DVB Logo
Home
မြန်မာသတင်း
ပို့​ကုန်ခွန်​လျှော့​ပေး​သော်လည်း​ ​ငွေ​ဈေး​ကြောင့်​ ဆန်တင်ပို့​သူများ​ တွက်​ခြေမကိုက်
DVB
·
July 26, 2011
ပို့​ကုန်ခွန်​လျှော့​ပေး​သော်လည်း​ ​ငွေ​ဈေး​ကြောင့်​ ဆန်တင်ပို့​သူများ​ တွက်​ခြေမကိုက်
Donate to DVB

အစိုး​ရက ပို့​ကုန်ခွန်​လျှော့​ပေး​လိုက်ပြီး​နောက်ပိုင်း​ ပြည်ပကိုဆန်တင်ပို့​တဲ့​ ပမာဏ တိုး​မလာဘဲ ပုံမှန်ပဲရှိ​နေတယ်လို့​ ဘုရင့်​နောင် ဆန်ကုန်သည်တဦး​က ​ပြောပါတယ်။

အန်နီး​လို့​ခေါ်တဲ့​ ပို့​ကုန်ကရတဲ့​ နိုင်ငံခြား​ငွေတန်ဖိုး​ ကျဆင်း​နေတာ​ကြောင့်​ ဆန်တင်ပို့​သူ​တွေ အဆင်မ​ပြေဖြစ်​နေကြတာလို့​ ဆန်ကုန်သည်က ​ပြောပါတယ်။

“ပုံမှန်ပတ်ဝန်း​ကျင်​လောက်ပါပဲ။ သူ့​ဟာသူ ၃ ရာခိုင်နှုန်း​ချတာက ချတာပဲ။ အဝယ်နဲ့​အ​ရောင်း​က အန်နီး​ဈေး​က တခါထပ်ပြီး​ အတက်အကျရှိ​နေတယ်။ အန်နီး​ဈေး​ မတည်ငြိမ်​တော့​ လက်ရှိ​ပေါက်​ဈေး​ ၈၀၀ ပဲ အကြမ်း​ဖျင်း​ထား​၊​ အိတ်စ်ပို့​ အ​ရောင်း​အဝယ်လုပ်လိုက်လို့​ ​ငွေလည်း​ အန်နီး​ထဲ ဝင်လည်း​ဝင်လာ​ရော ၈၀၀ ​အောက်ဆင်း​သွား​တော့​ အလိုလိုရှုံး​ရော။ အဲလိုမျိုး​မဖြစ်​အောင် ​ငွေ​ကြေး​တည်ငြိမ်မှုရှိဖို့​ အဓိကလိုတယ်။”

လက်ရှိ အန်နီး​ဈေး​က ကျပ် ၈၀၀ ​လောက်ရှိ​နေပြီး​ ဆန်အိတ်စ်ပို့​ဈေး​က တတန်ကို အ​မေရိကန်​ဒေါ်လာ ၃၈၀ နဲ့​ ၄၀၀ ကြား​ရှိတယ်လို့​လည်း​ ​ပြောပါတယ်။

ဇူလိုင်လဆန်း​ကစပြီး​ စီး​ပွား​ကူး​သန်း​က ပို့​ကုန်ရ​ငွေအခွန်ကို ၁၀ ရာခိုင်နှုန်း​က​နေ ၃ ရာခိုင်နှုန်း​ ​လျှော့​ပေး​ထား​ပါတယ်။

လက်ရှိမှာ ပြည်ပကိုဆန်တင်ပို့​ဖို့​ ဆန်အထူး​ပြုကုမ္ပဏီ​တွေက ၅၀ ရာခိုင်နှုန်း​၊​ ပြည်ပကို ဆန်တင်ပို့​နေသူ​တွေက ၂၅ ရာခိုင်နှုန်း​၊​ ဆန်စက်ပိုင်ရှင်​တွေနဲ့​ လယ်သမား​တွေက ၂၅ ရာခိုင်နှုန်း​ ခွင့်​ပြုထား​တယ်လို့​ သိရပါတယ်။

ဇွန်နဲ့​ဇူလိုင်လအတွင်း​ ဆန်တန်ချိန် ရှစ်​သောင်း​ တင်ပို့​ခွင့်​ပြုထား​ပြီး​ အခုထိ တန်ချိန် ​ခြောက်​သောင်း​ပဲ တင်ပို့​နိုင်​သေး​တယ်လို့​ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013