာက ဒုက္ခသည်စခန်း​တွေဟာ လူမျိုး​စု လက်နက်ကိုင်​တွေရဲ့​ ခိုလှုံရာ​နေရာဖြစ်တယ်။ စခန်း​တွေက​နေ မြန်မာပြည်ဘက်ပြန်ပြီး​ မြန်မာအစိုး​ရကို ဒုက္ခ​ပေး​နေတာဖြစ် တယ်။ အဲဒါကို ရှင်း​ပေး​ဖို့​။ ဒုတိယအချက်က လွန်ခဲ့​တဲ့​ နှစ်သုံး​နှစ်က ရန်ကုန်မြို့​မှာ ဗုံး​ဖောက်ခွဲခဲ့​တဲ့​ သူ​တွေဟာ မဲ​ဆောက်မှာရှိ​နေတယ်လို့​ ဗမာအစိုး​ရက အ​ကြောင်း​ပြတယ်၊​ အဲဒီလူ​တွေကိုဖမ်း​ပေး​ရမယ်။ အချက် ၃ က​တော့​ ​ကေအန်ယူက ​ခေါင်း​ဆောင်​တွေဟာ တပ်ခရိုင်ထဲမှာ​နေတယ်၊​ အထူး​သဖြင့်​ မဲ​ဆောက်မှာ ၁၀ ​ယောက်ထက်မနည်း​ရှိ​နေတယ်။ အဲဒီလူ​တွေကို ဖမ်း​ဆီး​ပေး​ဖို့​ ​တောင်း​ဆိုထား​ပါတယ်။”

တာ့​ခရိုင်ဝန်ရဲ့​ ​ပြောဆိုချက်နဲ့​ပတ်သက်လို့​ ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) ဒု-ဥက္ကဋ္ဌ ပဒို​ဒေး​ဗစ်သာက​ပေါ်က “ဆက်နွှယ်မှုက​တော့​ ​ကေအန်ယူအ​နေနဲ့​ ဘာမှ ထိုင်း​နယ်​မြေကို အသုံး​ချတာမှ မရှိတာ။ ကိုယ့်​နယ်​မြေထဲကိုယ်​နေ ကိုယ့်​နယ်​မြေထဲကိုယ်လှုပ်ရှား​နေတာ။ ကရင်​တွေ​တော့​ ရှိတယ်။ အဲဒါ​တွေက ထိုင်း​ကကရင်​တွေ၊​ အဲဒါကို ​ကေအန်ယူလို့​ ထင်​နေလား​မသိဘူး​။ နအဖဘက်က၊​ ဦး​သိန်း​စိန် အစိုး​ရဘက်က။ ဒီမှာရှိတာက ထိုင်း​ကရင်​တွေလည်း​ ရှိတယ်။ ​ကေအန်ယူက တခါတ​လေ ​ဆေး​ဝါး​ကုသဖို့​လောက်ပဲ သွား​တာလာတာ ရှိတာ​ပေါ့​။ ဒုက္ခသည်မှာလည်း​ ​ကေအန်ယူဆိုတာ မရှိပါဘူး​။ နအဖရဲ့​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေနဲ့​ ​ပြေး​လာတဲ့​လူ​တွေပဲ ရှိတာပဲ။ ဟိုဘက်မှာ ငြိမ်း​ချမ်း​မယ်ဆိုရင်​တော့​ ဒုက္ခသည်​တွေလည်း​ ပြန်မှာပဲ” လို့​ ​ပြောပါတယ်။

ထိုင်း​နိုင်ငံတွင်း​က ဒုက္ခသည်စခန်း​တွေမှာ လူမျိုး​စုလက်နက်ကိုင်​တွေ ခိုလှုံ​နေတယ်လို့​ မြန်မာဘက်ကစွပ်စွဲပြီး​ ဒုက္ခသည်စခန်း​တွေကို ဖယ်ရှား​ဖို့​ ​တောင်း​ဆိုချက်နဲ့​ပတ်သက်လို့​လည်း​ အခုလို​ပြောပါတယ်။

“ကမ္ဘာ့​စံချိန်၊​ စံညွှန်း​တွေအရ၊​ ဒုက္ခသည်​တွေ ပြန်ဖို့​ဆိုတာက တဖက်မှာ ပဋိပက္ခမဖြစ်​အောင် ငြိမ်း​ချမ်း​မှု အပြည့်​အဝ ရှိရမယ်။ ဒုက္ခသည်ကလည်း​ ဆန္ဒအရပြန်တာ ဖြစ်ရမယ်။ အခုကိစ္စ​တွေက ဦး​သိန်း​စိန်အစိုး​ရ မတရား​စွပ်စွဲတာ​တွေပဲ ဖြစ်တယ်။ သူတို့​အ​နေနဲ့​ ဒါငဲ့​ညှာပြီး​တော့​ ​ဆောင်ရွက်မှ ဖြစ်မှာ​ပေါ့​။ ဖြစ်သလို ​လျှောက်လုပ်မယ့်​ အစိုး​ရ​တော့​ မဟုတ်ဘူး​ထင်တယ်။ ဒီ ဒုက္ခသည်​တွေကို မတရား​ ​မောင်း​ထုတ်လို့​ မရဘူး​။ ဒီထိုင်း​ဆိုတာက နိုင်ငံတကာရဲ့​ စံချိန်စံညွှန်း​နဲ့​ နိုင်ငံတကာ ဥပ​ဒေကို ​လေး​စား​တဲ့​ နိုင်ငံတခုဖြစ်တယ်။”

မဲ​ဆောက်-မြဝတီတံတား​မပိတ်ခင်က ဒီလမ်း​ကြောင်း​ကတဆင့်​ လစဉ် ထိုင်း​ကုန် ဘတ်​ငွေ သန်း​ငါး​ထောင်ဖိုး​လောက် မြန်မာဘက်တင်ပို့​သလို မြန်မာဘက်က သွင်း​ကုန် ဘတ်သန်း​ နှစ်​ထောင်ဝန်း​ကျင်​လောက် ထိုင်း​ဘက်ကို ပြန်တင်သွင်း​နေတာဖြစ်ပါတယ်။

 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013