A d v e r t i s e m e n t With Us

ရှမ်း​တပ်ကို ဗုံး​ကြဲရန် အစိုး​ရပြင်ဆင်

ရှမ်း​ပြည်တပ်မ​တော် (အက်စ်အက်စ်ပီပီ) ဝမ်ဟိုင်း​ဌာနချုပ်ကို ဗုံး​ကြဲတိုက်ခိုက်ဖို့​ ဒီက​နေ့​ ​နေပြည်​တော်က​နေ တိုက်​လေယာဉ် (၇) စီး​ဟာ ရှမ်း​ပြည် နမ့်​စမ်​လေဆိပ်မှာ ဆီဖြည့်​ရပ်နား​တယ်လို့​ ရှမ်း​တပ်မ​တော်က ​ပြောခွင့်​ရသူ ဗိုလ်မှူး​စိုင်း​လက ​ပြောပါတယ်။ ဒီအ​ခြေအ​နေ​တွေနဲ့​ပတ်သက်လို့​ ဗိုလ်မှူး​စိုင်း​လ ကို ​မေး​မြန်း​ထား​ပါတယ်။ ရှမ်း​ပြည်တပ်မ​တော်ရဲ့​ခွင်ထဲမှာ ဘာ​တွေများ​ ထူး​ခြား​တာ ဖြစ်​နေလဲ။ “ညက ဆက်သွယ်လာတဲ့​ အတင်း​အရ​ပေါ့​။ ဒီ​နေ့​ ​နေပြည်​တော်က​နေ တိုက်​လေယာဉ် ၇ စီး​ အဲဒီမှာ ထွက်လာပြီး​တော့​ နမ့်​စမ် ​လေယာဉ်ကွင်း​မှာ ဆီလာဖြည့်​တယ်။ ဆီဖြည့်​ပြီး​ ဝမ်ဟိုင်း​ကို ဗုံး​ကြဲဖို့​ အဲဒီလို သတင်း​ရထား​တယ်ခင်ဗျ။ အဲဒါ ဝမ့်​ဟိုင်း​ဘက်မှာ မိုး​တအား​ရွာတယ်ဆို​တော့​ ဒီည သူတို့​ ကြဲဖြစ်ချင်မှ ကြဲဖြစ်မယ်​လေ။” အဲဒါ ဘယ်အချိန်​လောက်က သတင်း​ရတာလဲ ဗိုလ်မှူး​။ “အခု ည​နေပိုင်း​လောက်မှာခင်ဗျ။” အဲဒီ​တော့​ ဒီ ​ရှေ့​တန်း​နယ်​မြေ​တွေက​ရော ဘာ​တွေ ထူး​ခြား​လဲ။ တပ်​တွေရဲ့​ လှုပ်ရှား​မှုက​ရော ဘယ်လို ရှိပါသလဲ။ “ကျ​နော်တို့​ ဝမ့်​ဟိုင်း​အပြင်ဘက်မှာ​တော့​ ​နေရာတကာ တိုက်ပွဲ ဖြစ်​နေပါတယ်။” ဝမ့်​ဟိုင်း​ဌာနချုပ်က ဗိုလ်မှူး​တို့​အတွက် ဘယ်​လောက် အ​ရေး​ပါ ပါသလဲ။ ဘာအတွက် အ​ရေး​ပါတာပါလဲ။ “ကျ​နော်တို့​ ဝမ့်​ဟိုင်း​ဌာနချုပ်က ငြိမ်း​ချမ်း​ရေး​ယူခါစတုန်း​က ကျ​နော်တို့​ တည်​ဆောက်ခဲ့​တယ်​လေ။ အဲဒီမှာ ကျ​နော်တို့​နယ်​မြေ စိုး​မိုး​ရေး​အတွက်​ရော တခြား​ ကွပ်ကဲမှု​ရော အလည်ဗဟိုကျတဲ့​ ​နေရာ​လေ။” ဒီ လွှမ်း​ခြုံတဲ့​ ​နေရာတခုကို ဗိုလ်မှူး​တို့​ ဘယ်လိုမျိုး​ ကာကွယ်မလဲ ဘယ်​လောက်အထိ​အောင် ပြင်ဆင်ထား​ပါသလဲ။ “ကျ​နော်တို့​က​တော့​ တတ်နိုင်သ​လောက်​တော့​ ခုခံသွား​မှာပဲ။ ဒါ​ပေမယ့်​ လက်လွှတ်ရလည်း​ အဲဒါအတွက် ကျ​နော်တို့​မှာ ဘာကျန်ခဲ့​မလဲဆိုရင် အ​ဆောက်အဦ​တွေပဲ ကျန်မှာပါ။ အဲဒီမှာ ဘာအ​ဆောက်အဦ ရှိလဲဆို​တော့​ အဲဒီ ခန်း​မတို့​၊​ အိမ်ရာတို့​၊​ ပြီး​တော့​ ခ​နောက်စိမ်း​ စက်ရုံတို့​၊​ ​ရေအား​လျှပ်စစ်တို့​ ဒီ​လောက်ပဲ ကျန်မှာပါ။ အခုက သူတို့​ မရမချင်း​ တိုက်တာက အဲဒီ ကျ​နော်တို့​ ဌာနချုပ် ကျသွား​လည်း​ ကျ​နော်တို့​က ပြိုကွဲသွား​တာ မဟုတ်ဘူး​လေ။ ဌာနချုပ်ကို လွှတ်​ပေး​ရမယ်​လေ။ ဒါ​ပေမယ့်​ ကျ​နော့်​အမြင်နဲ့​ ​ပြောရမယ် ဆိုရင်​တော့​ သူတို့​ ဌာနချုပ်ရရင် ကိုး​ကန့်​ကို တိုက်တုန်း​ကလို သူတို့​က အပြစ်ဖို့​စရာ​တွေ သူတို့​က ကြံစည်မှာ​ပေါ့​။ ဥပမာ မူး​ယစ်​ဆေး​ဝါး​ချက်တဲ့​ စက်ရုံရှိတယ်။ အဲဒီမှာ ပစ္စည်း​တွေ ရတယ်။ ​နောက် ဘိန်း​တွေလာချထား​မယ်၊​ ဘိန်း​ဖြူတို့၊​ ဘိန်း​မဲတို့​ အဲဒီ စိတ်ကြွ​ဆေး​တို့​၊​ အဲဒါ တခုခု​တော့​ သူတို့​ လုပ်မယ်လို့​ ကျ​နော် ထင်ပါတယ်။”

A d v e r t i s e m e n t With Us

More News
Up