A d v e r t i s e m e n t With Us

ရန်ကုန်မြို့​ပတ်ရထား​လုပ်ငန်း​ စိတ်ဝင်စား​သူများ​ကို ဖိတ်​ခေါ်

ြမို့​ပတ်ရထား​ (ဓာတ်ပံု - ဒီဗွီဘီ)
ရန်ကုန်မြို့​ပတ်ရထား​ လုပ်ငန်း​ကို စိတ်ဝင်စား​ပြီး​ လုပ်ကိုင်လိုတဲ့​ ပြည်တွင်း​လုပ်ငန်း​ရှင်​တွေ လာမယ့်​ ဇူလိုင် ၂၆ ရက်​နေ့​မှာ ​နေပြည်​တော်က ရထား​ဝန်ကြီး​ဌာနရုံး​ကို လာ​ရောက်ကြဖို့​ မြန်မာ့​မီး​ရထား​က သတင်း​စာက​နေ ဖိတ်​ခေါ်လိုက်ပါတယ်။ ရန်ကုန်မြို့​ပတ် ရထား​ ​ပြေး​ဆွဲတဲ့​နေရာမှာ ရထား​ခ အင်မတန်သက်သာ​ပေမယ့်​ ရထား​တွေအချိန်မမှန်တာ၊​ ​ပြေး​ဆွဲတဲ့​ရထား​ ​ခေါက်​ရေနဲ့​ ခရီး​သည်အ​ရေအတွက်မမျှတတာ၊​ ရထား​တွဲ​တွေသန့်​ရှင်း​မှုမရှိတာ စတဲ့​အား​နည်း​ချက်​တွေ ရှိ​နေပါတယ်။ [caption id="attachment_13087" align="alignright" width="300" caption="မြို့ပတ်ရထား​ (ဓာတ်ပုံ - ဒီဗွီဘီ)"][/caption] ဒီလိုဖြစ်​နေတာ​တွေဟာ မြန်မာ့​မီး​ရထား​မှာ နည်း​ပညာအား​နည်း​ချက်​တွေ ရှိ​နေတာ​ကြောင့်​ဖြစ်ပြီး​ ပုဂ္ဂလိက​ပေး​လိုက်ရင် လက်ရှိအ​ခြေအ​နေထက် ပိုပြီး​အဆင်​ပြေလာနိုင်တယ်လို့​ သုံး​သပ်သူ​တွေရှိသလို၊​ ရထား​ခ​တွေ အဆမတန် တိုး​လာမှာကို စိုး​ရိမ်​နေသူ​တွေလည်း​ ရှိပါတယ်။ ဒါ​ပေမယ့်​ မြို့​ပတ်ရထား​ကို ပုဂ္ဂလိက အပြီး​ပေး​မှာလား​၊​ တစိတ်တပိုင်း​ပဲ လက်တွဲလုပ်ဖို့​ စီစဉ်မှာလား​ဆိုတာ​တော့​ သဲသဲကွဲကွဲ မသိရ​သေး​ပါဘူး​။ ဒီသတင်း​နဲ့​ပတ်သက်ပြီး​ မီး​ရထား​ကိုဆက်သွယ်​ပေမယ့်​ လက်ခံ​ဖြေကြား​မယ့်​ သူမရှိပါဘူး။ မီး​ရထား​နဲ့​နီး​စပ်တဲ့​ ရန်ကုန်တိုင်း​ အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ် ဦး​ဖုန်း​မြင့်​အောင်က​တော့​ ပုဂ္ဂလိက​ပေး​လိုက်ရင် ရလာနိုင်တဲ့​အကျိုး​တခုကို အခုလို ​ပြောပြပါတယ်။ “မီး​ရထား​မှာ ကျ​နော့်​ မိတ်​ဆွေ​တွေလည်း​ ရှိပါတယ်၊​ အဆက်အသွယ်လည်း​ ရှိပါတယ်။ အဓိကက​တော့​ မီး​ရထား​ ပျက်တာ​တွေက နည်း​ပညာပိုင်း​ဆိုင်ရာ အား​နည်း​ချက် ရှိတယ်။ ​နောက် ပစ္စည်း​ မပြည့်​စုံတာ​တွေ ရှိပါတယ်။ အဲဒီလိုမျိုး​ နည်း​ပညာ​တွေ၊​ ပစ္စည်း​ပစ္စယ မပြည့်​စုံတဲ့​အတွက် ဒီလို ရထား​ပြုတ်တာ​တွေ ပျက်တာ​တွေ ဖြစ်တာပါ။ ကျ​နော်တို့​ ပုဂ္ဂလိကပိုင်း​ကျလို့​ရှိရင် ဥပမာ ဒီ နည်း​ပညာနဲ့​ ပစ္စည်း​ပစ္စယပိုင်း​က​တော့​ သူက​တော့​ ကြံရည်ဖန်ရည်နဲ့​ လုပ်ရ​တော့​မှာ​ပေါ့​နော်။ အစိုး​ရပိုင်း​ကျ​တော့​ အဲဒီ​လောက်ကြီး​လုပ်လို့​ မရဘူး​ခင်ဗျ။ အဲဒါလည်း​ ကွာတာ​ပေါ့​။” လက်ရှိမှာ ရန်ကုန်မြို့​ပတ်ရထား​ခက မြို့​တပတ် အစအဆုံး​စီး​ရင် ​ငွေကျပ်နှစ်ဆယ်ပဲ ကျသင့်​ပါတယ်။ ​နေ့​စဉ် ရထား​ခေါက်​ရေ နှစ်ရာ​လောက် ​ပြေး​ဆွဲ​ပေး​နေပြီး​ ရထား​စီး​ခရီး​သည် တသိန်း​သုံး​သောင်း​ကျော်ရှိ ​နေပါတယ်။    

A d v e r t i s e m e n t With Us

More News
Up