Homeသတင်းဓာတ်ပုံ
တပ်ပိုင်မြေဟုဆိုကာ မြောင်းတကာအုပ်စု ကျေးရွာအချို့ရှိ ဥယျာခြံနှင့် နေအိမ်များ ဖျက်ဆီးခံရ
တပ်ပိုင်မြေဟုဆိုကာ မြောင်းတကာအုပ်စု ကျေးရွာအချို့ရှိ ဥယျာခြံနှင့် နေအိမ်များ ဖျက်ဆီးခံရ
DVB
·
January 24, 2016
မှော်ဘီမြို့နယ်၊ မြောင်းတကာအုပ်စု စမ်းကလေးရွာနဲ့ ဝါးပတောရွာမှာရှိတဲ့ ဥယျာဉ်ခြံနှင့် နေအိမ်များကို ရဲနဲ့ အရပ်သား အင်အား ၄၀၀ ကျော်ဖြင့် ဒီနေ့ နံနက် ၄ နာရီမှာ ၀င်ရောက်ဖျက်ဆီးသွားပါတယ်။
ဇန်နဝါရီလ ၂၁ ရက်နေ့ကလည်း မြောင်းတကာအုပ်စု၊ ကုလားကုန်းကျေးရွာမှာ ရှိတဲ့ နေအိမ် ၅ လုံးကိုလည်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ ရဲတို့ အင်အားသုံး ဖျက်ဆီးသွားတယ်လို့ အိမ်ဖျက်ခံရတဲ့ ကိုအောင်မော် က ပြောပါတယ်။
ဒီနေရာဟာ ၅၀၁ လေတပ်စခန်း၊ မှော်ဘီလေယာဉ်ကွင်း တပ်ပိုင်ဖြစ်သည်ဟုဆိုကာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀ ရက်နေ့ နောက်ဆုံးဖယ်ရှားပေးရန် အကြောင်းကြားခဲ့ ပါတယ်။
မှော်ဘီမြို့နယ်မှာ မြောင်းတကာအပါ ရွာပေါင်း ၄ ရွာဖျက်ခံထားရပြီး အခုချိန်ထိ အိမ် ၅၀ လောက်ဖျက်ဆီးခံထားကြောင်း အိမ်ဖျက်ခံရတဲ့ ဝါးပတောကျေးရွာက မမျိုးသန္ဒာကပြောပါတယ်။
သတင်းဓာတ်ပုံ - ဦးညိုထွန်း