တရုတ်နိုင်ငံအလယ်ပိုင်းတွင် ဆည်ကျိုးကျ၊ လူ ဒါဇင်နှင့်ချီ ပိတ်ပိနေ (ရုပ်သံ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ် အန်းရှိမြို့မှာ ဆည်တခု ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၄ ရက်နေ့က ကျိုးကျခဲ့လို့ လူတွေ ဒါဇင်နဲ့ချီပြီး ပိတ်မိနေတယ်လို့ တရုတ်အစိုးရသတင်းဌာန စီစီတီဗွီက အစီရင်ခံပါတယ်။ ဒေသစံတော်ချိန် မနက် ၁၁ နာရီလောက်က ကျိုးကျခဲ့တာပါ။ ရေလွှမ်းနေတဲ့ လမ်းတွေကြောင့် ကားတွေ လူတွေ ဒါဇင်နဲ့ချီပြီး သောင်တင်နေခဲ့တယ်လို့ တရုတ်အစိုးရ တရားဝင်သတင်းစာ Peope daily ရဲ့ တရားဝင် တွစ်တာ လူမှုကွန်ယက် အကောင့်က ကြေညာ ပါတယ်။ ဒါပေမယ့် အရေအတွက် အတိအကျ တော့ မပြောပါဘူး။ ရေစီးအားကိုတော့ ထိန်းချုပ်ပြီးပြီ ကယ်ဆယ်ရေး လုပ်ငန်းတွေလဲ ဆောင်ရွက်နေပြီလို့ စီစီတီဗီက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up