DVB Logo
Home
မြန်မာသတင်း
ဒီ​ကေဘီ​အေစခန်း​ကို နယ်ခြား​စောင့်​တပ်နှင့်​အစိုး​ရတပ် ပူး​ပေါင်း​ထိုး​စစ်ဆင်
DVB
·
July 21, 2011
ဒီ​ကေဘီ​အေစခန်း​ကို နယ်ခြား​စောင့်​တပ်နှင့်​အစိုး​ရတပ် ပူး​ပေါင်း​ထိုး​စစ်ဆင်
Donate to DVB

ကရင်ပြည်နယ် လှိုင်း​ဘွဲ့​မြို့​နယ် မြိုင်ကြီး​ငူအ​ခြေစိုက် ဒီ​ကေဘီ​အေတပ်စခန်း​ကို နယ်ခြား​စောင့်​တပ်နဲ့​အစိုး​ရတပ်တို့​ ပူး​ပေါင်း​ပြီး​ ထိုး​စစ်စဉ်ခဲ့​ပါတယ်။

မ​နေ့​ကစပြီး​ မြိုင်ကြီး​ငူရဲ့​အ​ရှေ့​ဘက် ၅ မိုင်အကွာ ဝါကလယ်​တောင်မှာ ရှိတဲ့​ ဒီ​ကေဘီ​အေ တပ်စခန်း​ကို ဗိုလ်ချုပ်ဖား​နွံဦး​ဆောင်တဲ့​ နယ်ခြား​စောင်တပ်နဲ့​ အစိုး​ရတပ် ပူး​ပေါင်း​အင်အား​ ၁၀၀ ​ကျော်က ထိုး​စစ်ဆင်တာဖြစ်ပါတယ်။

မ​နေ့​ ည​နေ ၄ နာရီကစပြီး​ လက်နက်ကြီး​တွေနဲ့​ ပစ်ခတ်ခဲ့​ပြီး​ ဒီ​နေ့​ ​နေ့​ခင်း​အထိ ကြိုး​ကြား​ကြိုး​ကြား​ လက်နက်ငယ်​တွေနဲ့​ ပစ်ခတ်မှုဖြစ်ပွား​နေတယ်လို့​ မြိုင်ကြီး​ငူ ​ဒေသခံတဦး​က ​ပြောပါတယ်။

“မ​နေ့​ည​နေ ၄ နာရီ​လောက်မှာ ဒီ​ကေဘီ​အေ ​နေရာယူထား​တဲ့​ ဝါကလယ်​တောင်မှာ ဘီဒီအက်ဖ်အဖွဲ့​က ဦး​ဖား​နွံဦး​ဆောင်တဲ့​ အဖွဲ့​က လက်နက်ကြီး​တွေနဲ့​ ပစ်တယ်၊​ အခု ​လော​လောဆယ် သူတို့​ ပစ်တုန်း​ပဲ။ ဒါ​ပေမယ့်​ လက်နက်ကြီး​တော့​ မပါ​တော့​ဘူး​ အခု လက်နက်ငယ်။ မြိုင်ကြီး​ငူ ဒီဘက် ၅ မိုင်​လောက် အကွာမှာ နှုတ်ခမ်း​မွေး​တပ်က မဟုတ်ဘူး​လေ၊​ စိုး​စိုး​တို့​ အဖွဲ့​က။ အဲဒီမှာ သူတို့​ ​နေရာယူထား​တယ်​လေ ဝါကလယ်​တောင်မှာ။ အဲဒါ အခု သူတို့​က စခန်း​တက်ရှင်း​တာ​ပေါ့​။ စစ်တပ်နဲ့​ ဘီဒီအက်ဖ် ​ပေါင်း​ပြီး​တော့​ ဝါကလယ်စခန်း​ကို တက်တယ်။”

အဆိုပါ ဝါကလယ်​တောင်မှာ နယ်ခြား​စောင့်​တပ်က​နေ ခွဲထွက်ခဲ့​တဲ့​ ဗိုလ်မှူး​ကြီူး​ ပိုဘိရဲ့​ လက်​အောက်ခံ တပ်ဖွဲ့​တွေ အ​ခြေချထား​တဲ့​နေရာဖြစ်ပါတယ်။

ပြီး​ခဲ့​တဲ့​ ​မေလကုန်ပိုင်း​က မြိုင်ကြီး​ငူအ​ခြေစိုက် နယ်ခြား​စောင့်​တပ် အမှတ် ၁၀၁၂ တပ်က ဗိုလ်မှူး​ကြီး​ ပိုဘိ ဦး​ဆောင်တဲ့​ အဖွဲ့​ဟာ မြိုင်ကြီး​ငူ​ဒေသကို တပ်အင် အား​နဲ့​ဝိုင်း​ခဲ့​ပြီး​ ဇွန်လလယ်ပိုင်း​ကစပြီး​ မြိုင်ကြီး​ငူရှိ နယ်ခြား​စောင့်​တပ်အား​လုံး​ ဒီ​ကေဘီ​အေတံဆိပ် ပြန်လည်တပ်ဆင်ခဲ့​ပါတယ်။

မြိုင်ကြီး​ငူမှာရှိတဲ့​ နယ်ခြား​စောင်တပ်​တွေ ဒီ​ကေဘီ​အေ တံဆိပ်ပြန်တပ်ပြီး​ နယ်ခြား​စောင့်​လက်မခံခဲ့​တဲ့​ ဗိုလ်မှူး​ချုပ် နှုတ်ခမ်း​မွေး​ (​ခေါ်) ​စောလဘွယ်အဖွဲ့​နဲ့​ ပူး​ပေါင်း​လိုက်ပြီး​ ​နောက်ပိုင်း​ သူတို့​ကို ထိုး​စစ်ဆင်ဖို့​ အစိုး​ရတပ်က စစ်​ကြောင်း​ထိုး​ခဲ့​ပါတယ်။

ဒါ့​အပြင် ကျန်ရှိ​နေတဲ့​ နယ်ခြား​စောင်တပ်​တွေကလည်း​ အစိုး​ရတပ်နဲ့​အတူ ပူး​ပေါင်း​ထိုး​စစ်ဆင်ဖို့​ ပြင်ဆင်ခဲ့​ပြီး​ မ​နေ့​က​တော့​ စတင်ပြစ်ခတ်မှု ဖြစ်ပွား​ခဲ့​တာ ဖြစ်ပါတယ်။ နှစ်ဘက် ထိခိုက်ကျဆုံး​မှု အ​သေး​စိတ်ကို​တော့​ မသိရ​သေး​ပါဘူး​။

အလား​တူ မြဝတီမြို့​ရဲ့​ အ​ရှေ့​တောင်ဘက် ၃ မိုင်​လောက်ကွာမှာရှိတဲ့​ ဒီ​ကေဘီ​အေ အ​ခြေချစခန်း​ကိုလည်း​ အစိုး​ရတပ်က လက်နက်ကြီး​တွေနဲ့​ ပစ်ခတ်တဲ့​အတွက် တိုက်ပွဲဖြစ်ပွား​ခဲ့​ပါတယ်။ ဒီတိုက်ပွဲအတွင်း​ အစိုး​ရတပ်ဘက် ၁၀ ဦး​ထက်မနည်း​ ကျဆုံး​တယ်လို့​လည်း​ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013