ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ မိုတယ်တခု မူးယစ်ဆေးဝါးများ ဖမ်းမိ

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ရှိ မိုတယ်တခုမှာ ဇန်န၀ါရီ ၂၁ ရက်နေ့က မူးယစ်ဆေးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ မြ၀တီမြို့တွင်း ပစ်ခတ်မှုဖြစ်ပွားနောက်ပိုင်း တရားခံရှာဖွေရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် စစ်ဆေးမှုများဆောက်ရွက်နေတဲ့ အချိန်မှာ မြ၀တီမြို့တွင်းရှိ အဲဗာဂရင်း မိုတယ်မှာ စိတ်ကြွမူးယစ်ဆေး ၁၇၀၂ ပြား ဖမ်းဆီးမိခဲ့တာပါ။ ၂၀၁၆ ခုနှစ်မှာ မြ၀တီမြို့တွင်းမှ မူးယစ်ဆေးဝါး ၆ ကြိမ်ဖမ်းဆီးရမိခဲ့ပေမယ့်လည်း အခုတကြိမ်ဖမ်းမိတဲ့ မူးယစ်ဆေးပြားတွေဟာ အများဆုံးဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up