ဆွမ်ဆီးကွင်းလယ်လူ ရှယ်ဗီကို နယူးကာဆယ် ခေါ်

ဓာတ်ပုံ - ရိုက်တာ
နယူးကာဆယ်အသင်းက ဆွမ်ဆီးကွင်းလယ်လူ ရှယ်ဗီကို ပေါင် ၁၂ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီချက် ရသွားပါတယ်။ အသက် ၂၃ နှစ်အရွယ် ရှယ်ဗီဟာ ဇန်န၀ါရီ ၁၂ ရက်နေ့က နယူးကာဆယ်အသင်းနဲ့ ဆေးစစ်မှု ခံယူပြီး အပြီးသတ် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ရှယ်ဗီဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ ဆွမ်ဆီးအသင်းနဲ့ ၄ နှစ်စာချုပ် သက်တမ်းတိုးထားတာပါ။ အင်္ဂလန် ကွင်းလယ်ကစားသမား ရှယ်ဗီဟာ ဒီနှစ် ဇန်န၀ါရီ အပြောင်းအရွှေ့မှာ နယူးကာဆယ်ကနေ ဒုတိယမြောက် ခေါ်ယူတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၁၃ ခုနှစ်မှာ ပေါင် ၅ သန်းနဲ့ လီဗာပူးကနေ ဆွမ်ဆီးကို ရောက်ရှိလာတာပါ။ ရှယ်ဗီဟာ ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းပြနိုင်ပေမယ့်လည်း ဒီနှစ်ရာသီထဲမှာတော့ ပရိသတ်တွေ စိတ်တိုင်းကျ ခြေစွမ်းပြနိုင်ခဲ့ခြင်း မရှိပါဘူး။ သူဟာဟာ အင်္ဂလန်အသင်းအတွက် ၆ ပွဲ ကစားခွင့် ရထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up