DVB Logo
Home
မြန်မာသတင်း
သုံး​စီး​မြောက် ထိုင်း​ ရဟတ်ယာဉ်ပျက်ကျ၊​ သုံး​ဦး​သေဆုံး
DVB
·
July 25, 2011
သုံး​စီး​မြောက် ထိုင်း​ ရဟတ်ယာဉ်ပျက်ကျ၊​ သုံး​ဦး​သေဆုံး
Donate to DVB

ထိုင်း​ကြည်း​တပ်ပိုင် ဘလက်​ဟော့​ ရဟတ်ယာဉ် ပျက်ကျပြီး​နောက် မ​နေ့​က ထိုင်း​လေတပ်ပိုင် ဘဲလ်ရဟတ်ယာဉ် တစီး​ ထပ်မံပျက်ကျသွား​ပါတယ်။

ပျက်ကျသွား​တဲ့​ ဘဲလ် ၂၁၂ ရဟတ်ယာဉ်ဟာ ၁၉ ရက်​နေ့​က ပျက်ကျတဲ့​ ဘလက်​ဟော့​ ရဟတ်ယာဉ်က ရုပ်အ​လောင်း​တွေကိုသယ်ဖို့​ဘန်​ကောက်က​နေ ကဲန်ကကျန် သစ်​တောကိုအသွား​ မ​နေ့​က မနက် ၉ နာရီ မိနစ် ၄၀ ​လောက်မှာ ပျက်ကျခဲ့​တာဖြစ်​ကြောင်း​ ​မြေပြင်ဆက်သွယ်​ရေး​စခန်း​က ​ပြောတယ်လို့​ ထိုင်း​ရုပ်သံသတင်း​ဌာန channel 9 က ​ကြေညာသွား​ပါတယ်။

တောထဲပျက်ကျသွား​တဲ့​ အဲဒီရဟတ်ယာဉ်ဆီကို ​ဒေသခံရွာသား​ ကရင်ဦး​ကြီး​တ​ယောက်နဲ့​ သူ့​ရဲ့​ သမီး​တ​ယောက်က အရင်ဆုံး​ရောက်ရှိသွား​ပြီး​ ရဟတ်ယာဉ်​ဘေး​မှာ လွင့်​ကျ​နေတဲ့​ ယာဉ်မှူး​ ၂ ဦး​အနက် တဦး​ကို မီး​ဘေး​က ကယ်ဆယ်နိုင်ခဲ့​တယ်လို့​ သတင်း​က ဆိုပါတယ်။

[caption id="attachment_13174" align="alignleft" width="310" caption="ပျက်ကျသွားသည့် ဘဲလ် ၂၁၂ ရဟတ်ယာဉ် (ဓာတ်ပုံ- www.norsorpor.com)"][/caption]

ကရင်ဦး​ကြီး​က "နှစ်​ယောက် ထွက်ကျ​နေတာကို ​တွေ့​ရတယ်။ ရဟတ်ယာဉ်ကို မီး​တဟုန်း​ဟုန်း​လောင်​နေပြီ။ အပြင်ဘက်ကိုကျလာတဲ့​ လူတ​ယောက်ကို မီး​တောက်နဲ့​ ​ဝေး​တဲ့​နေရာကို တို့​သား​အဖနှစ်​ယောက် ဆွဲထုတ်လာခဲ့​တယ်။ သူက သတိ ​ကောင်း​နေတုန်း​ပဲ အသက်မ​သေတာ ​တွေ့​ရလို့​ဝမ်း​သာပါတယ်" လို့​ channel 9 ကို ​ပြောကြား​ပါတယ်။

ဘဲလ် ၂၁၂ ရဟတ်ယာဉ်နဲ့​ ပါသွား​သူ ၄ ဦး​အနက် ​လေယာဉ်မှူး​ ၃ ဦး​ ​သေဆုံး​ပြီး​ ၁ ဦး​ လွတ်​မြောက်လာတာဖြစ်ပါတယ်။ လွတ်ဘူရီခရိုင် ပျံသန်း​ရေး​စခန်း​ဌာနချုပ်မှူး​က ခုတကြိမ် ပျက်ကျတာနဲ့​ ပတ်သက်ပြီး​ ထိုင်း​ရုပ်သံသတင်း​ဌာန တီပီဘီအက်စ်ရဲ ​မေး​မြန်း​ချက်ကို ခုလို ​ဖြေကြား​သွား​ပါတယ်။

