DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း​တွင် ဆည်​ရေ​ဖောက်ချသဖြင့်​ လယ်ဧကနှစ်​သောင်း​ဝန်း​ကျင် ​ရေနစ်မြုပ်
DVB
·
July 21, 2011
ဧရာဝတီတိုင်း​တွင် ဆည်​ရေ​ဖောက်ချသဖြင့်​ လယ်ဧကနှစ်​သောင်း​ဝန်း​ကျင် ​ရေနစ်မြုပ်
1 / 2
Donate to DVB

ဧရာဝတီတိုင်း​ဒေသကြီး​တွင်း​မှာ ဆည်​ရေ​ဖောက်ချလိုက်တဲ့​အတွက် ဆည်က​နေကျဆင်း​လာတဲ့​ရေ​တွေ​ကြောင့်​ ပန်း​တ​နော်မြို့​နယ်တွင်း​ ​ကျေး​ရွာအုပ်စု (၉) ခုက လယ်ဧက (၂) ​သောင်း​ဝန်း​ကျင် ​ရေနစ်မြုပ်​နေသလို ရခိုင်ပြည်နယ်က မြို့​နယ်တချု့​မှာလည်း​ မိုး​သည်း​ပြီး​ လယ်ကွက်​တွေ ​ရေနစ်မြုပ်​နေတယ်လို့​ ပန်း​တ​နော်မြို့​ ရပ်မိရပ်ဖတဦး​က ​ပြောပါတယ်။

ပြီး​ခဲ့​တဲ့​ ​မေ၊​ ဇွန်လပိုင်း​မှာ မိုး​သည်း​ထန်ပြီး​ ကျုံ​ပျော်မြို့​နယ်ထဲမှာ လယ်ဧက ၃ ​ထောင်​လောက် ​ရေနစ်မြုပ်ခဲ့​တာကို လယ်သမား​တွေက သက်ဆိုင်ရာ မြို့​နယ်ခရိုင် တိုင်း​ဒေသကြီး​အဆင့်​ဆင့်​ အုပ်ချုပ်​ရေး​ အာဏာပိုင်ကို တင်ပြခဲ့​ကြတယ်လို့​ ဆိုပါတယ်။

[caption id="attachment_13055" align="alignright" width="310" caption="ဧရာဝတီတိုင်း​အတွင်းရှိ လယ်ကွက်တခု (ဓာတ်ပုံ - ဒီဗွီဘီ)"][/caption]

ကျုံ​ပျော်မြို့​က လယ်​တွေ ​ရေမြုပ်တာဟာ ပန်း​တ​နော်နဲ့​ ကျုံ​ပျော်နယ်စပ်မှာ ရှိတဲ့​ ​ကော်သလဲ တာတမံခံ​နေတာ​ကြောင့်​ ဖြစ်ရမယ်လို့​ ယူဆပြီး​ ဆည်​မြောင်း​ဌာနက တာဝန်ရှိသူ​တွေရဲ့​ တား​မြစ်တဲ့​ကြား​က ဆည်​ရေ​ဖောက်ချဖို့​ သက်ဆိုင်ရာက ဆုံး​ဖြတ်ခဲ့​ပါတယ်။

ဒီ​နောက် ဧရာဝတီတိုင်း​ဒေသကြီး​ စိုက်ပျိုး​ရေး​နဲ့​ ​မွေး​မြူ​ရေး​ဝန်ကြီး​ ဦး​တင်စိုး​ကိုယ်တိုင် ဆင်း​လာပြီး​ အခုလ ၅ ရက်​နေ့​မှာ ဆည်​ဖောက်ချလိုက်ပြီး​တဲ့​နောက် လယ်ဧက ၂ ​သောင်း​ကျော် ​ရေနစ်မြုပ်ကုန်တယ်လို့​ ပန်း​တ​နော်မြို့​ ရပ်မိရပ်ဖတဦး​က ​ပြောပါတယ်။

“ဦး​တင်စိုး​သူကိုယ်တိုင် ဆင်း​လာပြီး​ ဝန်ကြီး​ချုပ်အမိန့်​နဲ့​ ဆိုပြီး​တော့​ ​နေ့​လယ် ၁ နာရီခွဲ​လောက်မှာ ဆည်ချိုး​ချလိုက်​တော့​ ကျုံ​ပျော်က​ရေ အကုန်လုံး​က ​ကျေး​ရွာအုပ်စု ၉ အုပ်စုကို ဒီတရက်နှစ်ရက်တည်း​နဲ့​ပဲ ​ရေလွှမ်း​သွား​တာ​ပေါ့​။ အဲဒါ ဧက ၂ ​သောင်း​ ​ကျော်တယ်။ တာ​တွေ ခံထား​တော့​ ဘာပဲ​ပြော​ပြော မြစ်​ရေ​တော့​ မတက်ဘူး​ပေါ့​ဗျာ။ ဒါ​ပေမယ့်​ ဒီနှစ်က မိုး​ကများ​တော့​ ​ရေက ဘယ်မှာမှ ထွက်လမ်း​သိပ်မရှိဘူး​ ဖြစ်​နေတယ်။”

