DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမား​များ​ အလုပ်ရှင်​ပြောင်း​ခွင့်​မရှိ​ကြောင်း​ ထိုင်း​အစိုး​ရ​ကြေညာ
DVB
·
July 21, 2011
မြန်မာအလုပ်သမား​များ​ အလုပ်ရှင်​ပြောင်း​ခွင့်​မရှိ​ကြောင်း​ ထိုင်း​အစိုး​ရ​ကြေညာ
Donate to DVB

[caption id="attachment_13047" align="alignleft" width="310" caption="မစ္စတာ စူရဖုန်း​ ​ကောင်ကျန်ထိ"][/caption]

ထိုင်း​နိုင်ငံမှာ မြန်မာ​တွေအပါအဝင် ယာယီနိုင်ငံကူး​လက်မှတ်နဲ့​ အလုပ်လုပ်ခွင့်​ ပြုထား​သူအား​လုံး​ အလုပ်ရှင်​ပြောင်း​လဲလုပ်ကိုင်ခွင့်​ မရှိ​တော့​ဘူး​လို့​ ထိုင်း​အလုပ်သမား​ဝန်ကြီး​ဌာနက မ​နေ့​က ​ကြေညာလိုက်ပါတယ်။

မြန်မာအလုပ်သမား​တွေအလုပ်ရှင်​ပြောင်း​ရင် ထုတ်​ပေး​ထား​တဲ့​ အလုပ်သမား​ မှတ်ပုံတင်​တွေ အလိုအ​လျောက်ပျက်ပျယ်သွား​ပြီး​ တရား​မဝင် အလုပ်သမား​အဖြစ်ကို ​ရောက်သွား​မယ်လို့​ ထိုင်း​နိုင်ငံအလုပ်သမား​ဝန်ကြီး​ဌာနရဲ့​ ​ကြေညာချက်မှာ ​ဖော်ပြထား​ပါတယ်။

ခရိုင်အသီး​သီး​က အလုပ်ရှင်​တွေရဲ ဝိုင်း​ဝန်း​တောင်း​ဆိုချက်ကို ဝန်ကြီး​ဌာနက လိုက်​လျောလိုက်တာ ဖြစ်ပါတယ်။

ဇူလိုင်လယ် အလုပ်သမား​ မှတ်ပုံတင်​ပေး​တဲ့​ အစီအစဉ်ပြီး​တဲ့​နောက် ​ရွှေ့​ပြောင်း​ အလုပ်သမား​တွေဟာ လုပ်အား​ခ ပိုရတဲ့​နေရာ​တွေကို ​ပြောင်း​သွား​ကြတဲ့​အတွက် ခရိုင်က လုပ်ငန်း​တွေမှာ လုပ်အား​ပြတ်လပ်မှု​တွေ အထူး​သဖြင့်​ ​ရေလုပ်ငန်း​တွေမှာ ဖြစ်လာပြီး​တဲ့​နောက် ခရိုင်အလုပ်ရှင်​တွေ အစည်း​အ​ဝေး​တခုကို ဇူလိုင် ၁၉ ရက် ​နေ့​က ကျင်း​ပပြီး​ တောင်း​ဆိုခဲ့​ကြတာ ဖြစ်ပါတယ်။

ထိုင်း​အလုပ်သမား​ဥပ​ဒေ မူလရှိရင်း​စွဲအရလည်း​ အလုပ်​ပြောင်း​ခွင့်​ကို အလုပ်သမား​ဘက်က သက်ဆိုင်ရာရဲ့​ ခွင့်​ပြုချက်ရမှ ​ပြောင်း​ရတဲ့​စနစ် ရှိထား​ပြီး​ အခု ထုတ်ပြန်ချက်ကို ပိုမိုတင်း​ကျပ်မှုအဖြစ် အလုပ်သမား​ အခွင့်​အ​ရေး​ ​ဆောင်ရွက်သူ​တွေက မြင်ပါတယ်။

ဒီအ​ခြေအ​နေ​တွေနဲ့​ပတ်သက်လို့​ ထိုင်း​ရှေ့​နေများ​ကောင်စီရဲ့​ ​ကော်မတီဝင် မစ္စတာ စူရဖုန်း​ ​ကောင်ကျန်ထိက "အလုပ်သမား​ဝန်ကြီး​ဌာနရဲ့​ အယူအဆဟာ မှား​နေတယ်။ အလုပ်ရှင်​တွေရဲ့​ ​တောင်း​ဆိုချက်ကို လိုက်​လျောပြီး​ ခုလို ချမှတ်လိုက်တဲ့​ ဥပ​ဒေ​တွေဟာ ဥပ​ဒေ​ရေး​ရာ အ​ခြေခံစည်း​မျဉ်း​တွေနဲ့​ရော၊​ လူ့​အခွင့်​အ​ရေး​အ​ခြေခံမူ​တွေနဲ့​ရော၊​ နိုင်ငံတကာစည်း​မျဉ်း​ဥပ​ဒေ​တွေနဲ့​ရော မကိုက်ညီတဲ့​အပြင် ထိုင်း​နိုင်ငံရဲ့​ဖွဲ့​စည်း​အုပ်ချုပ်ပုံ ဥပ​ဒေနဲ့​ပါ ဆန့်​ကျင်​နေတယ်။ ဒါကိုပြင်ရမယ်။ အဲလိုပြင်ဖို့​ အဖွဲ့​အစည်း​ အသီး​သီး​က ​တောင်း​ဆိုနိုင်တယ်။ ကျ​နော်က​တော့​ ထိုင်း​ရှေ့​နေများ​ကောင်စီအ​နေနဲ့​ဒီကိစ္စကိုစလုပ်သွား​မယ်" လို့​ ​ပြောပါတယ်။

ထိုင်း​တောင်ပိုင်း​မှာ မြန်မာအလုပ်သမား​ရေး​ ကူညီ​နေတဲ့​ ပညာ​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​ ​ဖောင်​ဒေး​ရှင်း​က ဒါရိုက်တာ ဦး​ထူး​ချစ်က​တော့​ “အလုပ်သမား​တွေ အ​နေနဲ့​က ဘယ်လမ်း​ကို ​ရွေး​လဲဆို​တော့​ အများ​အား​ဖြင့်​ သူတို့​ တကယ်အလုပ်လုပ်တဲ့​ အလုပ်ရှင်နဲ့​ မှတ်ပုံမတင်ဘဲနဲ့​ လွယ်လွယ်ကူကူ ​ပြောင်း​လို့​ရ​အောင် သာမန်ထိုင်း​ပြည်သူ​တွေရဲ့​ အကူအညီနဲ့​ ပွဲစား​ ပဲ ​ခေါ်ရမှာ​ပေါ့​နော် သူတို့​ကို ပိုက်ဆံ​ပေး​ပြီး​တော့​ မှတ်ပုံတင်တာမျိုး​တွေ ကျ​နော်တို့​ ​တွေ့​ရတယ်” လို့​ ​ပြောပါတယ်။

ထိုင်း​နိုင်ငံမှာ မြန်မာနိုင်ငံက ​ရွှေ့​ပြောင်း​အလုပ်သမား​တွေဟာ ခြံလုပ်ငန်း​၊​ ​ဆောက်လုပ်​ရေး​နဲ့​ ​ရေလုပ်ငန်း​တွေမှာ သန်း​ချီ အလုပ်လုပ်ကိုင်​နေကြပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013