A d v e r t i s e m e n t With Us

မြန်မာအစိုး​ရကို စစ်လက်နက်ပစ္စည်း​ ​ထောက်ပံ့​နေသည့်​ အိန္ဒိယအစိုး​ရကို ကန့်​ကွက်ဆန္ဒပြ

ဆန္ဒြပကန့်​ကွက်​ေနြကသည့်​ ြမန်မာ့​ဒီမိုက​ေရစီအင်အား​စုများ​ (ဓာတ်ပံု - ဒီဗွီဘီ)
အိန္ဒိယအစိုး​ရအ​နေနဲ့​မြန်မာစစ်အစိုး​ရကို စစ်လက်နက်​တွေကူညီ​နေမှုကို မြန်မာ့​ဒီမိုက​ရေစီအင်အား​စု​တွေက နယူး​ဒေလီမြို့​လယ်ရှိ ဂျန်တား​မန်တား​လမ်း​မမှာ ကန့်​ကွက်ဆန္ဒပြခဲ့​ကြပါတယ်။ ဒီက​နေ့​ဆန္ဒပြပွဲကို ဘား​မား​စင်တာ ​ဒေလီက စီစဉ်ပြုလုပ်ခဲ့​တာဖြစ်ပြီး​ ကချင်၊​ ကရင်နဲ့​ရခိုင်အဖွဲ့​အစည်း​တွေအပါအဝင် မြန်မာ့​ဒီမိုက​ရေစီအင်အား​စု ၁၀၀ ခန့်​ပါဝင်ဆန္ဒပြခဲ့​ကြပါတယ်။ [caption id="attachment_13096" align="alignright" width="300" caption="ကန့်ကွက်ဆန္ဒပြနေကြသည့် မြန်မာ့ဒီမိုကရေစီအင်အားစုများ (ဓာတ်ပုံ - ဒီဗွီဘီ)"][/caption] ဆန္ဒပြရတဲ့​အ​ကြောင်း​ရင်း​ကို ဘား​မား​စင်တာ​ဒေလီက ကိုကင်မ်က “မြန်မာပြည်မှာ အုပ်ချုပ်​နေတဲ့​ နအဖစစ်အစိုး​ကို လက်နက်​ပေး​တာဟာ အခု နယ်စပ်​ဒေသ​တွေမှာ ကချင်ပြည်နယ်မှာ​ရော ရှမ်း​ပြည်မှာပါ တိုက်ပွဲဖြစ်​နေတာကို အား​ပေး​အား​မြှောက်ပြုတာဖြစ်တယ်။ အဲဒီ လက်နက်​တွေနဲ့​ပဲ ကျ​နော်တို့​ မြန်မာနိုင်ငံသား​တွေကို ပြန်ပြီး​တော့​ သတ်မှာဖြစ်တယ်။ အဲဒါ​ကြောင့်​ ကျ​နော်တို့​ အိန္ဒိယအစိုး​ရဆီကို ​တောင်း​ဆိုတဲ့​အ​နေနဲ့​ ဆန္ဒပြတာ ဖြစ်ပါတယ်” လို့​ ​ပြေပါတယ်။ အမျိုး​သမီး​များ​အဖွဲ့​ချုပ် မြန်မာနိုင်ငံက မသင်း​သင်း​အောင်ကလည်း​ “ကျမတို့​ ဆန္ဒပြခြင်း​အား​ဖြင့်​ တကယ်ပဲ အကျိုး​မယုတ်ဘူး​။ ဘာလို့​လဲဆိုရင် ကျမတို့​ရဲ့​အသံ ကျမတို့​ရဲ့​ ဆန္ဒအမှန်ကို အိန္ဒိယအစိုး​ရက​နေပြီး​တော့​ သိတယ်။ အိန္ဒိယနိုင်ငံ ပြည်သူ​တွေက ကြား​သိတဲ့​အခါမှာ သူတို့​တွေနဲ့​ သူတို့​ရဲ့​လုပ်ရပ်ဟာ တကယ်ပဲ မမှန်ကန်ဘူး​၊​ ဒီလိုမျိုး​လက်နက်​တွေကို ပို့​နေတာဟာ ကျမတို့​ မြန်မာနိုင်ငံ ပြည်သူ​တွေက လုံး​ဝမကြိုက်ဘူး​၊​ မလိုလား​ဘူး​ ကန့်​ကွက်တယ် ဆိုတာကို သူတို့​ သိဖို့​အတွက် ကျမတို့​ မှန်ကန်တဲ့​ လုပ်ရပ်တခု ဖြစ်တယ်” လို့​ ​ပြောပါတယ်။ မြန်မာနိုင်ငံလုံး​ဆိုင်ရာ​ကျောင်း​သား​များ​ဒီမိုကရက်တစ်ရဲ့​ နိုင်ငံခြား​ရေး​တာဝန်ခံ ကိုဇင်နိုင်ကလည်း​ “အိမ်နီး​ချင်း​နိုင်ငံ​တွေ အား​လုံး​ကို ကြည့်​ပါ။ တရုတ်၊​ လာအို၊​ ထိုင်း​၊​ ဘင်္ဂလား​ဒေ့​ရှ်၊​ အိန္ဒိယ ဘယ်နိုင်ငံနဲ့​မှ စစ်ဖြစ်ဖို့​ အလား​အလာ မရှိပါဘူး​။ ဒါဆိုရင် အခု ဗမာပြည်အစိုး​ရကို လက်နက်​တွေ ​ထောက်ပံ့​နေတာ ဗမာပြည်အစိုး​ရက လက်နက်​တွေ အကူအညီ​တောင်း​နေတာ ယူ​နေတာ ဘာလုပ်ဖို့​လဲ။ လက်နက်နဲ့​ မတရာအာဏာသိမ်း​ပြီး​ ပြည်သူလူထုကို ဖိနှိပ်ညှဉ်း​ပန်း​နှိပ်စက် ဆန့်​ကျင်တာ၊​ ပြည်သူလူထုရဲ့​ ဆန္ဒမပါဘဲနဲ့​ တက်အုပ်ချုပ်​နေတဲ့​ အစိုး​ရမျိုး​ကို ​ထောက်ခံတာဟာ ဗမာပြည်သူလူထုကို ​စော်ကား​တာပါ” လို့​ ​ပြောပါတယ်။ လက်ရှိမြန်မာနိုင်ငံအတွင်း​မှာ ဖြစ်ပွား​နေတဲ့​ တိုင်း​ရင်း​သား​ အင်အား​စု​တွေအ​ပေါ် စစ်​ရေး​အရ ထိုး​စစ်ဆင်မှု​တွေပြုလုပ်​နေစဉ် အိန္ဒိယနိုင်ငံအ​နေနဲ့​ မြန်မာစစ်အစိုး​ရကို စစ်လက်နက်​တွေကူညီ ​နေတာဟာ လူသား​မဆန်တဲ့​ လုပ်ရပ်ဖြစ်တယ်လို့​ဒီက​နေ့​ဆန္ဒပြပွဲက အိန္ဒိယအစိုး​ရကို ကန့်​ကွက်​ပြောဆိုပြီး​ သက်ဆိုင်ရာ အိန္ဒိယဝန်ကြီး​ချုပ်ရုံး​နဲ့​သတင်း​နဲ့​စာနယ်ဇင်း​တွေသိရှိဖို့​ထုတ်ပြန် ​ကြေညာချက်​တွေ ​ပေး​ပို့​သွား​ခဲ့​ကြပါတယ်။    

A d v e r t i s e m e n t With Us

More News
Up