Homeမြန်မာသတင်း
နော်ဝေနိုင်ငံ အကြမ်းဖက်ခံရမှုအပေါ် ဒေါ်အောင်ဆန်းစုကြည် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့
နော်ဝေနိုင်ငံ အကြမ်းဖက်ခံရမှုအပေါ် ဒေါ်အောင်ဆန်းစုကြည် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့
DVB
·
July 26, 2011
နော်ဝေနိုင်ငံမှာ ပြီးခဲ့တဲ့သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ သေနတ်နဲ့ပစ်ခတ်မှုကြောင့် လူ ၉၀ ကျော် သေဆုံးခဲ့ရတဲ့အတွက် ဝမ်းနည်းကြောင်းသဝဏ်လွာကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
စနေနေ့မှာ ဝမ်းနည်းကြောင်းသဝဏ်လွှာကို ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီးထံကို ပေးပို့ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး အဖွဲ့ချုပ် ဗဟိုပြန့်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က အခုလိုပြောပြပါတယ်။
“ဖြစ်ဖြစ်ချင်း စနေနေ့ ကျနော်တို့ သတင်းရချင်းပဲ ဒီလိုဖြစ်ပျက်တဲ့ကိစ္စတွေအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာကို ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီးကို အဲနေ့ပဲ ပို့လိုက်ပါတယ်။ အဲဒီသဝဏ်လွှာထဲမှာပါတဲ့ အကြောင်းအရာတွေကိုတော့ ကျနော်တို့ သတင်းထုတ်ပြန်ခြင်းမရှိပါဘူး။”