၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့က မီးလောင်သွားခဲ့တဲ့ တောင်ငူမြို့မဈေးကြီးကို ခေတ်မှီအဆင့်မြင့်ဈေးသစ်ကြီး အမြန်ဆုံးပြန်လည်တည်ဆောက်ရေးအတွက် ဇန်နဝါရီ ၂၅ ရက်နေ့ မနက်ပိုင်းက ဆန္ဒပြနေကြပါတယ်။
ဆန္ဒပြပွဲကို တရားဝင်ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့တာဖြစ်ပြီး နံနက် ၉ နာရီ ၁၅ မိနစ်အချိန်မှာ ဈေးကြီး မီးလောင်ပြင်နေရာဖြစ်တဲ့ နံပတ် ၆ လမ်းမှ စတင်ခဲ့ပြီး နံပတ် ၁ လမ်း၊ ဈေးလမ်း၊ ရန်ကုန်မန္တလေးလမ်း၊ ကန်လမ်း၊ ကုန်သည်ကြီးလမ်းမှ နံပတ် ၆ လမ်း စတင်ရာနေရာသို့ ပြန်လည်ရောက်ရှိပြီး ဈေးသူဈေးများမှ ဟောပြောမှုတွေ ပြုလုပ်ခဲ့ပြီး ၁၀ နာရီ မိနစ် ၄၀ အချိန်မှာ ပြီးဆုံးခဲ့ပါတယ်။
ဓာတ်ပုံ – ကိုသားကြီး (တောင်ငူ)