ပြည်ခိုင်ဖြိုးကျေးရွာ စာတမ်းပါ ကျေးရွာအ၀င် ဆိုင်းဘုတ်များ ပြောင်းလဲရေးသား

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ ကျေးရွာအဝင် ဆိုင်းဘုတ်တွေကို အရင်က ပြည်ခိုင်ဖြိုးကျေးရွာဟု ရေးသားထားတဲ့ စာတမ်းတွေကို ဖယ်ရှားပြီး ကျေးရွာအမည် တခုတည်းကိုသာ ပြောင်းလဲရေးသားခွင့်ပြုပေးထားတယ်လို့ မြင်းခြံမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရုံးမှ ခရိုင်ပါတီအတွင်းရေးမှူး ဖြစ်သူ ဦးတင်အောင်ညွန့်က ဒီဗွီဘီကို ပြောကြားပါတယ်။ သစ်ရုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးနိုင် ကတော့ ကျေးရွာနေ လူငယ်တွေက ပွင့်လင်းမြင်သာမှုကို လိုချင်ကြလို့ အခုလိုမျိုး ပြောင်းလဲတာလို့ ပြောကြားထားပါတယ်။ မြင်းခြံမြို့နယ် ကြံ့ခိုင်ဖွံဖြိုးရေးပါတီရုံးကနေ ပြည်ခိုင်ဖြိုးကျေးရွာ စာတမ်းတွေ ဖယ်ရှားပြီး ကျေးရွာအမည် တခုတည်းကိုသာ ရေးသားပေးခဲ့ရာ ကျေးရွာ ၈ ရွာကို ဆိုင်းဘုတ်အသစ် ပြောင်းလဲခဲ့တယ်လို့ ခရိုင်ပါတီအတွင်းရေးမှူးဖြစ်သူ ဦးတင်အောင်ညွန့်က ပြောပါတယ်။ ကျေးရွာတွေက ပြည်ခိုင်ဖြိုးစာတမ်းပါ ဆိုင်းဘုတ်တွေကို ပြောင်းလဲဖို့ ဆန္ဒရှိခဲ့ရင် ကြံ့ခိုင်ရေးရုံးသို့ လာရောက်အကြောင်းကြားစေပြီး (အခမဲ့) တာဝန်ယူ ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ဆိုထား ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up