Sunday, May 28, 2023
မီး​လောင်​သေဆုံး​သည့်​ အဖွား​အိုကိစ္စ မ​ဖြေရှင်း​ပေး​သည့်​အတွက် ရွာသား​များ​ မ​ကျေနပ်
စစ်ကိုင်း​တိုင်း​ဒေသကြီး​ ​ရွှေဘိုခရိုင် ​ရွှေဘိုမြို့​နယ်ထဲက သီလုံး​စံပြ​ကျေး​ရွာမှာ အသက် ၈၃ နှစ်အရွယ်အဖွား​အို ​ဒေါ်သိန်း​ရီဟာ ဒီလဆန်း​ (၃) ရက်​နေ့​က အိမ်မှာ မီး​လောင်ဒဏ်ရာနဲ့​ ​သေဆုံး​ခဲ့​ပါတယ်။
ဒီ​သေဆုံး​မှုဟာ အဖွား​ရဲ့​မြေး​က ဓာတ်ဆီ​လောင်း​မီး​ရှို့​တာလို့​ ရွာသား​တွေက ယူဆပြီး​ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​နဲ့​ ရဲကအ​ရေး​မယူတဲ့​အ​ပေါ် မ​ကျေမနပ် ဖြစ်​နေကြပါတယ်။
ဒီလ ၃ ရက်​နေ့​ ည ခုနှစ်နာရီခန့်​ မီး​လောင်မှုကို ​ဘေး​အိမ်​တွေက သိလို့​ ငြိမ်း​သတ်နိုင်​ပေမယ့်​ နာရီပိုင်း​လောက်အကြာမှာ မီး​လောင်ဒဏ်ရာ​တွေရတဲ့​ အဖွား​ဟာ ​နောက်​နေ့​ မနက် ၂ နာရီ​လောက်မှာ ကွယ်လွန်ခဲ့​ပါတယ်။
သူ့​မြေး​ ကိုလှိုင်ဝင်း​က သူ့​ကို​ခေါင်း​က​နေ ဓာတ်ဆီ​လောင်း​ချ မီး​ရှို့​လိုက်တာလို့​ အဖွား​က မ​သေခင်မှာ ရွာသား​တွေကို ​ပြောခဲ့​သလို ကိုလှိုင်ဝင်း​ကို ရဲကဖမ်း​သွား​ပြီဆိုမှ အသက်ထွက်သွား​တယ်လို့​ ရွာခံ အမျိုး​သမီး​တဦး​က ​ပြောပါတယ်။
အ​လောင်း​ကို ၁၁ နာရီ​လောက်မှာ သင်္ဂြိုဟ်ပြီး​မှ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​က ဒီအဖွား​ဟာ အနာကြီး​ရောဂါရှိလို့​ ဓာတ်ဆီနဲ့​အရက်ပျံ​ရောပြီး​ လိမ်း​ရာက ​ဆေး​လိပ်ဖွာလိုက်လို့​ မီး​ကူး​စက်​လောင်သွား​တာလို့​ ​ဖြေဆိုပြီး​တဲ့​နောက် ကိုလှိုင်ဝင်း​ ပြန်လွတ်လာပါတယ်လို့​ ဆိုပါတယ်။
ရွာသူအမျိုး​သမီး​တဦး​က “အဖွား​ကြီး​ကို ဓာတ်ဆီနဲ့​ ​ခေါင်း​က​နေ ​လောင်း​ချပြီး​တော့​ ​အောက်က​နေ ဂတ်စ်မီး​ချစ်နဲ့​ တင်ရှို့​လိုက်တာ​ပေါ့​။ အဲဒီလို တင်ရှို့​တော့​ အဖွား​ကြီး​က ​လောင်သွား​တာ။ တိုင်မှာ တိုင်မှာနဲ့​ ဆိုပြီး​တော့​ ​ဘေး​ကလူ​တွေ ဝိုင်း​ငြှိမ်း​ကြတာ​ပေါ့​ဗျာ။ ​စောင်နဲ့​ ​ရေစွတ် အုပ်လိုက်​တော့​မှ ငြိမ်း​သွား​တာ။ ဝိုင်း​ပြီး​ လုပ်ရာကိုင်ရာက​နေပြီး​တော့​ အဖွား​ကြီး​က မနက် ၂ နာရီထိုး​လောက် ​ရောက်​တော့​ လှိုင်ဝင်း​ကို ဖမ်း​သွား​ပြီဆိုမှ အဖွား​ကြီး​က အသက်ထွက်သွား​တာ သူက။ အဲဒီကျမှ လူ​တွေက အ​လောင်း​ကို တခါတည်း​ ပြင်ဆင်ပြီး​တော့​ သူတို့​ ​နေ့​ ၁၁ နာရီ ထိုး​လောက်ကို မီး​သင်္ဂြိုဟ်လိုက်တယ်။ ဘယ်ရဲမှလည်း​ လာမကြည့်​ရဘူး​” လို့​ ​ပြောပါတယ်။
ဆေး​လိမ်း​တဲ့​ ဓာတ်ဆီဟာ ဒီ​လောက်မီး​လောင်စရာ အ​ကြောင်း​မရှိဘူး​လို့​ ရွာသား​တွေက အခိုင်အမာ တွက်ချက်​နေကြပြီး​ အဖွား​ကို ​ခေါင်း​က​နေ ဓာတ်ဆီ​လောင်း​ပြီး​မီး​ရှို့​ခဲ့​တာလို့​ ဆိုပါတယ်။
ဒါ့​အပြင် ဒီမီး​လောင်မှုကို ရဲက လာ​ရောက်မစစ်​ဆေး​တဲ့​အ​ပေါ် ရွာသား​တွေက အပြစ်ဖို့​ ​နေကြပါတယ်။
မီး​ငြိမ်း​သတ်တဲ့​ ​ဒေသခံ​တွေက ကိုလှိုင်ဝင်း​ရဲ့​ အရင်က အဖွား​အိုကို မီး​ရှို့​မယ်လို့​ ​ပြောဆိုကြိမ်း​မောင်​ပြောဆိုမှု​တွေနဲ့​ တကယ်ဖြစ်ပွား​ခဲ့​တဲ့​ ဖြစ်ရပ်ကို ​ထောက်ပြပြီး​ ဒီဖြစ်ရပ်ဟာ လူ​သေမှု၊​ လူသတ်မှု​တွေနဲ့​ ကိုလှိုင်ဝင်း​ကို စွဲဆိုစစ်​ဆေး​အ​ရေး​ယူ​စေချင်ကြပါတယ်။
RELATED ARTICLES
- Advertisment -
Google search engine
Most Popular