A d v e r t i s e m e n t With Us

အစိုး​ရသစ်လက်ထက် လူ့​အခွင့်​အ​ရေး​ တိုး​တက်မှုမရှိဟု အာရှလူ့​အခွင့်​အ​ရေး​အဖွဲ့​ ​ပြော

သမ္မတဦး​သိန်း​စိန် ဦး​ဆောင်တဲ့​ အစိုး​ရသစ်လက်ထက်မှာ အရင်တပ်မ​တော် အစိုး​ရ ကာလကလိုပဲ လူ့​အခွင့်​အ​ရေး​ တိုး​တက်လာခြင်း​မရှိဘူး​လို့​ အာရှလူ့​အခွင့်​အ​ရေး​အဖွဲ့​က ​ပြောပါတယ်။ အာရှလူ့​အခွင့်​အ​ရေး​အဖွဲ့​ ​ပြောခွင့်​ရသူ ဦး​မင်း​လွင်ဦး​ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။ ဦး​သိန်း​စိန်အစိုး​ရသစ်ကာလနဲ့​ တပ်မ​တော်အစိုး​ရ လက်ထပ်တုန်း​ကနဲ့​ပေါ့​နော် လူ့​အခွင့်​အ​ရေး​အ​ခြေအ​နေကို နှိုင်း​ယှဉ်ပြပါလား​။ တိုး​တက်လာတာ ​တွေ့​ရလား​။ “ဒီ အစိုး​ရသစ် တက်လာပြီး​တဲ့​ ​နောက်ပိုင်း​မှာ မြန်မာနိုင်ငံရဲ့​ လူ့​အခွင့်​အ​ရေး​ အ​ခြေအ​နေက တိုး​တက်လာသလား​လို့​ ​မေး​ရင်​တော့​ မတိုး​တက်လာဘူး​ အရင်အတိုင်း​ပဲ ဖြစ်ပျက်​နေတဲ့​ ဥစ္စာ​တွေ ရှိ​နေတယ်။ ပိုပြီး​တော့​ ​ကောင်း​လာ​အောင် ​ဆောင်ရွက်မှု မရှိ​သေး​ဘူး​လို့​ပဲ ​ပြောချင်ပါတယ်။ ဘာဖြစ်လို့​လဲဆို​တော့​ ဥပမာအား​ဖြင့်​ က​လေး​သူငယ်​တွေရဲ့​ အခွင့်​အ​ရေး​တွေနဲ့​ ဆိုင်တဲ့​ ကိစ္စရပ်​တွေ ရှိ​နေတယ်။ အဓမ္မ က​လေး​စစ်သား​အဖြစ် စု​ဆောင်း​ခြင်း​ ခံ​နေရတဲ့​ ကိစ္စရပ်​တွေ ရှိ​နေတယ်။ အဓမ္မလုပ်အား​ပေး​ခံ​နေရတဲ့​ ကိစ္စရပ်​တွေ ရှိ​နေတယ်။ ​နောက်ပြီး​တော့​ တိုင်း​ရင်း​သား​ဒေသ​တွေမှာ ​ပေါ်တာဆွဲတာ​တွေ၊​ ရွာသူရွာသား​တွေကို နှိပ်စက်ညှဉ်း​ပန်း​တာ​တွေ အစ ရှိသဖြင့်​ ​နေ့​စဉ် ​နေ့​တိုင်း​ ကျ​နော်တို့​ ကြား​သိ​နေရတာ ဖြစ်တယ်။ ဒါ​တွေကို ထိ​ရောက်စွာ အ​ရေး​ယူ ​ဆောင်ရွက်​ပေး​နိုင်ခြင်း​ မရှိ​သေး​ဘူး​ ဆိုတာလည်း​ ကျ​နော်တို့​ ​တွေ့​ရတယ်။ ဥပမာအား​ဖြင့်​ က​လေး​စစ်သား​တွေနဲ့​ ပတ်သက်လို့​ အိုင်အယ်လ်အိုကို တိုင်တန်း​တဲ့​ အမှု​တွေ ပိုမိုများ​ပြား​လာတယ်။ အိုင်အယ်လ်အိုက​နေပြီး​တော့​ လိုက်လံပြီး​တော့​ ​ဆောင်ရွက်​ပေး​လို့​ ပြန်​ရောက်လာတဲ့​ က​လေး​တွေ တချို့​လည်း​ ပြန်လည် အဖမ်း​ခံရတယ် ဆိုတာ​တွေကို ကျ​နော်တို့​ ကြား​သိ​နေရတယ်။ ဒါ​ကြောင့်​ တိုး​တက်မှု မရှိဘူး​လို့​ ကျ​နော်တို့​က ဆိုလိုခြင်း​ ဖြစ်ပါတယ်ခင်ဗျ။” အိုင်စီအာစီလိုအဖွဲ့​ကို လွန်ခဲ့​တဲ့​ ၂၀၀၅ ခုနှစ်​လောက်က ပိတ်ပင်ထား​တာ အခု အစပျိုး​ပြီး​တော့​ အစိုး​ရသစ်က​နေပြီး​တော့​ လက်ခံတာ ​တွေ့​ရတယ်။ အဲဒါက​ရော တိုး​တက်မှု မဟုတ်ဘူး​လား​။ “အိုင်စီအာစီက အခု အကျဉ်း​ထောင်​တွေအတွင်း​ကို ဝင်​ရောက်နိုင်တယ် ဆိုတာက ​သောက်​ရေသန့်​ ရဖို့​ ကိစ္စ၊​ စား​ဖို​ဆောင်ဝင်​ရောက် စစ်​ဆေး​စီရင်တဲ့​ ကိစ္စ ဒီ​လောက်အထိပဲ သူတို့​ လုပ်နိုင်ပါ​သေး​တယ်။ တကယ့်​ အကျဉ်း​သား​တွေ ရင်ဆိုင် ကြုံ​တွေ့​နေရတဲ့​ ​ဆေး​ဝါး​ကုသမှုနဲ့​ဆိုင်တဲ့​ လိုအပ်မှု​တွေ၊​ ​နောက်ပြီး​တော့​ အကျဉ်း​ထောင်အတွင်း​မှာ တကယ် ဆရာဝန်နဲ့​ အကျဉ်း​သား​တွေနဲ့​ မျှမျှတတ ရှိမှု မရှိမှု စတဲ့​ အ​ခြေခံအချက်အလက်​တွေ စစ်​ဆေး​နိုင်ဖို့​အထိ​တောင်မှ သူတို့​ အ​နေနဲ့​ မ​ဆောင်ရွက်နိုင်​သေး​ဘူး​ဆိုတာ ကျ​နော်တို့​ ​တွေ့​ရတယ်။ ဒါ​ပေမယ့်​လည်း​ ကျ​နော်တို့​ အိုင်စီအာစီနဲ့​ အခုလိုမျိုး​ အစပျိုး​ဝင်​ရောက်နိုင်တယ်ဆိုတာကို​တော့​ ကျ​နော်က ​ကောင်း​တယ်လို့​တော့​ ​ပြောချင်ပါတယ်။” အကျဉ်း​သား​တွေရဲ့​ ​နေ​ရေး​ထိုင်​ရေး​ စား​ရေး​သောက်​ရေး​တွေ အခွင့်​အလမ်း​တွေ က​ရော ဘယ်လိုမျိုး​ မြင်ပါသလဲ။ “ကျ​နော်တို့​ အကျဉ်း​ထောင်​တွေအတွင်း​မှာ ဒီ အစိုး​ရက​နေပြီး​တော့​ သတ်မှတ် ပြဋ္ဌာန်း​ထား​တဲ့​ အကျဉ်း​သား​တွေအတွက် လိုအပ်တဲ့​ ရိက္ခာကို အပြည့်​အဝ မရဘူး​ ဆိုတာကို ကျ​နော်တို့​ သိရတယ်။ ​နောက်ပြီး​တော့​ ဒီအကျဉ်း​သား​တွေကို ​စောင့်​ရှောက်​ကျွေး​မွေး​ဖို့​အတွက်ကို ပြည်ထဲ​ရေး​ဝန်ကြီး​ဌာနက​နေပြီး​တော့​ ​ငွေ​ကြေး​သတ်မှတ်ပြီး​တော့​ ချ​ပေး​တဲ့​ အခါမှာလည်း​ လုံ​လောက်မှု မရှိဘူး​ ဆိုတာ​တွေက ပြီး​ခဲ့​တဲ့​ လ​တွေအတွင်း​က အကျဉ်း​ထောင်​တွေ အတွင်း​မှာ အစာငတ်ခံ ဆန္ဒပြတဲ့​ အဖြစ်အပျက်​တွေက​နေပြီး​တော့​ သက်​သေခံ​နေတယ်။ ဒါ​ကြောင့်​ အကျဉ်း​ထောင်​တွေရဲ့​ လက်ရှိအ​ခြေအ​နေက ​ကောင်း​မလာဘဲနဲ့​ ဆိုး​သည်ထက် ဆိုး​နေတယ်လို့​တော့​ ကျ​နော်တို့​ ​ပြောချင်ပါတယ်။” ပြီး​ခဲ့​တဲ့​ သီတင်း​ တပတ်နှစ်ပတ်အတွင်း​မှာ ချင်း​ပြည်နယ်လွှတ်​တော်က​နေပြီး​ ပြည်ပမီဒီယာ ​ရေဒီယို​တွေနဲ့​ မ​ပြောဖို့​ ဆိုပြီး​တော့​ ပိတ်ပင်ကန့်​သတ်တာ ​တွေ့​ရတယ်။ အခု ရက်ပိုင်း​မှာ​တော့​ ကရင်ပြည်နယ်ထဲမှာ အလား​တူ ကန့်​သတ်တာမျိုး​တွေ ရှိတယ်။ အဲဒီ​တော့​ ဒီဖြစ်စဉ်နဲ့​ ပတ်သက်ပြီး​တော့​ မြန်မာရဲ့​ နိုင်ငံ​ရေး​ပါတီ​တွေရဲ့​ လွတ်လပ်ခွင့်​က​ရော ဘယ်​လောက် အတိုင်း​အတာအထိ မြင်ရလဲ။ “ကျ​နော်တို့​ ဒီ ၂၀၀၈ ခုနှစ် အ​ခြေခံဥပ​ဒေပါ အချက်အလက်​တွေအတိုင်း​ ဖွဲ့​စည်း​ထား​တဲ့​ အစိုး​ရက ကျ​နော်တို့​ ပထမဦး​ဆုံး​တုန်း​က​တော့​ ဒီမိုက​ရေစီနည်း​ကျ ​ရွေး​ချယ်တင်​မြှောက်တဲ့​ သဏ္ဌာန်​ဆောင်တယ်လို့​တော့​ ဟန်ပြ ​ပြောလို့​ ရတာ​ပေါ့​ဗျာ။ ဒါ​ပေမယ့်​ အစိုး​ရသစ်​ရွေး​ချယ်ပြီး​တဲ့​နောက်ပိုင်း​မှာ ​အောက်​ခြေ အဖွဲ့​အစည်း​တွေကို ပြန်လည်ဖွဲ့​စည်း​တဲ့​အခါကျ​တော့​ ကျ​နော်တို့​ အရင် တပါတီ အာဏာရှင်စနစ်ကအတိုင်း​ပဲ ဒီကြံ့​ဖွံ့​ပါတီ အနိုင်ရဖို့​ရယ်၊​ အဲဒီလူ​တွေနဲ့​ အ​ခြေခံ ဖွဲ့​စည်း​တာ​တွေရယ် ကျ​နော်တို့​ ​တွေ့​လာတယ်။ ​နောက်ပြီး​တော့​ ဒီ ဗဟိုက​နေပြီး​တော့​ ချုပ်ကိုင်မှု အာဏာအဆင့်​ဆင့်​ကလည်း​ ပြည်နယ်​တွေကို ခွဲ​ဝေ​ပေး​ထား​တာ မရှိဘဲနဲ့​ ပြည်နယ်​တွေရဲ့​ လုပ်ကိုင်​ဆောင်ရွက်ခွင့်​တွေကိုပါ ကန့်​သတ်​ဆောင်ရွက်လာတယ် ဆိုတာ ကျ​နော်တို့​ ​တွေ့​ရတယ်။ ဒါ​တွေက​တော့​ ကျ​နော်တို့​ ဖွဲ့​စည်း​ပုံအ​ခြေခံ ဥပ​ဒေမှာ ထည့်​ရေး​ထား​တာ​တွေနဲ့​ ဒီ အစိုး​ရကိုယ်တိုင် လိုက်နာကျင့်​သုံး​တာ​တွေနဲ့​က တလွဲ​တွေ ဖြစ်​နေတယ် ဆိုတာကို ကျ​နော်တို့​ မြင်တယ်။ အဲဒီ​တော့​ ပြည်နယ် အစိုး​ရအဖွဲ့​ဝင် လူ​တွေကို နိုင်ငံခြား​မီဒီယာ​တွေနဲ့​ အင်တာဗျူး​မလုပ်ဖို့​အတွက် တား​မြစ်​နေတယ် ဆိုတာက​တော့​ လွတ်လပ်စွာ​ပြောဆိုပိုင်ခွင့်​ကို အတိအလင်း​ တား​မြစ်ပိတ်ပင်တယ်လို့​ပဲ ကျ​နော့်​အ​နေနဲ့​ ​ပြောချင်ပါတယ်ခင်ဗျ။” အစိုး​ရသစ်လက်ထပ်မှာ အရင်တပ်မ​တော်အစိုး​လက်ထပ်တုန်း​က အာဆီယံမှာ ဝင်​ရောက်သ​ဘောတူညီခဲ့​တဲ့​ အာဆီယံ charter က​ရော ဒီ မြန်မာအစိုး​ရကို လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေ ​ဘောင်ကျဉ်း​သထက် ကျဉ်း​သွား​အောင် ​ဆောင်ကျဉ်း​ပေး​နိုင်မယ် မဟုတ်ဘူး​လား​။ “အာဆီယံ လူ့​အခွင့်​အ​ရေး​ charter မှာ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေကို အ​ရေး​ယူ​ဆောင်ရွက်ဖို့​အတွက် ဘယ်လိုလုပ်​ဆောင်မယ်ဆိုတဲ့​ တိကျတဲ့​ ပြဋ္ဌာန်း​ချက်​တွေ ကျ​နော်တို့​ ပါဝင်ထား​တာ မ​တွေ့​ရ​သေး​ပါဘူး​။ လူ့​အခွင့်​အ​ရေး​အဖွဲ့​ကို ဖွဲ့​စည်း​မယ်ဆိုတာ တခုနဲ့​တင် လုံ​လောက်တယ်လို့​တော့​ ကျ​နော်တို့​ ​ပြောလို့​ မရဘူး​။ အာဆီယံလူ့​အခွင့်​အ​ရေး​ ​ကော်မရှင်အဖွဲ့​ ဖွဲ့​ပြီး​လို့​ရှိရင် ​ဒေသတွင်း​မှာ ရှိတဲ့​ နိုင်ငံ​တွေရဲ့​ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှုကို ဘယ်လို စုံစမ်း​မယ် အ​ရေး​ယူမယ်၊​ ​နောက်ပြီး​တော့​ ဘယ်လို ပြင်း​ထန်စွာသတိ​ပေး​မယ်ဆိုတာ​တွေ ပါမှသာ ကျ​နော်တို့​က အာဆီယံ လူ့​အခွင့်​အ​ရေး​ charter ကို အာရှနိုင်ငံ​တွေအတွက် အကျိုး​ပြုတဲ့​ charter တခု ဖြစ်တယ်လို့​ ကျ​နော်တို့​ ​ပြောနိုင်မှာဖြစ်တယ်။ လက်ရှိအ​ခြေအ​နေမှာက​တော့​ ဘာမှ ထိ​ရောက်စွာ​ဆောင်ရွက်နိုင်တဲ့​ ကိစ္စရပ်တခု မဟုတ်ဘူး​ဆိုတာကိုပဲ ကျ​နော်တို့​ မြင်ပါတယ်ခင်ဗျ။”

A d v e r t i s e m e n t With Us

More News
Up