အိုးဘိုထောင်မှ လွတ်မြောက်လာသည့် ဗကသကျောင်းသား နိုင်ရဲဝေနှင့် မေးမြန်းချက်
DVB
·
January 22, 2016
မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှ ဒီနေ့ နံနက် ၉ နာရီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်မြောက်လာတဲ့ ဗကသကျောင်းသား နိုင်ရဲဝေ ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။
မန္တလေး ရတနာပုံ တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ နိုင်ရဲဝေဟာ ကျောင်းသားသပိတ်မှာ ပါဝင်ခဲ့သူဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၇ နေ့က စစ်အာဏာရှင်ကျရှုံးပါစေဆိုတဲ့ စာသားကို ဆေးဗူးဖြင့် ရတနာပုံ ကျောင်းရှေ့မှာ ရေးသားခဲ့တာကြောင့် ဖမ်းဆီးခံရပြီး ကျောင်းအတွင်း သပိတ်စစ်ကြောင်းအား ထောက်ခံဆန္ဒပြမှုတို့နဲ့ ပုဒ်မ ၁၈/၅၀၅(ခ) အရေးယူပြီး မန္တလေး အိုးဘိုးထောင် ဖမ်းဆီးထောင်ချခံရသူဖြစ်ပါတယ်။
ရုပ်သံ - ၀င်းကိုကိုထွန်း