ဧရာမ ဝေလငါးများ အင်္ဂလန်အရှေ့ပိုင်း ကမ်းခြေတွင် သောင်တင် သေဆုံး (ရုပ်သံ)

အင်္ဂလန်နိုင်ငံ အရှေ့ပိုင်း ကမ်းခြေမှာ ဝေလငါး အတော်များများ သောင်တင်ခဲ့ရာမှာတော့ ၄ ကောင်က သေဆုံးသွားပါတယ်။ ဇန်န၀ါရီ ၂၂နဲ့ ၂၃ ရက်တွေမှာ ဟန်စတန်တင် ကမ်းခြေမှာ ဝေလငါး ၆ ကောင် သောင်တင်ခဲ့တာ ဖြစ်ပြီး ၄ ကောင်က သေဆုံးသွားတယ်လို့ တော်ဝင် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ ပင်လယ်ဆိုင်ရာ ကူညီစောင့်ရှောက် ကယ်ဆယ်တဲ့ ရေငုပ် သမားတွေနဲ့ ကမ်းခြေစောင့်တွေက ဝေလငါးတွေကို ပင်လယ်ထဲ ပင်လယ်ဆွဲချနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဖြစ်ခဲ့ပြီး သေဆုံးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ သေဆုံးသွားတဲ့ ဝေလငါးတွေကို မျက်မြင်သက်သေတွေက ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်မှာတော့ ဝေလငါးတွေက ပေ ၄၀ကနေ ၄၅ အထိရှည်ပြီး တန် ၃၀ နီးပါးရှိနေတယ်လို့ ဆိုပါတယ်။ ဒါအပြင် ဟန်စတန်တင်ကမ်းခြေနဲ့ ၁၅ မိုင်အကွာမှာလည်း ဝေလငါး ၃ ကောင် သေဆုံးနေတယ်လို့ ဆိုပါတယ်။ သေဆုံးသွားတဲ့ ဝေလငါးကို စစ်ဆေးတာတွေလုပ်ဆောင်ဖို့ကြိုးစားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up