DVB Logo
Home
မြန်မာသတင်း
ရေကြီး​မှု ထပ်မံဖြစ်​ပေါ်ခြင်း​ ရှိမရှိ သုံး​ရက်အတွင်း အဆုံး​အဖြတ်ဖြစ်မည်ဟု ပညာရှင်​ပြော
DVB
·
July 26, 2011
ရေကြီး​မှု ထပ်မံဖြစ်​ပေါ်ခြင်း​ ရှိမရှိ သုံး​ရက်အတွင်း အဆုံး​အဖြတ်ဖြစ်မည်ဟု ပညာရှင်​ပြော
Donate to DVB

ဒီက​နေ့​ကစပြီး​ သုံး​ရက်တာကာလအတွင်း​ ​နောက်ထပ်​ရေကြီး​မှု ဖြစ်​ပေါ်ခြင်း​ ရှိမရှိ အဆုံး​အဖြတ်ပဲလို့​ မိုး​လေဝသပညာရှင် ဦး​ထွန်း​လွင်က ​ပြောပါတယ်။

[caption id="attachment_13235" align="alignright" width="310" caption="မိုးလေဝသပညာရှင် ဦးထွန်းလွင် (ဓာတ်ပုံ - www.tunlwin.com)"][/caption]

“ဒီ​နေ့​က ၂၆ ဆို​တော့​ ၂၈ ​လောက်ထိ မိုး​အား​လေး​တော့​ ​လျော့​တဲ့​အတွက် အထိုက်အ​လျောက်​တော့​ ​ရေ​လေး​ဘာ​လေး​ ပြန်ကျလာနိုင်ပါတယ်။ ဒီရက်ပိုင်း​မှာ၊​ မိုး​က သည်း​သည်း​ထန်ထန် မရှိဘူး​ပေါ့​။ သုံး​ရက်​လောက်က အဆုံး​အဖြတ်ပဲ။ သုံး​ရက်​လောက်မှ ဆက်လက်ပြီး​တော့​ အား​နည်း​နေပြီဆိုရင် ​ရေပြဿနာ​လေး​ တစတစ ​လျော့​နိုင်ပါတယ်။ ​နောက်တ​ခေါက် မုတ်သုန်ပြန်တက်မယ် ဆိုရင်​တော့​ မြန်မာပြည်​အောက်ပိုင်း​မှာ ဖြစ်ဖြစ်၊​ မိုး​ပြန်လိုက်လာမယ်ဆိုရင် ​ရေက စိုး​ရိမ်ရတဲ့​အဆင့်​ ပြန်ရှိဦး​မှာပါ။”

ပြီး​ခဲ့​တဲ့​ ၄၈ နာရီအတွင်း​မှာ​တော့​ မိုး​ရွာသွန်း​မှု​လျော့​နည်း​ခဲ့​ပြီး​ ​ရေကြီး​တဲ့​ ​ဒေသ​တွေလည်း​ ​ရေပြန်ကျ​နေတယ်လို့​ ​ပြောပါတယ်။

ဇူလိုင်လ ပထမပတ်ထဲ မိုး​ကောင်း​ခဲ့​တာ​ကြောင့်​ မိုး​ကြီး​ပြီး​ ​နောက်ဆက်တွဲ ​ရေကြီး​တဲ့​ ဖြစ်စဉ်​တွေ ​ဒေသအ​တော်များ​များ​မှာ ကြုံ​တွေ့​ခဲ့​ကြရပါတယ်။

ဇွန်လအတွင်း​ မိုး​ကောင်း​ခဲ့​တာ​ကြောင့်​ ​ရေခံ​ကောင်း​ခဲ့​တာကလည်း​ တပိုင်း​ပါတယ်လို့​ သိရပါတယ်။

အခုအထိက​တော့​ ​အေး​ပြီး​ စွတ်စိုတဲ့​ လာနီညာရာသီဥတုဖြစ်စဉ်​ရော၊​ ပူပြင်း​ခြောက်​သွေ့​တဲ့​ အယ်နီညိုဖြစ်စဉ်​ရော မရှိတဲ့​ ကြား​နေနှစ် တနှစ်ဖြစ်​နေပါတယ်။ ပုံမှန်အား​ဖြင့်​ကလည်း​ ဇူလိုင်၊​ ဩဂုတ်လ​တွေက မိုး​ကောင်း​တဲ့​လ​တွေ ဖြစ်ပါတယ်။

ပူပြင်း​ခြောက်​သွေ့​တဲ့​ အယ်နီညိုရာသီဥတုဖြစ်စဉ်ဖြစ်​ပေါ်ဖို့​ အ​ခြေအ​နေ သိပ်မမြင်ရ​တော့​တာ​ကြောင့်​ ​နောက်ပိုင်း​မှာ ​ရေကြီး​တာကို သတိထား​ရ​တော့​မယ်လို့​ မိုး​လေဝသပညာရှင်က ​ပြောပါတယ်။

 

 

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ရေကြီး​မှု ထပ်မံဖြစ်​ပေါ်ခြင်း​ ရှိမရှိ သုံး​ရက်အတွင်း အဆုံး​အဖြတ်ဖြစ်မည်ဟု ပညာရှင်​ပြော