လယ်သမား​တွေရဲ့​ အခက်အခဲ​တွေကိုလည်း​ သူက အခုလို ​ပြောပတယ်။

“မိုး​ရေကလည်း​ အခုက မိုး​က ​တော်​တော်များ​လာတယ်။ ​နောက်ထပ် ကြဲဖို့​စိုက်ဖို့​ကလည်း​ အရင်း​အနှီး​ကလည်း​ သိပ်မရှိဘူး​။ မျိုး​စပါး​တွေကလည်း​ ၂ လခွဲ ၃ လမျိုး​တွေ။ ရှာ​တော့​ ရှာတယ်။ ဒါ​ပေမယ့်​ ​တောင်သူ​တွေက​တော့​ ဟန်ပဲ ရှိ​တော့​တယ်ဗျ။ ဒီ ​နွေတုန်း​ကလည်း​ ဆုံး​ထား​တာက ​နောက် ပဲ​ဈေး​တွေကလည်း​ အခုထက်ထိ က​မောက်ကမ အ​ကြွေး​တော့​ တင်​နေပြီ။”

ကျုံ​ပျော်မြို့​က ​ဒေသခံ တဦး​ကလည်း​ ဒီလ ၆ ရက်​နေ့​က ဆည်ချိုး​ချတဲ့​ ​ရေဟာ အလျား​ပေ ၂၀ ​လောက်သာ ဖြန့်​ချလိုက်​ပေမယ့်​ ၁၀ ရက်​လောက် အကြာမှာ ​ပေ ၁၀၀ အထိ ကျယ်ပြန့်​သွား​တာ ဖြစ်တယ်လို့​ ​ပြောပါတယ်။

ပန်း​တ​နော်ဘက်က လယ်​မြေ​တွေ၊​ အင်း​တွေ ​ရေမြုပ်ကုန်အပြီး​မှာ တိုင်း​ဒေသကြီး​ဝန်း​ကြီး​ချုပ် ဦး​သိန်း​အောင်ကို တိုင်ကြား​ခဲ့​ပြီး​နောက် ဆည်ကို ချက်ချင်း​ ပြန်ပိတ်ခိုင်း​ခဲ့​တယ်လို့​ ဆိုပါတယ်။

အခုအခါမှာ သက်ဆိုင်ရာက ​ကျေး​ရွာ အုပ်စု​တွေအလိုက် ​ငွေ​ကြေး​ကောက်ခံပြီး​ တ​နေ့​ကို ကျပ် ၂ ​ထောင်နှုန်း​နဲ့​ ဆည်ပြန်လည်ဖို့​ရေး​ကို လုပ်​ဆောင်​နေတယ်လို့​ ​ပြောပါတယ်။

“ကျ​နော်တို့​ ​ပြောတုန်း​က ၃ ​ထောင်ဆိုပြီး​ ​ပြောတာ​လေ။ တကယ်ရတဲ့​ လူ​တွေကို ​မေး​ကြည့်​တော့​ ၂ ​ထောင်ပဲ ရတယ်။ သူတို့​ ​ကောက်သွား​တဲ့​ ပိုက်ဆံ​တွေ ရှိတယ်​လေ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​က​နေပြီး​တော့​ ​ပေး​တာ။”

ဧရာဝတီတိုင်း​အတွင်း​မှာ လယ်ဧက​သောင်း​ချီ ​ရေမြုပ်​နေသလို ရခိုင်ပြည်နယ် ဘက်က မြို့​နယ်တချို့​မှာလည်း​ ​ရေနစ်မြုပ်​နေတယ်လို့​ ရခိုင်ပြည်နယ် စစ်​တွေမြို့​က ရပ်မိရပ်ဖ တဦး​က အခုလို ​ပြောပါတယ်။

“ပုဏ္ဏား​ကျွန်း​၊​ ​ကျောက်ဒို၊​ ​မြောက်ဦး​ဘက်မှာ ​တော်​တော်​လေး​ကို ​ရေကြီး​နေတယ်။ ​ကျောက်ဒိုနဲ့​ ​မြောက်ဦး​ကြား​မှာ ဆိုလို့​ရှိရင် မဟာမြတ်မုနိ ဘုရား​မှာ ​တော်​တော်​လေး​ကို အဲဒီလမ်း​တွေမှာ ​ရေလွှမ်း​မိုး​နေတယ်။ ထမင်း​တောင် သွား​ပို့​ရတယ်လို့​ ကျ​နော်​တော့​ အဲဒီလို ကြား​ရတယ်​လေ။ ​မြောက်ဦး​မြို့​နယ် ဘက်မှာလည်း​ ဆိုး​နေတယ်။ မင်း​ပြား​ ဆိုရင်လည်း​ ​ရေလွှမ်း​မိုး​နေတယ်။ စစ်​တွေမြို့​မှာ လည်း​ မိုး​ကြီး​တာ ၅ ရက်​လောက် ရှိသွား​ပြီဗျ။”

အဲဒီ ​ရေနစ်မြုပ်တဲ့​ ​ဒေသက လယ်ကွင်း​တွေရဲ့​ အ​ခြေအ​နေကိုလည်း​ သူက အခုလို ​ပြောပါတယ်။

“လယ်က​တော့​ တချို့​ဟာ​တွေကလည်း​ စိုက်ပြီး​သွား​ပြီ တချို့​ဟာ​တွေကလည်း​ မစိုက်ရ​သေး​ဘူး​လေ။ အဲဒီအချိန်အခါမှာကျ​တော့​ ကျ​နော်တို့​ ​တောင်သူလယ် သမား​တွေက အကုန်လုံး​ ရပ်ထား​ရတာ​ပေါ့​ဗျာ။ ​ရေကြီး​နေ​တော့​ ဘယ်လိုမှ ထွန်လို့​ မရဘူး​။ တချို့​တချို့​ ကန်သင်း​ရိုး​တွေ​တောင် မမြင်ရဘူး​ အဲဒီလို ဖြစ်​နေတယ်။ ဘာမှာ အာဏာပိုင်အဖွဲ့​အစည်း​တွေကလည်း​ လှည့်​မကြည့်​ဘူး​။”

 

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013