A d v e r t i s e m e n t With Us

လိုင်ဇာအဝင်အထွက် နယ်စပ်ဖြတ်​ကျော်စာအုပ်ထုတ်​ပေး​မှု ရပ်ဆိုင်း

တရုတ်-မြန်မာနယ်စပ် ကချင်ပြည်လွတ်လပ်​ရေး​တပ်မ​တော် (ကေအိုင်အို) ဗဟိုဌာနချုပ် လိုင်ဇာနဲ့​ ကပ်လျက်ရှိတဲ့​ လဂျား​ယန်နယ်စပ်စစ်​ဆေး​ရေး​ဂိတ်က နယ်စပ်ဖြတ်သန်း​သွား​လာခွင့်​ စာအုပ်ထုတ်​ပေး​မှုကို ဒီက​နေ့​ ရပ်ဆိုင်း​လိုက်တယ်လို့​ လိုင်ဇာကလာတဲ့​ သတင်း​တွေအရ သိရပါတယ်။ နယ်စပ်ဖြတ်​ကျော်စာအုပ်ထုတ်​ပေး​နေတဲ့​ လူဝင်မှုကြီး​ကြပ်​ရေး​ (လဝက) စခန်း​ကို အရင်က လဂျား​ယန်နယ်စပ်စစ်​ဆေး​ရေး​ဂိတ်မှာ ပူး​တွဲဖွင့်​လှစ်ပြီး​ နယ်စပ်ဖြတ် ​ကျော်ခရီး​သွား​တဦး​ကို ကျပ် ၆ဝဝဝ နှုန်း​နဲ့​ လုပ်​ပေး​နေရာက ဇွန်လ ၉ ရက်​နေ့​ ​ကေအိုင်​အေနဲ့​ မြန်မာအစိုး​ရစစ်တပ်​တွေအကြား​ တိုက်ပွဲဖြစ်လာချိန်ကစလို့​ လဂျား​ယန်ရွာအတွင်း​ပိုင်း​က စစ်​ဘေး​ ​ရှောင်တိမ်း​သွား​တဲ့​ လူ​နေအိမ်တလုံး​မှာ ယာယီစခန်း​ချ ပြုလုပ်​နေတာလည်း​ ဖြစ်ပါတယ်။ အခုအခါမှာ​တော့​ လဂျား​ယန်ရွာမှာ ရှိ​နေတဲ့​ လဝကစခန်း​ကို ဒီက​နေ့​ ရုပ်သိမ်း​တော့​မယ်လို့​ စာအုပ်ကိုယ်တိုင်သွား​လုပ်ခဲ့​သူတဦး​ရဲ့​ ​ပြောကြား​ချက်ကို ကိုး​ကား​ပြီး​ လိုင်ဇာ​ဒေသခံတဦး​က ​ပြောပါတယ်။။ “နယ်စပ်​ဒေသကို ဖြတ်​ကျော်တဲ့​ စာအုပ်အနီလို့​ ​ခေါ်တာ​ပေါ့​နော်။ အဲဒီစာအုပ်ကို ဒီ​နေ့​လုပ်တာ ​နောက်ဆုံး​ပဲဆိုပြီး​ သွား​လုပ်တဲ့​သူက ​နောက်ဆုံး​လုပ်တဲ့​သူ​လေ။ အဲဒီလူ လုပ်​နေရင်း​ တန်း​လန်း​ ဖုန်း​ဝင်လာတယ်တဲ့​။ ဖုန်း​ဝင်လာ​တော့​ ဆရာ ​နောက်ဆုံး​ပဲ၊​ ဒီစာအုပ်က ​နောက်ဆုံး​ပဲ။ ဒါပြီး​ရင် သိမ်း​မယ်၊​ ကျ​နော်တို့​ စခန်း​သိမ်း​တော့​မယ် ​ပြောတယ်တဲ့​။ ​မေး​ကြည့်​တော့​ လုပ်လို့​မရ​တော့​ဘူး​၊​ စာအုပ်လည်း​ ကုန်ပြီ၊​ ငါတို့​လည်း​ ပြန်​တော့​မယ်လို့​ ​ပြောတယ်တဲ့​။ လိုင်ဇာမြို့​နဲ့​ တမိုင်​ကျော်အကွာမှာရှိ ကွန်ဘာယန်​ကျေး​ရွာနဲ့​ ​ကေအိုင်​အေ တပ်ရင်း​ ၂၄ အနီး​နား​ကို မ​နေ့​က ည (၈) နာရီခွဲမှ ည ၁၁ နာရီဝန်း​ကျင်အထိ မိုး​မောက်မြို့​နယ်၊​ တုံဖုန်း​ယန်မြို့​မှာ တပ်စွဲထား​တဲ့​ အ​မြောက်တပ်က လက်နက်ကြီး​တွေနဲ့​ ပစ်ခတ်တာ​တွေ လုပ်ခဲ့​တာ​ကြောင့်​ လိုင်ဇာလူထုမှာ စိုး​ရိမ်ထိတ်လန့်​မှု​တွေ ရှိ​နေခဲ့​ပါတယ်။ အဲဒါ​ကြောင့်​ စစ်ဖြစ်လာရင် တဖက် တရုတ်ပြည်ထဲ ဝင်​ရောက်ထွက်​ပြေး​ တိမ်း​ရှောင်နိုင်ဖို့​အတွက် နယ်စပ်ဖြတ်​ကျော်စာအုပ်​တွေ မလုပ်ထား​ရ​သေး​တဲ့​ ​ဒေသခံ လူထု​တွေက စာအုပ် အ​ရေး​တကြီး​လိုအပ်လာချိန်မှာ အခုလို လဝက စခန်း​ကို ရုပ်သိမ်း​ခဲ့​လို့​ လူထု​တွေ ပိုပြီး​ အခက်ကြုံ​တွေ့​ရတယ်လို့​ လိုင်ဇာကလာတဲ့​ သတင်း​တွေအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up