DVB Logo
Home
မြန်မာသတင်း
တွေ့​ဆုံမှုက​နေ အမှန်တကယ်အကျိုး​ရှိ​စေမည့်​ ရလဒ်များ​ဖြစ်လာရန် ​မျှော်လင့်​ဟုအဖွဲ့​ချုပ်ဆို
DVB
·
July 26, 2011
တွေ့​ဆုံမှုက​နေ အမှန်တကယ်အကျိုး​ရှိ​စေမည့်​ ရလဒ်များ​ဖြစ်လာရန် ​မျှော်လင့်​ဟုအဖွဲ့​ချုပ်ဆို
Donate to DVB

မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အစိုး​ရသစ်ရဲ့​တာဝန်ရှိပုဂ္ဂိုလ် အလုပ်သမား​ဝန်ကြီး​ဌာန ဝန်ကြီး​ ဦး​အောင်ကြည်တို့​ ​တွေ့​ဆုံမှုအပြီး​ ပြည်သူလူထုအတွက် အမှန်တကယ်အကျိုး​ရှိ​စေမယ့်​ ရလဒ်​တွေဖြစ်လာဖို့​ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်က ​မျှော်လင့်​ကြောင်း​ ​ပြောဆိုလိုက်ပါတယ်။

အဖွဲ့​ချုပ်ရဲ့​ ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က ​ပြောကြား​လိုက်တာဖြစ်ပြီး​ ဒီ​တွေ့​ဆုံ​မှုတွေနဲ့​ပတ်သက်ပြီး​ အဖွဲ့​ချုပ်ဗဟိုအလုပ်အမှု​ဆောင်အဖွဲ့​အ​နေနဲ့​ ဒီက​နေ့​မှာ သီး​သန့်​ကြေညာချက် ထုတ်ပြန်ဖို့​လည်း​ ရှိတယ်လို့​ ဦး​အုန်း​ကြိုင်​က ပြောပါတယ်။

“တဦး​ချင်း​သ​ဘောထား​အမြင်အရ ​ပြောရမှာ​ပေါ့​။ ကျ​နော့်​သ​ဘောထား​က​တော့​ ဒီ​နေ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​နဲ့​ ဝန်ကြီး​ ဦး​အောင်ကြည်တို့​ ပူး​တွဲထုတ်ပြန်တဲ့​အထဲမှာ ပါတဲ့​အတိုင်း​ပါပဲ။ ​ဆွေး​နွေး​မှုအတွက် ကျ​နော်တို့​ ​ကျေနပ်ပါတယ်။ ကျ​နော်တို့​ဘက်က​တော့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဒီက​နေ့​ ​မေး​တဲ့​မေး​ခွန်း​တခုကို ​ဖြေသွား​သလိုပါပဲ။ ကျ​နော်တို့​က နဂိုကတည်း​က ပြည်သူလူထုအကျိုး​အတွက် ​ရှေး​ရှုပြီး​တော့​ ကျ​နော်တို့​က အမြဲတမ်း​ညှိ​နေတာပဲ။ အခုလည်း​ပဲ ပြည်သူလူထုအကျိုး​အတွက်ပဲ လုပ်မှာဖြစ်တဲ့​အတွက် ကျ​နော်တို့​ဘက်က​တော့​ အ​ကောင်း​မြင်ပါတယ်။ အ​ကောင်း​ပဲ ​မျှော်လင့်​ပါတယ်။ ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​၊​ သာသာယာယာ နည်း​လမ်း​ကိုပဲ ကျ​နော်တို့​က ​မျှော်လင့်​ပါတယ်။ အဖွဲ့​ချုပ်အ​နေနဲ့​ သ​ဘောထား​ပေါ့​ဗျာ။ ​ကြေညာချက်လိုဟာမျိုး​ဖြစ်ဖြစ်၊​ ဒါမှမဟုတ်ရင် စီအီး​စီ (ဗဟိုအလုပ်အမှု​ဆောင်အဖွဲ့​) ​ကြေညာချက်လိုဟာမျိုး​ ဖြစ်သွား​ဖို့​ရှိပါတယ်။”

ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အစိုး​ရ တာဝန်ရှိပုဂ္ဂိုလ် ဝန်ကြီး​ဦး​အောင်ကြည်တို့​ဟာ ဒီက​နေ့​ ​နေ့​လယ်ပိုင်း​က ရန်ကုန်မြို့​၊​ စိမ်း​လဲကန်သာ ဧည့်​ဂေဟာမှာ​တွေ့​ဆုံခဲ့​ကြပြီး​ ​တွေ့​ဆုံမှုနဲ့​ပတ်သက်ပြီး​ နှစ်ဘက်လုံး​က အပြုသ​ဘောရှုမြင်ပြီး​ အား​ရ​ကျေနပ်မှုရှိ​ကြောင်း​ ထုတ်​ဖော်​ပြောကြား​ခဲ့​ပါတယ်။

