A d v e r t i s e m e n t With Us

ဗန်း​မော်-လိုင်ဇာလမ်း​ပေါ် တိုက်ပွဲဖြစ်ပြီး​ တံတား​မိုင်း​ခွဲဖျက်ဆီး

လိုင်ဇာ-ြမစ်ြကီးနားလမ်းေပါ်က ကွန်ကရစ်တံတားတခု
ကချင်ပြည်နယ်၊​ မိုး​မောက်မြို့​နယ်၊​ တုံဖုန်း​ယန်မြို့​နယ်ခွဲအတွင်း​ ဗန်း​မော်-လိုင်ဇာ ကား​လမ်း​ပေါ်ရှိ ခါလား​ယန်​ကျေး​ရွာအနီး​က ကွန်ကရစ်တံတား​မှာ ဇူလိုင် ၂၁ ရက် ညပိုင်း​က ကချင်ပြည်လွတ်လပ်​ရေး​ တပ်မ​တော် (​ကေအိုင်​အေ) နဲ့​ တံတား​စောင့်​ မြန်မာစစ်သား​တွေအကြား​ တိုက်ပွဲဖြစ်ပြီး​ ​ကေအိုင်​အေ အဖွဲ့​က အဆိုပါ တံတား​ကို မိုင်း​ခွဲဖျက်ဆီး​ လိုက်ပါတယ်။ ယမန်​နေ့​ည ၈ နာရီဝန်း​ကျင်အချိန်က အရှည်​ပေ ၁ဝဝ ဝန်း​ကျင်ရှိ ခါလား​ယန် ကွန်ကရစ်တံတား​ကို လုံခြုံ​ရေး​ယူ​နေတဲ့​ မြန်မာစစ်သား​တွေနဲ့​ ​ကေအိုင်​အေ တပ်ဖွဲ့​အကြား​ တိုက်ပွဲဖြစ်ပြီး​ အဆိုပါတံတား​ကို ​ကေအိုင်တပ်ဖွဲ့​က ဝင်​ရောက်စီနင်း​ကာ မိုင်း​ခွဲဖျက်ဆီး​လိုက်တာ​ကြောင့်​ တံတား​ လုံး​ဝ ပျက်စီး​သွား​တယ်လို့​ လိုင်ဇာကလာတဲ့​ သတင်း​တွေအရ သိရပါတယ်။ [caption id="attachment_13083" align="alignright" width="300" caption="လိုင်ဇာ-မြစ်ကြီးနားလမ်းပေါ်က ကွန်ကရစ်တံတားတခု (ဓာတ်ပုံ - ဒီဗွီဘီ)"][/caption] အဲဒီတံတား​ မိုင်း​ခွဲဖျက်ဆီး​ခံလိုက်ရတာ​ကြောင့်​ တုံဖုန်း​ယန်မှာ ​ရောက်ရှိတပ်စွဲ​နေတဲ့​ တပ်ရင်း​တွေက မိုင်း​ခွဲသွား​တဲ့​ ​ကေအိုင်​အေအဖွဲ့​ ဆုတ်ခွာရာလမ်း​ကြောင်း​ကို ​မော်တာ စိန်​ပြောင်း​တွေနဲ့​ ပစ်ခတ်ခဲ့​ပါတယ်။ အဲဒီ​နောက်မှာ​တော့​ ည ၈ နာရီခွဲခန့်​မှ ည ၁၁ နာရီအထိ ၁၂ဝ (မမ) လက်နက်ကြီး​တွေနဲ့​ ပစ်​နေခဲ့​ရာ လိုင်ဇာမြို့​တောင်ဘက် ၁ မိုင်​ကျော်အကွာရှိ ကွန်ဘာယန် ​ကျေး​ရွာနဲ့​ တပ်ရင်း​ ၂၄ တည်ရှိရာ ​တောင်ကုန်း​တွေဘက်မှာ အ​မြောက်ဆန် အလုံး​ ၃ဝ ခန့်​ ကြိုး​ကြား​ကြိုး​ကြား​ ​ပေါက်ကွဲခဲ့​ပါတယ်။ ဇူလိုင်လ ၂ဝ ရက်​နေ့​ ညသန်း​ခေါင်အချိန်ကလည်း​ မြစ်ကြီး​နား​-လိုင်ဇာလမ်း​ပေါ်ရှိ ဝိုင်း​မော်မြို့​နယ် အ​ရှေ့​ဘက် ဂါး​ဒါယန်​ကျေး​ရွာထိပ်က ကွန်ကရစ်တံတား​ကို မိုင်း​ခွဲဖျက်ဆီး​လိုက်တာ​ကြောင့်​ တံတား​လုံး​ဝပျက်စီး​ကာ လမ်း​ကြောင်း​ ပြတ်​တောက်သွား​ပါတယ်။ အခုအခါ ဗန်း​မော်ကလည်း​ကောင်း​၊​ မြစ်ကြီး​နား​ကလည်း​ကောင်း​ လိုင်ဇာကို လာနိုင်တဲ့​ လမ်း​ကြောင်း​ပေါ်က အ​ရေး​ပါတဲ့​ တံတား​ ၂ စင်း​ ဆက်တိုက် ဖျက်ဆီး​ ခံလိုက်ရတာလည်း​ ဖြစ်ပါတယ်။ အခုလို ​ဒေသအတွင်း​ တံတား​တွေ မိုင်း​ခွဲကာ တိုက်ပွဲ​တွေလည်း​ ဖြစ်​နေတာ​ကြောင့်​ အနီး​နား​ကျေး​ရွာ​တွေက ပြည်သူလူထုမှာ မြစ်ကြီး​နား​၊​ ဝိုင်း​မော်ဘက်ကို ထွက်​ပြေး​နေသလို လိုင်ဇာဘက်ကို ဒီက​နေ့​အထိ စစ်​ပြေး​ဒုက္ခသည်​တွေ ဝင်​ရောက်​နေတယ်လို့​ လိုင်ဇာက လာတဲ့​သတင်း​တွေအရ သိရ ပါတယ်။    

A d v e r t i s e m e n t With Us

More News
Up