DVB Logo
Home
မြန်မာသတင်း
ကေအိုင်​အေနှင့်​ အစိုး​ရတပ်အကြား​ တိုက်ပွဲများ​ ဆက်ဖြစ်
DVB
·
July 26, 2011
ကေအိုင်​အေနှင့်​ အစိုး​ရတပ်အကြား​ တိုက်ပွဲများ​ ဆက်ဖြစ်
Donate to DVB

ကချင်ပြည်လွတ်လပ်​ရေး​တပ်မ​တော် (​ကေအိုင်​အေ)နဲ့​ မြန်မာအစိုး​ရ စစ်တပ်​တွေ အကြား​ တိုက်ပွဲ​တွေ ဒီက​နေ့​အထိ ဆက်ဖြစ်​နေပါတယ်။

မြစ်ကြီး​နား​-ဗန်း​မော် ကား​လမ်း​ပေါ်ရှိ ဝိုင်း​မော်မြို့​နယ်၊​ နန့်​ဆန်ယန်​ကျေး​ရွာ တံတား​ထိပ်မှ လမ်း​ခွဲကာ ​ကေအိုင်တပ်ဖွဲ့​ရဲ့​ ​ဒေသဖွံ့​ဖြိုး​ရေး​ စိုက်ပျိုး​ရေး​စီမံကိန်း​ရှိရာ ဘန်​ဆောင် ​ဒေသသို့​သွား​ရာ လမ်း​ပေါ်ရှိ လဇိန်​ဂေါင်​ကျေး​ရွာအတွင်း​ ဝင်​ရောက် တပ်စွဲ ​နေတဲ့​ မပခလက်​အောက်ခံ စစ်​ကြောင်း​တခုကို ​ကေအိုင်​အေ တပ်မဟာ(၅) လက်​အောက် ခံ တပ်ဖွဲ့​တွေက ဝင်​ရောက်တိုက်ခိုက်ခဲ့​တာလို့​ ​ကေအိုင်​အေ သတင်း​ရပ်ကွက်အရ သိရပါတယ်။

လဇိန်​ဂေါင်​ကျေး​ရွာအတွင်း​ ဝင်​ရောက်​နေတဲ့​ စစ်သား​တွေက ​ကျေး​ရွာသား​တွေကို ဖမ်း​ဆီး​ရိုက်နှက်စစ်​ဆေး​တာ​တွေ၊​ အိမ်​မွေး​ကြက်၊​ ဝက် သတ်ဖြတ်စား​သောက်တာ​တွေ လုပ်​နေမှုကို ရွာသား​တွေက တိုင်ကြား​လာတဲ့​အ​ပေါ် ​ကေအိုင်​အေတပ်ဖွဲ့​က ဝင်​ရောက်တိုက်ခိုက်ခဲ့​တာလို့​ ​ကေအိုင်အို​အေနဲ့​ နီး​စပ်သူ တဦး​က ​ပြောပါတယ်။

“​ကေအိုင်​အေ​တွေက ဘန်​ဆောင် လမ်း​ခွဲထိပ်နား​က အဲဒီ လဇိန်​ဂေါင်ရွာကို မ​နေ့​က ​နေ့​လယ် (၁၂)နာရီ၊​ ​နေ့​ခင်း​ကြောင်​တောင်ကြီး​မှာ ဝင်စီး​တာ။ ဒီမနက်အထိ တိုက်ပွဲချတယ်​ပြောတယ်။ တညလုံး​ မိုး​လင်း​ပေါက်​ပေါ့​။ မနက် ၈ နာရီအချိန်မှာ အား​လုံး​သိမ်း​မိပြီ ​ပြောတယ်။ အဲဒီလဇိန်​ခေါင်ကို သိမ်း​ထား​ပြီး​တော့​မှ ဒီဘက်က နန့်​ဆန်ယန် စစ်ကူ​တွေ​လေ၊​ လမ်း​ကဖြတ်တိုက်တဲ့​ အဖွဲ့​တွေက​တော့​ တိုက်​နေတုန်း​ပဲတဲ့​။ အဲဒီ လဇိန်​ဂေါင်မှာတိုက်​နေတဲ့​ တိုက်ပွဲက​တော့​ ရွာကို သိမ်း​မိပြီတဲ့​။ လက်နက်​တွေ၊​ သုံ့​ပန်း​တွေလည်း​ အများ​ကြီး​ပဲတဲ့​။