ဆွေး​နွေး​ဖြစ်တဲ့​ထဲမှာ ပြည်သူလူထုကိုယ်စိတ်နှစ်ပါး​ ချမ်း​သာ​စေ​ရေး​အတွက် နှစ်ဘက်ပူး​ပေါင်း​ ​ဆောင်ရွက်နိုင်မယ့်​ အခွင့်​အလမ်း​တွေကို ​ဆွေး​နွေး​ခဲ့​ကြပါတယ်။

အဲ့​ဒီလို​ဆွေး​နွေး​တဲ့​နေရာမှာ တရား​ဥပ​ဒေစိုး​မိုး​ရေး​၊​ စိတ်ဝမ်း​ကွဲပြား​မှု ပ​ပျောက်​ရေး​နဲ့​ အများ​ပြည်သူ အကျိုး​ဖြစ်ထွန်း​ရေး​ ကိစ္စ​တွေကို အဓိက ​ဆွေး​နွေး​ခဲ့​ကြပါတယ်။ လက်ရှိအ​ခြေအ​နေမှာ​တော့​ အစိုး​ရသစ်ဟာ ၁၉၉၀ ပြည့်​နှစ် ပါတီစုံအ​ထွေ​ထွေ​ရွေး​ကောက်ပွဲအနိုင်ရ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကိုတရား​မဝင်​တော့​တဲ့​ နိုင်ငံ​ရေး​ပါတီ တခုအဖြစ် ​ကြေညာသလို အစိုး​ရအာ​ဘော်ထုတ်သတင်း​စာ​တွေက​နေ ၂၀၀၈ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေနဲ့​အညီ နိုင်ငံ​ရေး​ပါတီထူ​ထောင်ဖို့​ တိုက်တွန်း​ရေး​သား​မှု​တွေ ရှိခဲ့​ပြီး​ အခုလို ​တွေ့​ဆုံခဲ့​တာလည်း​ ဖြစ်ပါတယ်။

ဒါ့​အပြင် ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​တွေကလည်း​ အာဆီယံ​ဒေသတွင်း​ လုံခြုံမှုအစည်း​အ​ဝေး​မှာ မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် ခန့်​ထား​ရေး​တွေနဲ့​ပတ်သက်ပြီး​ မြန်မာနိုင်ငံကို နိုင်ငံတကာက စစ်မှန်တဲ့​ပြုပြင်​ပြောင်း​လဲမှု ​တွေလုပ်ဖို့​ တိုက်တွန်း​ခဲ့​ပြီး​တဲ့​နောက်ပိုင်း​ အခုလို တိုက်ဆိုင်စွာနဲ့​ ​တွေ့​ဆုံမှုပြုလုပ်ခဲ့​တာဖြစ်ပါတယ်။

ဝန်ကြီး​ဦး​အောင်ကြည်ကို အရင်​အေး​ချမ်း​သာယာ​ရေး​နှင့်​ဖွံ့​ဖြိုး​ရေး​ကောင်စီက ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ နိုင်ငံ​ရေး​လုပ်ငန်း​တွေကို ဆက်သွယ်​ဆောင်ရွက်ရန်အတွက် ဆက်ဆံ​ရေး​ဝန်ကြီး​အဖြစ် ၂၀၀၇ စက်တင်ဘာ သံဃာ့​လှုပ်ရှား​မှုအပြီး​ ​အောက်တိုဘာ လဆန်း​ပိုင်း​မှာ စတင်ခန့်​ထား​ခဲ့​ပြီး​ ၉ ကြိမ်တိုင်တိုင် ​တွေ့​ဆုံ​ဆွေး​နွေး​မှုပြုလုပ်ခဲ့​ပါတယ်။

အဲ့​ဒီ​နောက် ဦး​အောင်ကြည်ဟာ အစိုး​ရသစ်ရဲ့​ ပြည်​ထောင်စု အလုပ်သမား​ဝန်ကြီး​ဌာန၊​ လူမှုဝန်ထမ်း​ ကယ်ဆယ်​ရေး​နှင့်​ ပြန်လည်​နေရာချထား​ရေး​ ဝန်ကြီး​ဌာနဝန်ကြီး​အဖြစ် တာဝန်ယူပြီး​ ၁၀ ကြိမ်​မြောက်အဖြစ် ​တွေ့​ဆုံမှု ပြန်လည်ပြုလုပ်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013