Home
မြန်မာသတင်း
အိမ်အကူမိန်းကလေးကို ညှဉ်းပန်းနှိပ်စက်မှု စွဲချင်တင် အရေးယူရန် တရားရုံးဆုံးဖြတ်
ထွန်းထွန်းသိန်း
·
January 26, 2016
ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ဗိုလ်မှူးကျော်နုမော်နေအိမ်မှာ အသက် ၈ နှစ်အရွယ် အိမ်အကူမိန်းကလေးကို ကိုယ်တုံးလုံးချွတ် ညှဉ်းပန်းနှိပ်စက်မှုကြောင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မနဲ့ တရားစွဲဆိုခံရတဲ့သူကို စွဲချက်တင်အရေးယူဖို့ ဗဟန်းတရားရုံးက ဇန်နဝါရီ ၂၅ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ ဒီအမှုကိစ္စဟာ ကလေးသူငယ်အရေးနဲ့ဆိုင်တဲ့ အမှုတခုတင် မဟုတ်ဘဲ လက်ရှိအစိုးရရဲ့ တရားဥပဒေစိုးမိုးရေးကို ဘယ်လောက် လေးစားလိုက်နာမှုရှိလဲ ဆိုတာကိုပါ စောင့်ကြည့်ရမယ့်ကိစ္စ ဖြစ်တယ်လို့ ၈၈ မျိုးဆက်က ဒေါ်မီးမီးက ပြောဆိုထားပါတယ်။ ကလေးသူငယ်ကို နှိပ်စက်မှုနဲ့ ဗိုလ်မှူးကျော်နုမော်အိမ်မှာ အိမ်အကူအဖြစ် လုပ်ကိုင်နေသူ ဒေါ်သန်းနွဲ့ကို ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။ အမှုဖွင့်ခံထားရသူက တောင်ငူမှာနေထိုင်တဲ့အတွက် တောင်ငူတရားရုံးကို ဆင့်ခေါ်စာပေးပို့သွားပြီး ဖေဖော်ဝါရီ ၈ ရက်နေ့မှာ အမှုစတင်စစ်ဆေးမှာ ဖြစ်ပါတယ်။ ဗိုလ်မှူးကျော်နုမော်ကိုတော့ တပ်မတော်ခုံရုံးအဖွဲ့က တပ်က ထုတ်ပယ်ခဲ့တဲ့ အရေးယူမှုကို ပြုလုပ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024