အင်ဒိုနီးရှားတွင် ကျည်ဆံရထား စတင်တည်ဆောက်

ဓာတ်ပုံ - Indonesian President's Office
ပထမဆုံးကျည်ဆန်ရထားလိုင်းကို တရုတ်နဲ့ ပူးပေါင်းတည်ဆောက်သွားမယ်လို့ အင်ဒိုနီးရှား သမ္မတ ဂျိုကို ၀ီဒိုဒိုက ကြေညာပါတယ်။ ဒေါ်လာ ၅.၆ ဘီလီယံတန် စီမံကိန်းကို တရုတ်နဲ့ ဂျပန်တို့က အပြိုင်လေလံဆွဲခဲ့ကြရာမှာ တရုတ်က ရရှိသွားတာ ဖြစ်ပါတယ်။ ရထားလိုင်းရဲ့ ဘူတာတခု အဖြစ်သတ်မှတ်မယ့် အနောက်ဂျာဗားမှာ ပထမဆုံး ဆောက်လုပ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်မှာ ဖြစ်တယ်လို့ ၀ီဒိုဒိုက ပြောပါတယ်။ ကျည်ဆန်ရထားဟာ တနာရီကို ၃၅၀ ကီလိုမီတာ (မိုင် ၂၂၀)နှုန်းနဲ့ မြို့တော် ဂျာကာတာနဲ့ မိုင် ၁၀၀ ဝေးတဲ့ ဘန်ဒေါင်းကို ပြေးဆွဲမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားမှာ လူထု သယ်ယူပို့ဆောင်ရေး စနစ် နည်းပါးနေတဲ့အတွက် လူတွေက ကိုယ်ပိုင်နဲ့ ပုဂ္ဂလိက အငှားယာဉ်တွေကို သွားရေးလာရေးမှာ အသုံးပြုရတဲ့အတွက် မြို့ကြီးတွေမှာ ယာဉ်ကြော ပိတ်တာတွေကို ရင်ဆိုင်ရပါတယ်။ ဒီရထားလိုင်းဆောက်လုပ်မှုကို ၂၀၁၈မှာ အပြီးသတ်မှာ ဖြစ်ပြီး ဒီနှစ်မှာပဲ ပြေးဆွဲမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up