ကလေး ၂ သန်းကျော်ကို ပိုလီယိုကာကွယ်ဆေး ယနေ့ စတင် တိုက်ကျွေးမည်

ဓာတ်ပုံ - MOI
မွေးကင်းစကနေ အသက် ၅ နှစ်အရွယ်ထိ ကလေးများကို ဒီနေ့ကစပြီး ဇန်န၀ါရီ ၂၅ ရက်အထိ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ကူးစက်ရောဂါ ကာကွယ်ရေးဌာနညွှန်ကြားရေးမှူး ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။ နေပြည်တော်ကလွဲပြီး ကျန်ပြည်နယ်တိုင်းအသီးသီးရှိ မြို့နယ်ပေါင်း ၁၇၀ ကျော်က ကလေး ၂သန်းကျော်ကို ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးမှာဖြစ်ပြီး အခုလို ကာကွယ်ဆေး တိုက်ကျွေးခဲ့တာ ၁၀ ကြိမ်ကျော်ပြီ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က ကလေး ၂ ယောက်မှာ ပိုလီယိုရောဂါပိုး တွေ့ရှိခဲ့လို့ အခုလို ကာကွယ်ဆေးတိုက်ကျွေးတာဖြစ်ပြီး ၂၀၁၈ခုနှစ်မှာ မြန်မာဟာ ပိုလီယိုရောဂါပိုး ကင်းစင်တဲ့နိုင်ငံတခုဖြစ်ရေး ရည်မှန်းလုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up