A d v e r t i s e m e n t With Us

မန္တ​လေး​ မူး​ယစ်ရဲအုပ်က ​ငွေ​ပေး​ပြီး​ လူသတ်ခိုင်း

မန္တ​လေး​မြို့​၊​ ၈၈ လမ်း​၊​ ၂၃ လမ်း​နဲ့​ ၂၄ လမ်း​ကြား​၊​ သီရိမာလာ ရပ်ကွက်ရုံး​ရှေ့​မှာ ဇူလိုင် ၁၉ ရက်​နေ့​ ည ၆ နာရီခွဲ​လောက်က အမျိုး​သမီး​တဦး​ကို အမျိုး​သား​တဦး​က ဓား​နဲ့​ထိုး​သတ်ခဲ့​ပါတယ်။ အမျိုး​သမီး​ရဲ့​အော်သံ​ကြောင့်​ ရပ်ကွက်က ဝိုင်း​ဝန်း​ဖမ်း​မ်း​မိခဲ့​ပြီး​ အဲ့​ဒီလူရဲ့​ ထွက်ဆိုချက်အရ မန္တ​လေး​မြို့​ ​မြောက်ပိုင်း​ခရိုင် မူး​ယစ်အထူး​ရဲတပ်ဖွဲ့​က ရဲအုပ်သန်း​စိုး​က ​ငွေဆယ်သိန်း​ပေး​ သတ်ခိုင်း​တာ ဖြစ်​ကြောင်း​ ​ဖြောင့်​ချက်​ပေး​တယ်လို့​ မျက်မြင်တဦး​က ​ပြောပြပါတယ်။ အသတ်ခံရတဲ့​ အမျိုး​သမီး​ဟာ ရဲအုပ်သန်း​စိုး​ရဲ့​ မယား​ပြိုင်ဖြစ်ပြီး​ မန္တ​လေး​မှာ ကွာရှင်း​စရိတ် လာ​တောင်း​တုန်း​ အခုလိုအသတ်ခံရတာ ဖြစ်​ကြောင်း​ မျက်မြင်က ​ပြောပါတယ်။ “သူ့​က​လေး​နဲ့​ အဲဒီ​ကောင်မ​လေး​ကို ပိုက်ဆံမ​ထောက်လို့​ အဲဒီ​ကောင်မ​လေး​က ဗန်း​မော်က​နေ မန္တ​လေး​ကို လာပြီး​ အဲဒီ မူး​ယစ်အရာရှိ စိုး​သန်း​ဆီမှာ ပိုက်ဆံ​တောင်း​တဲ့​အခါမှာ စိုး​သန်း​က မ​ပေး​ဘဲနဲ့​ ​ကျောက်သပိတ်ဘက်က လူသတ်သမား​ကို ငှား​ပြီး​ သတ်လိုက်တယ်။ အဲဒီ ​ကောင်မ​လေး​လည်း​ ဓား​နဲ့​ ထိုး​သတ်တာ ​သေသွား​တယ်။ ထိုး​သတ်လိုက်တဲ့​ တရား​ခံကို မိပြီး​ စစ်လိုက်​တော့​ မန္တ​လေး​ ​မြောက်ပိုင်း​ခရိုင် အထူး​မူး​ယစ် ရဲအုပ် စိုး​သန်း​က ၁၀ သိန်း​ပေး​ပြီး​ သတ်ခိုင်း​တယ်လို့​ အစစ်ခံတယ်။ တရား​သူကြီး​တွေ ဘာ​တွေနဲ့​ ​ဖြောင့်​ချက် ယူတဲ့​အခါမှာ အဲဒီအတိုင်း​ ​ပြောတဲ့​အတွက် အမှတ် ၅ ရဲစခန်း​မှာ အဲဒီ စိုး​သန်း​ကို ဖမ်း​ထား​တယ်။” ဒီကိစ္စနဲ့​ပတ်သက်ပြီး​ တာဝန်ရှိသူ အမှတ် ၅ ရဲစခန်း​ကို ဆက်သွယ်​မေး​ကြည့်​တော့​ တာဝန်မှူး​က စစ်​ဆေး​ဖော်ထုတ်ဆဲဖြစ်တာကိုသာ ​ဖြေဆိုပြီး​ အ​သေး​စိတ်မ​ဖြေပါဘူး​။ “ကျ​နော်တို့​က အခုက ဘာမှန်း​မသိ​သေး​ဘူး​။ စစ်​ဆေး​တုန်း​ပဲ ရှိ​သေး​တဲ့​ အတွက် ကျ​နော်တို့​က အတည်ပြုလို့​ မရ​သေး​ဘူး​ခင်ဗျ။” သူ့​ကို ဘာနဲ့​ဖမ်း​ထား​တယ် ဆိုတာ​ရော ​ပြောလို့​ မရဘူး​လား​ ဆရာ။ “အဲဒါ​တော့​ တိုင်း​ကိုလှမ်း​ပြောလိုက်​နော် တိုင်း​လှမ်း​မေး​လိုက်။” ရဲနဲ့​ နီး​စပ်သူ​တွေအဆိုအရ အသတ်ခံရသူအမျိုး​သမီး​ဟာ အရင်က ရဲ​မေတဦး​ ဖြစ်ပြီး​ ရဲအုပ်သန်း​စိုး​နဲ့​ ကိုယ်ဝန်ရှိတာ​ကြောင့်​ ရဲတပ်ဖွဲ့​က ထုတ်ပယ်ခံထား​ရတာလို့​လည်း​ ​ပြောပါတယ်။ ရဲအုပ်သန်း​စိုး​ဟာ ဘား​အံ မူး​ယစ်တပ်ဖွဲ့​က​နေ မန္တ​လေး​မှာ တာဝန်ကျတာ သုံး​နှစ်​လောက်ရှိပြီဖြစ်ပြီး​ ဒီအမျိုး​သမီး​နဲ့​ မန္တ​လေး​မှာပဲ ​တွေ့​ခဲ့​ကြတာလို့​ ဆိုပါတယ်။ ကွာ​ရှင်း​စရိတ်အဖြစ် အမျိုး​သမီး​က သိန်း​၂၀၀ ​တောင်း​ပြီး​ ရဲအုပ်သန်း​စိုး​က သိန်း​ ၅၀ ​ပေး​ဖို့​ ညှိရာမှာ အဆင်မ​ပြေဖြစ်လို့​ အခုလို လူငှား​သတ်ခိုင်း​လိုက်တာလို့​လည်း​ ဆိုပါတယ်။ ဒီအချက်အလက်​တွေကို အတည်ပြုနိုင်ဖို့​ မန္တ​လေး​တိုင်း​ ရဲတပ်ဖွဲ့​ကို ဆက်သွယ်​မေး​မြန်း​ဖို့​ ကြိုး​စား​ပေမယ့်​ မရပါဘူး​။

A d v e r t i s e m e n t With Us

More News
Up