“ပျက်ကျနိုင်တဲ့​ အချက်က သုံး​ချက်ရှိတယ်။ လူချို့​ယွင်း​ချက် ဒါမှမဟုတ် မိုး​လေဝသ အ​ခြေအ​နေ ဆိုး​ဝါး​လို့​ ပြီး​တော့​ ပတ်ဝန်း​ကျင်​ပေါ့​။ ခုတစီး​ ပျက်ကျတာက စက်ချို့​ယွင်း​မှု​ကြောင့်​ ဖြစ်ဖို့​များ​တယ်။"

ထိုင်း​ ရဟတ်ယာဉ် ၃ စီး​ ပျက်ကျခဲ့​တဲ့​ ထိုင်း​နိုင်ငံ​တောင်ပိုင်း​ ရာ့​ခ်ျဘူရီခရိုင်နဲ့​ ဖက်ခ်ျဘူရီခရိုင်က ကဲန်ကကျန်ကြိုး​ဝိုင်း​ ​ဒေသဟာ မြန်မာပြည်ဘက်က ထား​ဝယ်နဲ့​ မြိတ်ခရိုင်မှာရှိပြီး​ ​ပေ သုံး​ထောင်​ကျော်မြင့်​တဲ့​ တနင်္သာရီ​တောင်တန်း​ဒေသနဲ့​ ဆက်စပ်​နေတာ ဖြစ်ပါတယ်။

ထိုင်း​ သစ်ထုတ်လုပ်​ရေး​ ကုမ္ပဏီတချို့​ရဲ့​ မသမာမှု​ကြောင့်​ ​တော​တွေပြုန်း​တီး​နေမှုကို ကင်း​လှည့်​ကြည့်​ရှုရင်း​ ရဟတ်ယာဉ်​တွေ ခုလို ပျက်ကျတာ ဖြစ်တယ်လို့​ ထိုင်း​မီဒီယာ​တွေက ​ပြောပါတယ်။

ဒီရဟတ်ယာဉ်​တွေ ဆက်တိုက် ပျက်ကျ​နေမှုနဲ့​ ပတ်သက်ပြီး​ ​လေယာဉ်မှူး​တွေကို အပြစ်မမြင်ကြဘဲ အား​ပေး​ဖေး​မကြဖို့​ ထိုင်း​စစ်ဦး​စီး​ချုပ် ဗိုလ်ချုပ်ကြီး​ ပရာယွတ် ကျန်အိုချာက မီဒီယာက​နေတဆင့်​ တနိုင်ငံလုံး​ကို ​မေတ္တာရပ်ခံခဲ့​ပါတယ်။

သေဆုံး​သူ တပ်မှူး​တပ်သား​ အား​လုံး​ကို ရာထူး​နဲ့​ ခံစား​ခွင့်​ မြှင့်​တင်​ပေး​လိုက်တဲ့​အပြင် သူတို့​ရဲ့​ သား​သမီး​တွေအား​လုံး​ အစိုး​ရအမှုထမ်း​လိုက ထမ်း​ပိုင်ခွင့်​ ​ပေး​လိုက်တယ်လို့​ ထိုင်း​မီဒီယာ​တွေမှာ ​ဖော်ပြပါတယ်။

ဇူလိုင် ၁၆ ရက်မှာ ယူအိ​ခေါ် ပထမဆုံး​ရဟတ်ယာဉ်ဟာ နယ်စပ်သစ်​တော​တွေအ​ပေါ် ကင်း​လှည့်​ပျံသန်း​ကြည့်​ရှုရာက​နေ ပျက်ကျခဲ့​တာဖြစ်ပြီး​ အဲဒီရဟတ်ယာဉ်က ​သေဆုံး​သူ ၅ ဦး​ကို သယ်ယူဖို့​သွား​တဲ့​ ဘလက်​ဟော့​ကလည်း​ ဇူလိုင် ၁၉ ရက်မှာ ပျက်ကျခဲ့​တာဖြစ်ပါတယ်။ ခု​နောက်ဆုံး​ ဘဲလ် ၂၁၂ ရဟတ်ယာဉ်နဲ့​ ​ပေါင်း​လိုက်ရင် ​သေဆုံး​သူ စုစု​ပေါင်း​ ၁ရ ဦး​ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013