ဗင်းနစ်မြို့တွင် ရောင်စုံ ကာနီဗယ်ပွဲတော် စတင်ကျင်းပ (ရုပ်သံ)

အီတလီနိုင်ငံ၊ ဗင်းနစ်မြို့မှာ လူထောင်ပေါင်းများစွာဟာ နှစ်စဉ်ကျင်းပနေကျ ကာနီဗယ်ပွဲတော်ကို ကန်နာရီဂျီယို တူးမြောင်းတွင်း ရေပေါ်မှာ ရာသီအစအဖြစ် ကျင်းပခဲ့ပါတယ်။ စိန့်မတ်ခ်ရင်ပြင်မှာ ဇန်န၀ါရီ ၂၃ ရက်နေ့က အကြိုစတင်ဖွင့်လှစ်တဲ့ ဒီပွဲတော်ကို အချိန် ၂ နာရီကြာ ကျင်းပခဲ့တာဖြစ်ပြီး လူတွေဟာ အရောင်အသွေး စုံစုံလင်လင်နဲ့ ပျော်ရွှင်စွာ တက်ရောက်ခဲ့ကြတာပါ။ သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ပွဲတော်ကျင်းပတဲ့ အဓိကမြို့တွေမှာ ဦးရေတိုးမြှင့်ပြီး ၀တ်စုံပြည့် လုံခြုံရေး ဆောင်ရွက်ထားပေမယ့် မျက်နှာဖုံးစွပ် အပျော်ကြူး ဆင်နွှဲသူတွေကို တားမြစ်ဖို့ကိုတော့ ပယ်ချခံခဲ့ရတယ်လို့ တယ်လီဂရပ်ဖ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဗင်းနစ်ရိုးရာ ကာနီဗယ်ပွဲတော်ဟာ အထူးစီစဉ်ချုပ်လုပ်ထားတဲ့ ၀တ်ကောင်းစားလှတွေ၊ လက်မှုပညာနဲ့ ဖန်တီးထားတဲ့ မျက်နှာဖုံးတွေ တပ်ဆင်ပြီး ဆင်နွှဲလမ်းလျှောက်ရတာမျိုးပါ။ ဗင်းနစ်မြို့မှ ရဲချုပ် အန်ဂျလိုဆန်နာက “ကျနော်တို့က (လုံခြုံရေးအရ ထိန်းထိန်းသိမ်းသိမ်းနဲ့ မျှတအောင် ချဉ်းကပ်လုပ်ဆောင်သွားရမှာပါ။ ဘာလို့လဲဆိုတော့ ကာနီဗယ်ပွဲတော်ဆိုတာ (အဓိပ္ပာယ်ဟာ) မျက်နှာဖုံးတွေ ဖြစ်လို့ပါပဲ။ ပွဲတော်မှာ ပါဝင်ဆင်နွှဲသူတွေဟာ မျက်နှာဖုံးမပါဘဲ ဆင်နွှဲဖို့ ခက်ခဲပါတယ်” လို့ အေပီသတင်းဌာနကို ပြောပါတယ်။ ပွဲတော် အဓိကကျင်းပရာ နေရာတွေမှာ ရဲတွေအနေနဲ့ ရှောင်တခင် စစ်ဆေးသွားမှာဖြစ်ပြီး သက်ဆိုင်ရာ အထောက်အထားနဲ့ တိုက်ဆိုင်စစ်ဆေးမယ်လို့ သူက ဆိုပါတယ်။ ဒီပွဲတော်ကို လာမယ့် ဖေဖော်ဝါရီ ၉ ရက်နေ့ထိ ဆက်လက်ကျင်းပသွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up