လဇိန်​ဂေါင်​ကျေး​ရွာကို ဝင်​ရောက်စီး​နင်း​နေစဉ် နန်ဆန်ယန်အနီး​ ​တောင်ကုန်း​ပေါ်ရှိ မပခလက်​အောက်ခံ ခလရ(၃၇)က အ​မြောက်နဲ့​ လှမ်း​ပစ်တာ​တွေ မ​နေ့​က လုပ်ခဲ့​လို့​ ​ကျေး​ရွာလူ​နေအိမ် ၂ လုံး​ ထိမှန်ပျက်စီး​တာ​တွေ ရှိခဲ့​သလို စစ်ကူလာ ​ရောက်ဖို့​ ကြိုး​စား​ရာမှာလည်း​ ​ကေအိုင်​အေတပ်ဖွဲ့​က လမ်း​က​နေ ဖြတ်တိုက် ဟန့်​တား​ တာ​တွေ လုပ်ခဲ့​တယ်လို့​ ဆိုပါတယ်။

ဝိုင်း​မှောင်မြို့​နယ်အ​ရှေ့​ဘက်မှာ တိုက်ပွဲ​တွေ ဖြစ်​နေစဉ်မှာ ​ကေအိုင်​အေ တပ်မဟာ ၁၊​ တပ်ရင်း​ ၁ဝ ရှိရာ ချီ​ဗွေမြို့​နယ်နဲ့​ ဧရာဝတီမြစ်ကမ်း​ပေါ်ရှိ ဆင်ဘိုမြို့​အနီး​မှာလည်း​ ​ကေအိုင်​အေနဲ့​ မြန်မာအစိုး​ရတပ်​တွေအကြား​ တိုက်ပွဲ​တွေ ရှိခဲ့​တယ်လို့​ ​ကေအိုင်​အေနဲ့​ နီး​စပ်သူက ​ပြောပါတယ်။

တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံး​မှု​တွေရှိခဲ့​ပြီး​ အ​သေး​စိတ်အ​ခြေအ​နေက​တော့​ မသိရ​သေး​ဘူး​လို့​ ​ပြောပါတယ်။

ကေအိုင်​အေနဲ့​ မြန်မာစစ်တပ်​တွေအကြား​ တိုက်ပွဲ​တွေဖြစ်​နေတုန်း​မှာ ကချင်ပြည်နယ်၊​ ကြံ့​ဖွံ့​တာဝန်ခံလည်း​ဖြစ်သူ ဆက်သွယ်​ရေး​၊​ စာတိုက်နဲ့​ကြေး​နန်း​ ဝန်ကြီး​ ​ဟောင်း​ ဦး​သိန်း​ဇော်ရဲ့​ အစီစဉ်နဲ့​ ကချင်ကိုယ်စား​လှယ်​တွေ​စေလွှတ်ကာ နှစ်ဖက် အပစ်ရပ်​ရေး​အတွက် ​ဆောင်ရွက်တဲ့​အ​နေနဲ့​ ဒီက​နေ့​မှာ မြစ်ကြီး​နား​က​နေ လာ​ရောက်ဖို့​ ရှိ​နေ​ကြောင်း​ သတင်း​တွေထွက်​နေ​ပေမယ့်​ ည​နေပိုင်း​အထိ ကိုယ်စား​လှယ်တွေ ​ရောက်လာတာ မရှိ​ကြောင်း​ လိုင်ဇာကလာတဲ့​ သတင်း​တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013