Home
မြန်မာသတင်း
ဝေဖန်ခံနေရသည့် မူလတန်းကျောင်းဆုပေးပွဲကိစ္စ ကျောင်းအုပ်ကြီးရှင်းလင်း
နော်နိုရင်း
·
January 15, 2016
11204875_1526341827664039_8660844436486668925_n
ပဲခူးတိုင်း သာယာဝတီခရိုင် အုပ်ဖိုမြို့နယ် ငါးရှဥ့်ရိုးအမှတ် ၁ အခြေခံပညာ မူလတန်းကျောင်းမှာ ဇန်န၀ါရီ ၁၄ ရက်ကကျင်းပတဲ့ ပညာရည်ချွန်ဆုပေးပွဲအတွင်း ကလေးငယ်တွေကို အတွင်းခံ ဝတ်စုံတွေနဲ့ ဖျော်ဖြေစေခဲ့တဲ့ ဓါတ်ပုံလူမှုကွန်ရက်မှာ ပျံ့နှံ့ပြီး ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ ငါးရှဥ့်ရိုး အ.မ.က(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသန်းကတော့ ပျော်ရွှင်စရာ ဖြစ်အောင်လုပ်ဆောင်တာဖြစ်ပြီး အဆိုပါကလေးတွေဟာ မိန်းကလေးတွေ မဟုတ်ဘဲ မိန်းကလေးလို ၀တ်ဆင်ထားတဲ့ ယောကျာ်းလေးတွေသာဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ “ဒီလိုမျိုးလုပ်ရတယ်ဆိုတာ မိဘတွေရဲ့ တောင်းဆိုမှုကြောင့်ဒီချိန်မှာ ရယ်စရာ ပျော်ရွှင်စရာလေး ဖြစ်သွားအောင်ဒီအကမျိုးလေးထည့်ပါလို့ တောင်းဆိုထားလို့ မိဘတွေရဲ့ သဘောတူညီမှုနဲ့ ကျမတို့ ထည့်လိုက်တာပါရှင်။ ကျမတို့ကတော့ ပျော်ရွှင်မှုတရပ်အနေနဲ့ လုပ်လိုက်တာပါ။ ရယ်စရာ ဟာသအနေနဲ့ လုပ်လိုက်တာပါရှင်။ နောက်ပြီးတော့လည်း တကယ်မိန်းကလေးတွေ မဟုတ်ပါဘူး။ ယောကျာ်းလေးတွေ သူငယ်တန်း၊ တစ်တန်း၊ နှစ်တန်းက ယောကျာ်းလေးတွေကို စုပြီးတော့ ထည့်လိုက်တာပါ။” ဒီဓါတ်ပုံလူမှုကွန်ရက်မှာ ပြန့်သွားပြီး ဝေဖန်မှုတွေများခဲ့တဲ့အတွက် ပွဲစီစဉ်တဲ့ ကျောင်း တာဝန်ရှိသူတွေကို နောက်တစ်ကြိမ်ဒီလို ဖျော်ဖြေပွဲ မကျင်းပဖို့ သက်ဆိုင်ရာက ခံဝန်လတ်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့ ကျောင်းအုပ်ကြီးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024